top of page
Search

Akali : The Rogue Assassin - Back Story & Gameplay Suggestion

  • Ko Boo
  • Nov 24, 2020
  • 9 min read

Akali ဟာ Wild Rift မှာ K/DA event နဲ့အတူ ဝယ်ယူကစားခွင့်ရှိတဲ့ Assassin Champion တစ်ယောက်ဖြစ်ပါတယ်။ Akali ရဲ့ နာမည်ကိုက the Rogue Assassin ဖြစ်သလို သူကိုယ်တိုင်ကလည်း Assassin play style နဲ့သာလျှင် အလိုက်ဖက်ဆုံးဖြစ်တယ်ဆိုတာကို ဦးစွာလက်ခံထားဖို့ လိုပါတယ်။ Assassin Champion အများစုဟာ Ultimate ရရှိတဲ့အချိန်မှာ Power Spike အစပြုလေ့ရှိသလို Akali ဟာလည်း Lvl 3 မှာ Trade ဖို့ အကောင်းဆုံးဖြစ်သလို Ultimate ရရှိတဲ့အချိန်ကနေ စပြီး Power spike အကောင်းဆုံးအချိန်ကို ရောက်ရှိမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် Akali ဟာ Experience ကောင်းကောင်း ရရှိနိုင်တဲ့ Mid Lane မှာကစားဖို့ အသင့်တော်ဆုံးဖြစ်ပြီး အခြေအနေအရ Baron Lane Solo အနေနဲ့လည်း ကစားနိုင်ပါတယ်။ Crowd Control Ability မပါဝင်တဲ့ အတွက်ကြောင့် Akali ဟာ Support/ Jungle role တို့ကို ရွေးချယ်ဖို့ မသင့်တော်တဲ့ Champion လည်းဖြစ်ပါတယ်။


Akali ဟာ Hybric Assassin အမျိူးအစားဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ကို AD assassin အဖြစ် မကစားပါဘူး။ သူမရဲ့ Damage သတ်ရောက်တဲ့ Ability အားလုံးဟာ AD ရော AP ကိုပါ အချိူးကျ Damage သတ်ရောက်တဲ့အတွက် Hybric item build နဲ့ ကစားလို့ ရနိုင်ပေမယ့် AP တစ်မျိူးတည်းကို အသားပေး item ဆက်ပြီး ကစားရင်လည်း သူမကို အလွန် Strong တဲ့ Champion တစ်ကောင်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘာကြောင့် AP akali play style ကို ဦးစားပေးရလဲဆိုတာကို နောက်ပိုင်းမှာ ဖော်ပြပေးသွားပါမယ်။


ဒါ့အပြင် Akali ဟာ Energy Type Champion ဖြစ်ပါတယ်။ Mana အသုံးပြုတဲ့ Champion မဟုတ်လို့ Mana item တွေကို ရှောင်ပြီး စဉ်းစားနိုင်သလို မိမိရဲ့ Mana ကို ကောင်းကောင်းအသုံးချတက်ရင် အကျိူးရှိသလောက် Mana မတွက်မဆဘဲ သုံးပြန်ရင်လည်း Team Fight ကြားမှာ လုပ်ကွက်မရှိဘဲ လွယ်လွယ်အသက်ပျောက်သွားနိုင်တဲ့ Glass Canon Champion တစ်ကောင်ဆိုတာကိုလည်း လက်ခံထားဖို့ လိုအပ်ပါတယ်။




Backstory


Ionia ဟာ အရိုင်းဆန်တဲ့ မှော်ပညာတွေနဲ့ လွှမ်းခြုံထားတဲ့ နယ်မြေတစ်ခုပါ။ ထူးခြားတက်ကြွတဲ့ ပြည်သူတွေ နဲ့ အင်အားကြီး Spirit တွေ အတူ ယှဉ်တွဲ နေထိုင်နေကြပေမယ့် ဒီလိုငြိမ်းချမ်းမှုဟာ အလွယ်တကူတော့ ရနိုင်တာမဟုတ်ပါဘူး။

ဒီနယ်မြေကို ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ထောင်ခဲ့သူတွေဖြစ်တဲ့ Kinkou တွေဟာ Ionia ရဲ့ sacred balance ကို ထိန်းသိမ်းဖို့ ကိုယ်တိုင်ခန့်အပ်ထားတဲ့ keepers တွေပဲ ဖြစ်ပါတယ်။ Kinkou တွေရဲ့ သစ္စာခံ acolytes တွေဟာ spirit နဲ့ material realm တွေမှာ ကျက်စားပြီး သူတို့ကြားက ပြဿနာတွေကို လိုအပ်ရင် အင်အားသုံးပြီး ဖြေရှင်းပေးကြပါတယ်။ သူတို့တွေကြားမှာ မွေးဖွားလာတာကတော့ နာမည်ကြီး Fist of Shadow - Mayym Jhomen Tethi ရဲ့ သမီးဖြစ်တဲ့ Akali ပါပဲ။ Mayym နဲ့ သူ့လက်တွဲဖော် Tahno ဟာ Akali ကို The Eye of Twilight - Great Master Kusho ရဲ့ စေ့စပ်တဲ့ ခေါင်းဆောင်မှုအောက်မှာရှိတဲ့ Kinkou Order အတွင်းမှာပဲ ကြီးပြင်းစေခဲ့ပါတယ်။

မိဘတွေ အဝေးရောက်နေတဲ့အချိန်တွေမှာ Akali ကို Kinkou Order (Kinkou တို့ရဲ့ ခေါင်းဆောင်အဖွဲ့အစည်း) ရဲ့ တခြား အဖွဲ့ဝင်တွေက မိသားစုအဖြစ် အစားဝင်ပြီး စောင့်ရှောက်ပေးခဲ့ကြပါတယ်။ The Heart of the Tempest - Kennen ဟာ Akali ကို အားအင်ထက် လျင်မြန်မှုနဲ့ သွက်လက်မှုကို အလေးပေးတဲ့ Shuriken techniques တွေကိုသင်ကြားပေးခဲ့တဲ့အတွက် Akari ဟာ အရွယ်နဲ့မလိုက်အောင် ထူးချွန်လာခဲ့ပါတယ်။

သူ့မိဘတွေရဲ့ ခြေရာအတိုင်း Great Masterရဲ့ သား ဖြစ်တဲ့အပြင် ဆက်ခံသူလည်း ဖြစ်တဲ့ Shen နဲ့အတူ Ionia ရဲ့ balance ကို ထိန်းသိမ်းဖို့အတွက် generation အသစ်ကိုဦးဆောင်လာပါတယ်။

ဒါပေမယ့် Balance ဟာ တင်္ဒဂပါပဲ။ Kinkou order စတင်ပြိုကွဲပါတော့တယ်။

သိုးမည်း Acolyte တစ်ယောက်ဖြစ်တဲ့ Zed ပြန်လာပြီး Kusho နဲ့ အင်အားချင်း ယှဉ်ပြိုင်တဲ့အခါ သွေးစွန်းတဲ့တိုက်ပွဲတွေ ဖြစ်ပေါ်လာပါတော့တယ်။ တိုက်ပွဲမှာ Kusho နဲ့ Tahno တို့ ကို ဆုံးရှုံးခဲ့ရပြီး Akali က Mayym၊ Shen, Kennen နဲ့ တခြား acolyte တွေနဲ့အတူ Eastern Mountain တွေကို ထွက်ပြေးခဲ့ပါတယ်။

Zed ရဲ့ Kinkou ကနေ စာနာမှုကင်းမဲ့တဲ့ Order of Shadow ထဲကို ပြောင်းလဲမှုဟာ ပြီးလုနီးပါးဖြစ်နေပါပြီ။ ဒါပေမယ့် Eye of Twilight အသစ်အနေနဲ့ Shen ဟာ ပျက်စီးသွားတဲ့ Order ကို ပြန်တည်ဆောက်ချင်တဲ့အတွက် Kinkou ရဲ့ အဓိက အခြေခံ philosophy 3 ခု ဖြစ်တဲ့-

The pure impartiality of Watching the Stars

The passage of judgement in Coursing the Sun

The elimination of imbalance by Pruning the Tree တို့ကို ပြန်လည် ဖော်ဆောင်ခဲ့ပါတယ်။

အခုအချိန်မှာ လူ အနည်းငယ်ပဲ ကျန်တော့ပေမယ့် neophyte တွေကို ပြန် Trainပြီး Kinkou ရဲ့ လူအင်အားကို ပြန်လည်ဖြည့်တင်းဖို့ ရည်ရွယ်ခဲ့ပါတယ်။

Akali အသက် (၁၄) နှစ် အရွယ်ရောက်တဲ့အခါမှာတော့ Fist of shadow အသစ်အနေနဲ့ သူမ အမေရဲ့ ခြေရာ နင်းနိုင်ဖို့အတွက် Kinkou training ကို ဝင်ရောက်ခဲ့ပါတယ်။

Akali ဟာ အံသြစရာကောင်းတဲ့ fighter တစ်ယောက်ဖြစ်ပြီး လက်ကိုင် တံစဉ်နဲ့ ဓားမြှောင်ပစ်တဲ့ ပညာဖြစ်တဲ့ kana နဲ့ kunai ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပါတယ်။ တခြား acolytes တွေလို magical စွမ်းရည်တွေ မပိုင်ဆိုင်ပေမယ့် fist of shadow ဆိုတဲ့ title နဲ့ ထိုက်တန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Akali ရဲ့ soul ကတော့ အနားမယူနိုင်ဘဲ မျက်စိနဲ့ နားကို အမြဲဖွင့်ထားခဲ့ပါတယ်။ Ionia တို့ရဲ့ နယ်မြေကို Noxian တို့ရဲ့ ကျူးကျော်တိုက်ခိုက်မှု ခံရပြီးနောက်ပိုင်းမှာ Ionia ဘက်မှ Kinkou order နဲ့ Noxian ဘက်မှ Order of shadow ဟာ သဘောတူညီမှုယူခဲ့တဲ့အတွက် ခဏတာ ငြိမ်းချမ်းနေပေမယ့် တကယ်အထိနာခဲ့ရတာကတော့ ဇာတိမြေ Ionia ဖြစ်နေရတာကို Akali အနေနဲ့ ရင်နာနေခဲ့ပါတယ်။ သူမက ဒီသဘောတူညီချက်ဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ မယုံကြည်ပါဘူး။ အဓိက အခြေခံ philosophy 3 ခုထဲက Pruning the tree ရဲ့ အဓိပ္ပါယ်အတိုင်း Kinkou ရဲ့ sacred balance ကို ခြိမ်းခြောက်လာတဲ့လူမှန်သမျှကို သုတ်သင်ပစ်ဖို့ ရည်ရွယ်ပါတယ်။

ဒါပေမယ့် Shen ကတော့ သဘောမတူပါဘူး။ Akali ကို ဆွဲထားခဲ့ပါတယ်။ Mantras တွေနဲ့ meditation တွေဟာ သူမရဲ့ စိတ်ကို တည်ငြိမ်စေပေမယ့် ရန်သူတွေကိုတော့ အနိုင်မယူနိုင်ပါဘူး။ ဒီအချိန်မှာ သူမရဲ့ အရွယ်နဲ့မလိုက်တဲ့ ထူးချွန်မှုဟာ တော်လှန်မှုအဖြစ် ပြောင်းလဲသွားပြီး Ionia ရဲ့ ရန်သူတွေကို သူမရဲ့နည်းလမ်းအတိုင်း သုတ်သင်ပါတော့တယ်။

Akali က Kinkou order တစ်ခုလုံးရဲ့ရှေ့မှာ spiritual balance နဲ့ patience ဟာ တကယ်လက်တွေ့မှာ မအောင်မြင်နိုင်ကြောင်း၊ သူမဟာ Ionian တွေ သေဆုံးနေကြတဲ့ Material realm ကို ကာကွယ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမဟာ assassin အဖြစ် လေ့ကျင့်ခဲ့ပြီးတော့ Order ကနေ ခွဲထွက်ပြီး Assassin အနေနဲ့ပဲ တစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Shen ကလည်း Akali ကို မတားဘဲ သွားခွင့်ပြုခဲ့ပါတယ်။ ဒီလမ်းဟာ Akali ကိုယ်တိုင်လျှောက်ရမယ့်လမ်းပါ။ ဒီလမ်းဟာပဲ Akali ကို order ကို ပြန်ရောက်လာစေမလား ဆိုတာကတော့ Akali ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါပဲ။



Runes


Rune အနေနဲ့ ရွေးချယ်စရာ ဥပမာ (၂) မျိူးကို ဖော်ပြထားပါတယ်။

တစ်မျိူးကတော့ Assassin အပြည့်အဝ play style အတွက် ကိုယ်စားပြုပြီး ဒုတိယတစ်မျိူးကတော့ Alternate version Assassin အဖြစ်နဲ့ ရွေးချယ်နိုင်ပါတယ်။


ပထမ Rune Setup အရ

Keystone Rune:

Electrocute : 3 seconds အတွင်း Enemy Champion ကို Attack or Ability (3) ခု ပေးပြီးတဲ့အခါမှာ Extra Damage (မိုးကြိုး) တစ်ခု သတ်ရောက်ပါတယ်။ Assassin Champion တွေ အကြိုက်ဆုံး Rune တွေထဲက တစ်ခုဖြစ်ပါတယ်။ Wild Rift မှာတော့ Electrocute Rune ဟာ AD ratio ပိုများတဲ့အတွက် Zed တို့လို AD assassin တွေအတွက် ပိုပြီး အသုံးဝင်ပါတယ်။ ဒါပေမယ့် Akali အနေနဲ့လည်း အသုံးဝင်တဲ့ Rune တစ်ခုပါ။


Domination Rune:

Brutal: Champion အလိုက် AD or AP peneration ရရှိမှာပါ။ Akali ဟာ AP build အတိုင်းဆော့မယ်ဆိုရင် Magic Peneration ရရှိမှာဖြစ်လို့ Electrocute နဲ့ တွဲသုံးဖို့ သင့်တော်ပါတယ်။


Resolve Rune:

Hunter Titan: Akali Player အများစုက ဒီနေရာမှာ Backbone Rune ကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ Hunter Titan Rune ကို ပိုသဘောကျပါတယ်။ Akali ဟာ Melee Assassin တစ်ကောင်ဖြစ်ပါတယ်။ ဒါ့အပြင် သူက Enemy Champion ကို အနီးကပ်တိုက်ခိုက်ပြီး Enemy ရဲ့ Counter Attack ကို ရှောင်ရှားဖို့ Twilight Shroud (Smoke) Ability ရှိပါတယ်။ ဒါကြောင့် AD resistance, AP resistance ထက် စာရင် tenacity ကို ရရှိထားတာဟာ အခန့်မသင့်လို့ Smoke မသုံးခင် Disable အရင်အပေးခံလိုက်ရတဲ့အခါမျိူးမှာ Tenacity ကြောင့် မြန်မြန် Disable ပြေပြီး Smoke Screen ကို အသုံးပြုနိုင်စေဖို့လည်းဖြစ်ပါတယ်။ ဒါ့အပြင် Akali လို Assassin အနေနဲ့ Takedown (5) ကောင် ပြည့်ဖို့ဆိုတာ လွယ်ကူပါတယ်။ ဒါကြောင့် Max HP +100 နဲ့ Tenacity 20% ရရှိမယ့် Hunter -Titan Rune ကို ရွေးချယ်ဖို့ အကြံပြုခြင်းဖြစ်ပါတယ်။


Inspiration Rune:

Hunter - genius : Cooldown Reduction ရရှိတာက Champion အားလုံးနီးပါးအတွက် ကောင်းမွန်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် Akali ရဲ့ Item Build ဟာ AP Damage အသားပေးတဲ့ Assassin Build ဖြစ်ပြီး ဒီ Item တွေမှာ Cooldown Reduction ရတဲ့ item နည်းပါတယ်။ ဒါကြောင့် ဒီလိုအပ်ချက်ကို ဖြည့်ဖို့ Cooldown Reduction Rune ကို ရွေးထားတာပါ။


ဒုတိယ Rune Setup ကတော့

Keystone Rune:

Conqueror: Damge Stacking အမျိူးအစားဖြစ်ပြီး Enemy Champion ကို Attack or Ability တစ်ခုခု သက်ရောက်တိုင်း Stack တစ်ခုရပါမယ်။ အဲဒီ့ Stack တစ်ခုတိုင်းအတွက် Akali ဟာ AD or AP adaptive damage တိုးလာမှာဖြစ်ပြီး 5 stack ပြည့်တဲ့အခါမှာ Bonus Damage သတ်ရောက်မှာပါ။ Akali လိုမျိူး Ability 1> Auto Attack > Ability 3> Auto Attack > Ultimate > Auto Attack > Ultimate > Auto Attack စတဲ့ ပုံစံအသုံးပြုပြီးတိုက်ခိုက်ရတဲ့ Champion မျိူးကတော့ Conqueror နဲ့ အတော်လေး လိုက်ဖက်မှု ရှိလို့ပါ။ ဒါ့အပြင် Conqueror ဟာ Domination Rune က Triumph နဲ့ တွဲဖက်တဲ့အခါမှာလည်း Sustained Damage Assassin ပုံစံနဲ့ ကစားဖို့ အထောက်အကူပြုပါလိမ့်မယ်။


Domination Rune:

Triumph: သင့်က Enemy Champion တစ်ကောင်ကို Takedown လုပ်လိုက်တိုင်း Missing Health ရဲ့ 10% ပြန် heal မယ့်အပြင် HP 35% အောက်ရောက်နေတဲ့ Enemy ကို တိုက်ခိုက်တိုင်းမှာလည်း 3% Damage ပို သက်ရောက်ပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ Team Fight ထဲမှာ ကြာကြာနေပြီး သွေးနည်းနေတဲ့ Champion တွေကို takedown လိုက်လုပ်တဲ့နေရာမှာ အထောက်အကူပြုမယ့် Rune ဖြစ်ပါတယ်။


Resolve Rune:

Hunter Titan: အပေါ်ကလိုပဲ Hunter - Titan Rune ကိုပဲ ရွေးချယ်ထားပါတယ်။


Inspiration Rune:

Sweet Tooth: Laning မှာ အနှိမ်ခံရတဲ့အခါမျိူးမှာ Sweet tooth ဟာ တော်တော်လေး ကောင်းတဲ့ Rune ဖြစ်ပါတယ်။ Sweet Tooth ယူထားခြင်းအားဖြင့် သင့်အနေနဲ့ Lvl 3 အထိ မစောင့်ဘဲ Lvl 2 လောက်ကတည်းက Enemy Champion ကို ခပ်ရဲရဲ တက်ပြီး trade လို့ရပါတယ်။ ပြီးတာနဲ့ Honey Fruit စားပြီး Lvl 3 ရောက်တဲ့အခါ အဲ့ဒီ့ Solo Enemy ကို HP အသာနဲ့ Kill ပြီး Lane အသာစီးရယူဖို့အတွက် ထိရောက်မှာပါ။ အများစုဟာ ဒီ Rune ကို Late Game မှာ သုံးစားမရလို့ဆိုပြီး မကြိုက်ကြပေမယ့် တကယ်တော့ ဒီ Rune ရဲ့ အားသာချက်က Early game ကတည်းက Enemy Laner ကို နင်းထားနိုင်လောက်တဲ့အထိအောင် အထောက်အကူပြုမယ့် Rune တစ်ခုဆိုတာ မေ့ထားလို့ မရပါဘူး။


ဒီ Rune နဲ့ Item Build နှစ်စုံမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ Akali player အနေနဲ့ အပေါ်က Assassin Rune Build ကို သုံးဖို့ ပိုအားပေးပါတယ်။

အောက်က Alternate Build ကတော့ အနည်းငယ် survive ဖြစ်ဖို့အားပေးတဲ့ Rune နဲ့ Item build တွေနဲ့ ဖွဲ့စည်းထားလို့ Damage ထွက်တဲ့အပိုင်းမှာတော့ ပထမ Rune လောက် မများတဲ့အတွက်ဖြစ်ပါတယ်။ Akali ဟာ Assassin Champion တစ်ကောင်ဖြစ်လို့ Glass canon Assassin တစ်ကောင်လို ဆော့နိုင်မှသာလျှင် အမှန်တကယ် အကျိူးရှိတာဖြစ်တဲ့အတွက်ပါ။


Ability


Akali ဟာ Ability တွေအကြောင်းကို သိရင် သိသလောက် တော်တော်လေး အကွက်ကျကျ လှုပ်ရှားပြီး စက္ကန့်ပိုင်းအတွင်း Enemy တွေကို Kill လို့ရတဲ့ Champion ဖြစ်ပါတယ်။ ဒါကြောင့် Ability တစ်ခုချင်းစီရဲ့ အားသာချက်လေးတွေကို အသေးစိတ်သိထားဖို့လိုပါတယ်။


Passive: Assassin's Mark


Akali ရဲ့ Skill 1, 3 နဲ့ Ultimate ကို Enemy Champion တစ်ကောင်ကို ထိအောင် အသုံးပြုလိုက်တိုင်း အဆိုပါ Damage ထိသွားတဲ့ Champion ရဲ့ ပတ်လည်မှာ Ring တစ်ခုပေါ်လာပါတယ်။ Akali က အဲဒီ့ Ring ရဲ့ အပြင်ဘက်ကို ထွက်လိုက်နိုင်ရင် နောက်ထပ် Auto Attack မှာ Bonus Damage ပေါင်းပေးတဲ့အပြင် Attack Range လည်း 100 တိုးပေးထားမယ့် Empowered Buff ကို ရရှိနေမှာပါ။ ဒီလို Empowered ဖြစ်နေတဲ့ Auto Attack ဖြင့်တိုက်ခိုက်ပြီးချိန်မှာတော့ Akali အတွက် 15 Energy ပြန်ရရှိမှာပါ။ Empowered Damage ဟာ 40 magic damage + (60%AD + 50%AP) ဆိုပြီး အပို ထိမှာပါ။ ဒါကြောင့် AD AP နှစ်မျိူးလုံးပါတဲ့ Damage type ဖြစ်ပေမယ့် AP အချိူးအစားက ပိုများတာကို တွေ့ရမှာပါ။


အဲ့ဒီ့ Ring ရဲ့ အပြင်ဘက်ကို ထွက်ဖို့အတွက်ကိုလည်း လွယ်ကူအောင် လုပ်ပေးထားပါတယ်။ Ring အပြင်ဘက်ကို ထွက်တိုင်း Akali အနေနဲ့ +40% Bonus Move speed ကို ရရှိမှာဖြစ်ပြီး Empowered ဖြစ်နေချိန်မှာလည်း Enemy ဆီကို ဦးတည်ပြီးသွားတဲ့အခါ +40% Bonus Movement Speed ကို 2 seconds အကြာ ရရှိနေမှာပါ။


ဒီ Ring ဟာ Skill 1, 3 နဲ့ Ultimate ကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ထပ်ဖော်ပြသွားပါမယ်


Skill 1 (Q) : Five Point Strike

95 Energy cost

1.5 second cooldown


Akali ရဲ့ အရှေ့ဘက်က AOE အတွင်းက Enemy တွေအားလုံးကို 25 magic damage + 65%AD + 60% AD ကို သတ်ရောက်မှာပါ။ ဒါပေမယ့် ထိပ်ဆုံးက ဓါးမြောင်တွေ ကျမယ့် AOE အသေးအတွင်းက Enemy တွေကိုတော့ 50% Movement Slow ကို 0.5 second သတ်ရောက်စေမှာပါ။


ဒီ Skill 1 ရဲ့ ထူးခြားချက်ကတော့ ဓါးမြောင်တွေကျမယ့် AOE ရဲ့အစွန်အဖျားက Ring ရဲ့ Radius နဲ့ ညီမျှပါတယ်။ သဘောက Skill 1 ရဲ့ အစွန်းအဖျားနဲ့ Enemy ကို ထိအောင်သုံးလိုက်နိုင်ရင် ပေါ်လာမယ့် Ring ဟာ Akali ရဲ့ ခြေထောက်အောက်မှာ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင်က Ring အပြင်ကို ထွက်စရာ မလိုဘဲနဲ့တောင် Empowered Buff ကို ချက်ချင်းရရှိစေပါလိမ့်မယ်။ ဒါပေမယ့် အစွန်းအဖျားနဲ့ ထိဖို့ဆိုတာကတော့ မကျွမ်းကျင်သေးရင် အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် Slow မယ့် Aoe ကို Enemy အပေါ်ကို ထိအောင် သုံးပြီး အနည်းငယ် နောက်ဆုတ်လိုက်တာနဲ့ သင့်အနေနဲ့ Empowered Buff ကို ရရှိပါပြီ။


တက်နိုင်သလောက် သင့်အနေနဲ့ အစွန်းကျကျ အသုံးပြုနိုင်ခဲ့မယ်ဆိုရင် သင် Empowered Buff ရရခြင်းမှာ Enemy ဟာ 0.5 second slow နေတဲ့အတွက် Enemy ဘက်ကို ပြန်သွားပြီး Auto Attack နဲ့ တိုက်ခိုက်တဲ့အခါမှာ +100 Attack Range အပြင် %40 Movement speed အားသာချက်ကြောင့် Enemy ကို Auto Attack လုပ်ပြီး ချက်ချင်းကွက်တိ နောက်ပြန်ဆုတ်ဖို့ အခွင့်အရေးရှိပါတယ်။ ဒီလို အခြေအနေမျိူးကို Lvl 1 လောက်မှာ ပိုင်ပိုင် နိုင်နိုင် ၂ ခေါက်လောက် သုံးလိုက်နိုင်ရင် သင့်အနေနဲ့ Lvl 2 အရောက်မှာ Enemy ကို Kill ဖို့ အလားအလာ တော်တော်လေး ကောင်းသွားပါလိမ့်မယ်။


ဒီနေရာမှာ Enemy က ဘာမှ မလုပ်တော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ များသောအားဖြင့် League of Legends ရဲ့ Champion အများစုက Lvl 1 မှာ Minion ရှင်းမယ့် Damage Ability တွေကိုပဲ ယူလေ့ရှိပါတယ်။ ဒီ Ability တွေဟာ အထိုက်အလျောက် cooldown 10 second ဝန်းကျင်ရှိတက်ပါတယ်။ Akali ရဲ့ Skill 1 ဟာ 1.5 second ပဲ cooldown ရှိတဲ့အပြင် Akali ဟာ ပွဲအစကတည်းက Energy 200 နဲ့ စတာဖြစ်ပါတယ်။ Skill 1 နှစ်ခါ သုံးဖို့ လုံလောက်တဲ့အပြင် သင့်ကို နှောင့်ယှက်မယ့် Disable ability တွေလည်း ထွက်မလာနိုင်တဲ့အတွက် Lvl 1 မှာကတည်းက အတက်နိုင်ဆုံး နှိမ်ထားဖို့ အထောက်အကူပြုမှာပါ။


Skill 2 (W) : Twilight Shroud (Smoke)

0 Energy Cost

20 second cooldown


Twilight Shroud ဟာ 0 Energy Cost ဖြစ်ပါတယ်။ ဒါပေမယ့် အလကားရတဲ့အတွက် အလွယ်တကူ မသုံးသင့်ပါဘူး။ အကြောင်းက Smoke သုံးလိုက်တဲ့အခါ Akali အနေနဲ့ 80 Energy ပြန်ရတဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Enemy ကို Trade ဖို့အတွက် Skill 1 သုံးပြီးတဲ့အခါမှ Smoke ကို သုံးမယ်ဆိုရင် ခုနက သုံးထားတဲ့ 90 Energy က ပြန်ပြည့်လုနီးပါးဖြစ်တဲ့အတွက် Skill 1 တစ်ခေါက် ပိုသုံးခွင့်ရတဲ့သဘောနဲ့ညီမျှပါတယ်။ ဘယ်လိုပဲ သုံးသုံး Energy 80 တောင် ပြန်ရတာဖြစ်လို့ တက်နိုင်သလောက် သင့်ရဲ့ Skill 1 or 3 သုံးပြီးမှ သုံးတာ အထိရောက်ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် Smoke ဟာ Skill 3 ရဲ့ shuriken mark ချန်ထားဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ (Skill 3 နဲ့ တွဲပြီး ရှင်းလင်းဖော်ပြပါမယ်)


Smoke Screen ဟာ 5.5 second ကြာမြင့်ပြီး Akali ဟာ Smoke အတွင်းမှာ 25% Bonus Movement Speed နဲ့ Invisible ကို ရရှိနေမှာပါ။ Smoke Screen အတွင်းမှာ နေပြီး Auto Attack သို့မဟုတ် Ability တစ်ခုခု သုံးလိုက်တိုင်းမှာ Akali အနေနဲ့ 0.8 second လောက် ကိုယ်ပေါ်သွားပါလိမ့်မယ်။ ဒါကြောင့် Smoke ချပြီးတဲ့အခါမှာ Auto Attack သို့မဟုတ် Ability မသုံးခင် နေရာကောင်းကောင်း ယူနိုင်ဖို့က အရေးကြီးပါတယ်။


Skill 3 (E) : Shuriken Flip

30 Energy Cost

15 second cooldown


Akali ဟာ Shuriken တစ်ခုကို တည်ထားတဲ့ direction ကို ပစ်လိုက်ပြီး နောက်ပြန် backflip ခုန်တဲ့ Ability ဖြစ်ပါတယ်။ ပထမဆုံး Shuriken ထိသွားတဲ့ Target ကို Shuriken Mark သတ်မှတ်လိုက်ပြီး Shuriken Flip ကို ထပ်သုံးတဲ့အခါမှာ အဆိုပါ Mark ဆီသို့ အမြန်ပြေးသွားမှာပါ။ Damage သတ်ရောက်မှုကတော့ ပထမ Shuriken အတွက် 40 magic damage + 35%AD + 50%AP နဲ့ ဒုတိယ mark dash အတွက် 40 magic damage + 35%AD + 50%AP ကို သတ်ရောက်မှာပါ။


Akali ရဲ့ Backflip ဟာ Terrain တွေကို ကျော်နိုင်တဲ့အတွက် Attack ဖို့ သာမကဘဲ Escape အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Enemy ကို လိုက်ဖို့ အဓိက သုံးသလို Mark ထိထိသွားခြင်းမှာ ချက်ချင်း မလိုက်သွားဘဲ ခဏစောင့်တာမျိူးရှိပါတယ်။ အဲဒါက Shuriken 2nd Mark အနေနဲ့ ပြေးသွားတဲ့အချိန်မှာ Skill 1 ကို သုံးဖို့အတွက် cooldown စောင့်နေလို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Target နားကို ရောက်ခါနီး Skill 1 ကို သုံးတဲ့အခါ Damage ဟာ သိသိသာသာ သက်ရောက်သွားပြီး Ultimate 1 > Smoke > Skill 1 > Ultimate 2 စတဲ့ combo ကို ဆက်သုံးသွားရင် Enemy တစ်ကောင်ကို စက္ကန့်ပိုင်းတွင်းမှာ kill ဖို့ လုံလောက်တဲ့ Damage ထွက်လာတဲ့အတွက်ဖြစ်ပါတယ်။


Ultimate (R) : Perfect Execution

0 Energy Cost

90 second cooldown


Akali ဟာ Mobility ကောင်းတဲ့ Assassin တစ်ကောင်ဖြစ်ပါတယ်။ သူ့ရဲ့ Ultiamte ဟာလည်း (၂) ခါပြန်သုံးလို့ရရုံမက သာမန် Damage တင်မကဘဲ Mobility (၂) ခု နဲ့ ပေါင်းစပ်ထားတာပါ။ ပထမ Cast မှာ AD damage သက်ရောက်ပြီး ဒုတိယ Cast မှာ Ap Damage + Enemy Hp Lost Ratio နဲ့ တွက်ပြီး Magic Damage သတ်ရောက်တာဖြစ်ပါတယ်။ ဒါကြောင့် Akali ဟာ AP Assassin အဖြစ် ကစားဖို့ သင့်တော်ခြင်းဖြစ်ပါတယ်။ သူမရဲ့ Skill 1, 3 တို့မှာ AP Ratio နဲ့ Damage ထိရုံမကဘဲ Enemy ရဲ့ Hp နည်းမှုပေါ်လိုက်ပြီး 2nd cast ရဲ့ Magic Damage ဟာ (၃) ဆ အထိ တိုးမြှင့်ပြီး သတ်ရောက်နိုင်လို့ Akali ကို AP Assassin အဖြစ်နဲ့ ကစားဖို့က အသင့်တော်ဆုံးဖြစ်ရခြင်းဖြစ်ပါတယ်။


ပထမ Cast ဟာ 675 Range Fix Distance ကို ရောက်ရှိသွားပြီး 2.5 second အကြာမှာ ဒုတိယ Cast ကို အသုံးပြုခွင့်ရှိပြီး 750 Fix Distance ကိုပဲ ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒါကြောင့် Tower Dive တာအပြင် Follow up team fight တွေမှာပါ အဆုံးသတ်ကောင်းကောင်းနဲ့ Damage ထွက်ဖို့ အဓိက Damage Source အဖြစ် အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ Enemy ဟာ Ultimate ရဲ့ 1st cast အပြီးမှာတင် Kill လိုက်နိုင်ခဲ့ရင်တော့ 2nd cast နဲ့ လုံခြုံတဲ့နေရာကို သုံးပြီး fall back လုပ်နိုင်ပါသေးတယ်။


Combo


1. Laning Combo


1 > AA > 1 > AA


Level 1 မှာ အသုံးရမယ့် Combo ဖြစ်ပါတယ်။ Skill 1 သုံးပြီး Empowered Buff ယူ၊ Auto Attack သုံး၊ Skill 1 ထပ်သုံးပြီး Empowered Buff ထပ်ယူ၊ Auto Attack ထပ်သုံးရမယ့် Combo ဖြစ်ပါတယ်။


1 > AA > 3 > 3 > 1 > AA


Level 2 မှာ သုံးလို့ရတဲ့ Combo ဖြစ်ပါတယ်။ အထူးသဖြင့် Minion တွေ လွတ်နေတဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။ Skill 1 သုံးပြီး Empowered Buff ယူ၊ Auto Attack သုံး၊ Skill 3 သုံးပြီး Back flip လိုက်တဲ့အတွက် Empowered Buff က အလိုလို ရပါလိမ့်မယ်။ Skill 3 ရဲ့ 2nd Cast နဲ့ Enemy ဆီကို သွားနေတဲ့ လမ်းမှာ Skill 1 ပေါင်းသုံးပြီး Auto Attack နဲ့ တိုက်ခိုက်ရမယ့် Combo ဖြစ်ပါတယ်။


1 > AA > Ignite > 2 > AA > 3 (1) > 3 (2) > 1 > AA


Skill 1 ကို အစွန်းနဲ့ ထိအောင်သုံးပြီး Empowered Buff ရအောင် ခဏ back ပါမယ်။ Empowered buff ရတာနဲ့ Auto Attack လုပ်ပြီး Ignite သုံးကာ Smoke နဲ့ Enemy ရဲ့ Counter Attack ကို ရှောင်ပါမယ်။ Auto Attack + Skill 3 ရဲ့ 1st cast ကို သုံးပြီး Empowered Buff နောက်တစ်ခါ ထပ်ရပါမယ်။ Skill 3 ရဲ့ 2nd cast နဲ့ Enemy အနားကို ရောက်ပြီး Skill 1 နောက်တစ်ခါထပ်သုံးပြီး Auto Attack နဲ့ တိုက်ခိုက်ရမယ့် Combo ဖြစ်ပါတယ်။ ဒုတိယဖော်ပြခဲ့တဲ့ Combo ကိုပဲ Smoke + Ignite ကို ကြားဖြတ်ထည့်သုံးသွားတာဖြစ်ပါတယ်။


Ultimate Combo


3 > 3 > 1 > AA > 2 > Ultimate 1 > AA > 1 > Ultimate 2


Shuriken 3 ကို ၂ ချက် ဆက်တိုက်သုံးပြီး Enemy အနားကို ကပ်ပါမယ်။ သွားနေတဲ့ လမ်းမှာ 1 ကို သုံးပြီး အနားရောက်ရောက်ချင်းမှာ Auto Attack ကို သုံးပြီး Smoke ခင်းထားပါမယ်။ Smoke ထဲကနေ Ultimate 1 သုံးပြီး Enemy အဝေးကို ထွက်လိုက်တဲ့အခါ Empowered Buff တစ်ခေါက်ရပါမယ်။ အဆိုပါ Empowered Buff နဲ့ Auto Attack လုပ်ပြီး Ultimate 2 + Skill 1 နဲ့ Finish လုပ်တဲ့ပုံစံဖြစ်ပါတယ်။


Ultimate (1) > 1 > 3 > 3 > AA > W > 1 > Ultimate 2 > AA


Ultimate အသုံးပြုပြီး Enemy အနားကို အရောက်သွားပါမယ်။ အနားရောက်တာနဲ့ Skill 1 သုံးပြီး Skill 3 သုံးကာ Empowered Buff ကို အရင် ယူပါမယ်။ ပြီးတာနဲ့ ချက်ချင်း Skill 3 ရဲ့ 2nd cast ကို ပြန်သုံးပြီး Enemy အနားကို ပြန်ကပ်ပြီး Auto Attack သုံးပါမယ်။ Enemy ရဲ့ Counter ကို ရှောင်ဖို့အတွက် Smoke သုံးပြီး ပြန်ပြည့်သွားတဲ့ Energy နဲ့ Skill 1 သုံးပြီး Ultimate ရဲ့ 2nd cast နဲ့ အဆုံးသတ်ရမှာဖြစ်ပါတယ်။ အဲဒါကိုမှ မသေသေးရင်တော့ Empowered Auto Attack နဲ့ အဆုံးသတ်ဖို့ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။


အပေါ်က Combo ကို အသုံးပြုပြီးရင်တော့ ဒီ Combo ကို ဆက်ပြီး သုံးစေလိုပါတယ်။


1 > AA > 3 > 3 > 1 > 2 > AA > Ultimate 1 > 1 > AA > Ultimate 2 > 1 > AA


ပထမဆုံး 1 > AA ကတော့ Minion Wave ရှင်းပြီး Enemy Champion ရဲ့ လမ်းကြောင်းကို ရှင်းဖို့ ဖြစ်ပါတယ်။ ပြီးရင် Shuriken 1 သုံးပြီး ခဏစောင့်ပါ။ Shuriken 2 သုံးပြီး ပြေးသွားတဲ့ လမ်းကြောင်းမှာ Skill 1 > Skill 2 ဆိုပြီး ဆက်တိုက်သုံးထားပါမယ်။ အနားရောက်တဲ့အချိန်မှာ Smoke က အသုံးပြုပြီးသားဖြစ်လို့ Energy လည်း ပြန်ပြည့်နေပါပြီ။ အဲ့ဒီ့ အချိန်မှာ Ultimate 1 + Skill 1 သုံးလိုက်ရင် Akali က Smoke အပြင်ဘက်ကို ခုန်ထွက်သွားပြီ Target Enemy ကို Skill 1 ကွက်တိ ချိန်ပြီးသုံးရုံမက Empowered Buff ပါ အဆင်သင့်ရနေပါလိမ့်မယ်။ Smoke ထဲ ပြန်ဝင် > Auto Attack > Ultimate 2 > Auto Attack နဲ့ Target ကို အဆုံးသတ်မယ့် Combo ဖြစ်ပါတယ်။


AP Assassin ဖြစ်တဲ့ Akali အတွက် Ultimate 1st cast ဟာ AD Damage သာဖြစ်တဲ့အတွက် ဒီ 1st cast ရဲ့ Damage ကို အားကိုးလို့မရပါဘူး။ ဒါကြောင့် Ultimate ရဲ့ 1st cast ကို Position ယူဖို့အတွက်ပဲ သုံးဖို့၊ မနှမျောဖို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် Melee Range အနားရောက်နေတဲ့ Enemy ကို Ultimate 1st Cast ကို အသုံးပြုလိုက်ရင် Akali အနေနဲ့ Ring အပြင်ဘက်ကို အလိုအလျောက် ခုန်ပြီးသားဖြစ်လို့ Empowered Buff ကို ရနိုင်တဲ့အားသာချက်လည်း ရှိတဲ့အတွက် အဝေးကနေ အနားကပ်ဖို့ပဲ သုံးသုံး၊ အနားကပ်ပြီးမှ အပြင်ပြန်ထွက်ဖို့ပဲ သုံးသုံါ် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။


မည်သို့ပင်ဆိုစေကာမူ အပေါ်မှာ ဖော်ပြသွားတဲ့ Combo တွေဟာ Akali အနေနဲ့ သုံးလို့ရတဲ့ Combo ပေါင်း အခု (၂ဝ) လောက်ထဲက အရိုးရှင်းဆုံး Combo တွေဖြစ်ပါတယ်။ ဒီ Combo တွေကို မှန်မှန်သုံးတက်သွားတဲ့အခါမှာ တခြား Combo တွေကိုလည်း မိမိဘာသာ ဂိမ်းရဲ့ အခြေအနေကို လိုက်ပြီး ပေါင်းစပ်ပြီး အသုံးချတက်လာမှာပါ။


ဒါကြောင့် ဒီ combo တွေကို ကွက်တိ အသုံးမပြုနိုင်ရင်တောင် ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။


Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ ဒီ Combo တွေနဲ့ Akali ရဲ့ Passive အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်ပါ။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Combo တွေ အလုပ်လုပ်ပုံကို နားလည်ပြီဆိုမှ သင့်ရဲ့ Rank game မှာ အသုံးချဖို့ တိုက်တွန်းလိုပါတယ်။


အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

လာမယ့် အပတ်မှာလည်း Wild Rift ရဲ့ Jungle Champion တစ်ကောင်ဖြစ်တဲ့ Graves ရဲ့ Game Play guide ကို Aura Esports Page & Blog ကနေ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ Follow ထားပြီး Support လုပ်နိုင်ပါတယ်။


 
 
 

Comments


bottom of page