top of page
Search

LOL:Wild Rift - Guide to Roles and Champions

  • Ko Boo
  • Nov 22, 2020
  • 2 min read

Wild Rift ရဲ့ Champion တွေဟာ စဆော့ကစားမယ့် သူတွေအတွက် ဘယ်သူက ဘယ် Lane ကို သွားရမလဲဆိုတာ မသိလို့ ဝေခွဲရခက်တာမျိူးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ဒီနေ့ Post မှာတော့ လက်ရှိ Wild Rift Champion (၄၈) ကောင်စလုံးရဲ့ နေထိုင်နိုင်တဲ့ Lane တွေ အကြောင်းကို တစ်ပုံခြင်းစီ အသေးစိတ် ရှင်းပြထားပါတယ်။


Solo (Baron Lane)

ree



Top Lane Champion များအနေနဲ့ အထိုက်အလျောက် Durable ဖြစ်ပြီး Damage ကောင်းသော Champion များကို ရွေးချယ်လေ့ရှိပါတယ်။ လက်ရှိ Wild Rift မှာ ရရှိနိုင်တဲ့ Champion အရေအတွက်ဟာ နည်းပါးတဲ့အတွက် ဒီ List ထဲမှာ Swaim, Mordekaiser, Maokai တို့လို AP TANK Mage Champion များ၊ Kennan, Teemo တို့လို AP Marksman Champion များနဲ့ Quinn ကဲ့သို့ AD Marksman Champion များကိုတော့ ဒီ List ထဲမှာ ထည့်သွင်းထားနိုင်ခြင်း မရှိသေးပါဘူး။


Top Lane Champion များဟာ Jungle, Mid တိုရဲ့ ရွေးချယ်ထားတဲ့ Hero ကို လိုက်ပြီး အသင်းအတွက် လိုအပ်တဲ့ Role ကို ဖြည့်ပေးနိုင်တဲ့ Champion များဖြစ်သလို Game မှာ Farming Space အရဆုံး Champion လို့လည်း ပြောလို့ရပါတယ်။ ဒါ့ကြောင့် Solo ဖြစ်တဲ့ Baron Lane Champion များဟာ Flexible အကျဆုံး Role လု့ိ ပြောလို့ရပါတယ်။


Jungle

ree

Jungle ဟာ League of Legends ရဲ့ အသက်ဖြစ်ပါတယ်။ Early Game မှာကတည်းက Objective ကောင်းကောင်းယူနိုင်ပြီး Enemy Team ကို Ganking လုပ်ကာ ကောင်းကောင်း Kill နိုင်တာနဲ့အမျှ Snowballing ဖြစ်ပြီး နိုင်ပွဲရရှိစေမယ့် လမ်းကြောင်းပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်။ Jungle Champion များဟာ Enemy နားကို ရုတ်တရက် ရောက်သွားနိုင်တဲ့ Ability များပါဝင်လေ့ရှိပြီး အထိုက်အလျောက် Crowd Control ကောင်းကောင်း Ability များလည်း ပါဝင်ပါတယ်။ ဒါပေမယ့် Master Yi ကဲ့သို့ Late Game အထိ Farming ပြုလုပ်ပြီး ကစားတဲ့ Fighter Jungler များရှိသလို AP Ability များနဲ့ တိုက်ခိုက်တဲ့ AP Mage Jungler များလည်း Wild Rift မှာ ပါဝင်လာဖို့ အများကြီး ကျန်ရှိပါသေးတယ်။



Mid


ree

များသောအားဖြင့် Assassin Champion များဟာ High Skill Champion များဖြစ်ပါတယ်။ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် Damage အမြောက်အများဖြင့် တိုက်ခိုက်နိုင်ပေမယ့် လုံလောက်တဲ့ ကျွမ်းကျင်မှု မရှိတဲ့ အခါ အသုံးဝင်မှု လွန်စွာ အားနည်းသော Champion များလည်းဖြစ်ပါတယ်။ ဒါကြောင့် Zed, Akali, Yasuo တို့လို့ Assassin Champion များဟာ ကျွမ်းကျင်စွာ ဆော့ကစားတက်လေလေ တစ်ဖက်အသင်းကို ဒုက္ခပေးလေလေဖြစ်ပေမယ့် Champion အလိုက် နားမလည်ဘဲ ဆော့ စဆော့မယ်ဆိုရင်တော့ Champion တစ်ကောင် ပုတ်တယ်လို့ ပြောရလောက်တဲ့အထိ Skill Bracket ကွာဟမှု ကြီးမားတဲ့ Champion များလည်း ဖြစ်ပါတယ်။


ဒါကြောင့် မိမိက Mid Lane ကို ဆော့ကြည့်မယ်ဆိုရင် Difficulty နည်းတဲ့ Mage Champion များကို ရွေးချယ်သင့်ပြီး အသင်းအတွက် အထောက်အကူဖြစ်အောင် ဆော့ကစားတာပိုကောင်းပါတယ်။ ဒီ Wild Rift မှာ ယေဘုယျကျတဲ့ ရွေးချယ်မှုများကိုသာ ဖော်ပြထားပေမယ့် Vayne, Lucian တို့လို့ Marksman များဟာလည်း Mid ကို လာနိုင်သလို၊ Garen, Nasus, Darius တို့လို Tank Champion များအနေနဲ့လည်း လိုအပ်ရင် လိုအပ်သလို Mid မှာ ဆော့ကစားနိုင်ပါလိမ့်မယ်။


ADC (Duo Lane)

ree

ADC (Attack Damage Champion) များကတော့ Item အလုံအလောက် မရှိရင် အသုံးမဝင်တဲ့ Champion Role လို့ ပြောလို့ရပါတယ်။ ဒါကြောင့် Late Game မှာ အသုံးဝင်သလောက် Early Game မှာ Farming Space ကောင်းကောင်း ရဖို့ Support Champion တစ်ကောင်ရဲ့ အကူအညီကို လိုအပ်ပါတယ်။ Duo Lane ဟာ များသောအားဖြင့် Dragon Pit နဲ့ နီးတဲ့အပြင် တစ်ဖက် Jungle Champion ရဲ့ Target အထားခံရဆုံး Lane ဖြစ်လို့ နေတက်ထိုင်တက်ဖို့ အလိုဆုံး Champion တွေလို့ ပြောလို့ရပါတယ်။


များသောအားဖြင့် Late Game မှာ Damage ထွက်ဖို့ Item ၄ ကွက်လောက် အနည်းဆုံးလိုအပ်ပြီး Range Carry Champion များသာ အဖြစ်များပေမယ့် အသင်းနဲ့တွဲဖက်ပြီး သုံးဖို့ Yasuo ကဲ့သို့ Assassin Champion အချိူ့ကိုလည်း ချွင်းချက်ဖြင့် ကစားနိုင်ပါတယ်။



Support (Duo Lane)

ree

League of Legends ရဲ့ Support Champion များဟာ တော်တော်လေး Strong ဖြစ်တဲ့ ဖွဲ့စည်းပုံတွေနဲ့ ဖန်တီးထားတာကို တွေ့ရမှာပါ။ များသောအားဖြင့် Tank Support များကို လူကြိုက်များကြပြီး၊ Ap Damage Mage များကိုလည်း Support အဖြစ် ကစားနိုင်ပါတယ်။ AP Support Mage များဟာ Fake Support များဖြစ်ပြီး Late Game မှာလည်း Damage အမြောက်အများ ထွက်နိုင်ပါသေးတယ်။


Support Champion များအနေနဲ့ Healer/ Protector များကိုလည်း ယေဘုယျ ရွေးချယ်ကြပြီး Wild Rift မှာတော့ Janna, Nami, Soraka တို့ကို Lane Support Champion အဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် Damage စားပေးမယ့် Champion ဟာ အသင်းအတွက် လိုအပ်လေ့ရှိတာကြောင့် သင့်ရဲ့ Top Lane နဲ့ Jungle Champion ရဲ့ ကြံ့ခိုင်မှုကို ကြည့်ပြီး သင့်အနေနဲ့ Tank Support ကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။




 
 
 

Comments


bottom of page