Darius: The Hand of Noxian- Backstory and Gameplay Suggestion
- Ko Boo
- Dec 27, 2020
- 10 min read
Updated: Jan 22, 2021
League of Legends ရဲ့ PC Version မှာ Ranked Game တွေဆော့တဲ့အခါ မိမိကစားချင်တဲ့ Role ကို Role Queue လုပ်လို့ရသလို ဂိမ်းထဲမှာ မမြင်ချင်တဲ့ Champion တစ်ကောင်ကိုလည်း စိတ်တိုင်းကျ Ban ခွင့်ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ League of Legends Champion တွေထဲက Ban အခံရဆုံး Top 10 Champion စာရင်းထုတ်လိုက်တိုင်း အမြဲပါတဲ့ Champion တစ်ကောင်ကတော့ Darius ဖြစ်ပါတယ်။ Darius ဟာ Fighter / Bruiser Champion အမျိူးအစားဖြစ်ပြီး AD (Attack Damage) အမြောက်အများထွက်တဲ့ Passive Ability ပါဝင်ပါတယ်။ Darius ဟာ Solo Baron Lane နေရတဲ့ Champion ဖြစ်တဲ့အတွက် Laning Phase ကတည်းက Enemy Champion အားလုံးနီးပါးကို Counter နိုင်တဲ့အပြင် Mid Game/ Late Game အထိပါ အသုံးဝင်မှုကျဆင်းမသွားတဲ့ Champion တစ်ကောင်လည်းဖြစ်ပါတယ်။ Wild Rift ဆော့ဖို့ Online Friend တွေမရှိတဲ့အခါ Solo Lane ကနေ တစ်သင်းလုံးကို Carry ချင်သော Aggressive playstyle ရှိတဲ့ ကစားသမားတွေအတွက် ရွေးချယ်ကစားဖို့ အကြံပြုချင်တဲ့ Champion Darius ရဲ့ Ability ရှင်းလင်းချက်များနဲ့ Tips and Tricks များကို စုစည်းဖော်ပြလိုက်ပါတယ်။

Backstory
Darius နဲ့ သူ့ညီဖြစ်သူ Draven တို့ဟာ Basilich ဆိပ်ကမ်းမြို့မှာ မိဘမဲ့တွေအဖြစ် ကြီးပျင်းလာကြပါတယ်။ Darius ဟာ သူ့ညီလေးကို ကာကွယ်ဖို့ သူတို့ကို အနိုင်ကျင့်ချင်တဲ့ တခြားဘဝတူတွေနဲ့ မြို့လုံခြုံရေးတွေကိုပါ တိုက်ခိုက်ပြီး နှစ်ယောက်စလုံးအတွက် ရုန်းကန်ခဲ့ရပါတယ်။ သူ့အတွက်တော့ လမ်းမပေါ်က နေ့ရက်တိုင်းဟာ ရှင်သန်ဖို့ တိုက်ခိုက်နေရတဲ့ တိုက်ပွဲတွေပဲ ဖြစ်နေတဲ့အတွက် Darius ဟာ အသက် ၁၂ နှစ်လောက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ အမာရွတ်တွေဟာ တခြားစစ်သားတွေ တစ်သက်လုံးရခဲ့တဲ့ အမာရွတ်တွေ ထက်တောင် ပိုနေပါပြီ။
Basilich ဟာ Noxian Empire ရဲ့ အောက်ကို ကျရောက်သွားပြီးတဲ့နောက် Noxian တပ်မှုး Cyrus ဟာ ဒီ ရဲတင်းတဲ့ ညီအကို နှစ်ယောက်ကိုတွေ့ပြီး သူ့ရဲ့ တပ်ထဲမှာ တာဝန်ချထားပေးလိုက်ပါတယိ။ နှစ်တွေ ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ခက်ခဲတဲ့ စွန့်စားခန်းတွေကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး Empire ကို တော်လှန်တဲ့ သူပုန်အမြောက်အများကိုလည်း ချေမှုန်းခဲ့ပြီးပါပြီ။
Empire ထဲမှာ ဇာတိ၊ ရိုးရာ၊ မျိုးရိုးနောက်ခံတို့ မလိုဘဲ ထူးချွန်ရင် ပါဝါ ရနိုင်တယ်ဆိုတာကို Darius က သက်သေပြခဲ့ပါတယ်။ တပ်သားဘဝကနေ စပြီး တာဝန်ကျေပွန်အောင် အမြဲ ထမ်းဆောင်ခဲ့တဲ့အတွက် ရာထူးအဆင့်ဆင့် တက်လာခဲ့ပါတယ်။ သူ့ရဲ့ ရဲတင်းမှု ၊ စည်းကမ်ကြီးမှုနဲ့ နောက်ဆုတ်ဖို့ လုံးဝစိတ်မကူးတဲ့ စိတ်ဓာတ်ခိုင်မာမှုကြောင့် အားလုံးရဲ့ လေးစားမှုကို ခံခဲ့ရပါတယ်။ Dalamor Plain ရဲ့ သွေးချောင်းစီးတဲ့ ဒေသတွင်းစစ်ပွဲမှာလည်း Noxian ဗိုလ်ချုပ်တစ်ယောက်က ပြန်ဆုတ်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် Darius ဟာ ဒီ ဗိုလ်ချူပ်ဟာ သူရဲဘော ကြောင်တယ်ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ ပြီးတဲ့နောက် စစ်သားတွေကို စုစည်းကာ သူပြန်ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့အခါ အောင်မြင်မှုရခဲ့ပါတော့တယ်။
ဒီတိုက်ပွဲရလာဒ်ကြောင့် Darius အား ကိုယ်ပိုင် တပ်ခွဲတစ်ခု ဖွဲ့ခွင့်ပေးကာ ဆုချခဲ့ပါတယ်။ Empire တစ်ဝှမ်းက တပ်သားသစ်တွေဟာ သူ့ရဲ့တပ်ဖွဲ့ထဲပါဝင်ဖို့ လျှောက်ခဲ့ကြပေမယ့် Darius ကတော့ အများစုကို ငြင်းပယ်ကာ အသန်မာဆုံး၊ စိတ်ဓာတ်အမာကြောဆုံးနဲ့ စည်းကမ်းအလိုက်နာဆုံး သူတွေကိုသာ ရွေးချယ်ခဲ့ပါတယ်။ ဒီလိုတပ်သားတွေကြောင့် Darius ရဲ့ တပ်ဖွဲ့ဟာ Noxus Empire အကျော်အထိပါ နာမည်ကြားရုံနဲ့ အရှုံးပေးရလောက်အောင် နာမည်ကျော်ကြားလာခဲ့ပါတယိ။
Noxus စစ်တပ်ကို အချိန်အကြာဆုံး ခုခံလာနိုင်ခဲ့တဲ့ Varju ရဲ့ Cloud Fortresses ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့တဲ့ အခါမှာတော့ Darius ကို Emperor Borham Darkwill ကိုယ်တိုင်က The Hand of Noxus ဆိုတဲ့ Title ကို ချီးမြှင့်ခဲ့ပါတော့တယ်။ ဒါပေမယ့် Darius ဟာ ပါဝါ နဲ့ မြှောက်စားတာကို မက်မောတဲ့သူမဟုတ်ပါဘူး။ ဒေသအားလုံးကို Noxus Empire ကြီးစိုးတာကိုပဲ လိုချင်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့်မို့ Darkwill က Darius နဲ့ သူ့ရဲ့တပ်ဖွဲ့ကို မြောက်ပိုင်း Frelijord ကို စေလွှတ်ပြီး Babarian တွေကို တိုက်ခိုက်စေခဲ့ပါတယ်။
Babarian တို့နဲ့ တိုက်ပွဲဟာ နှစ်တွေ အများကြီး ကြာလာတဲ့အထိ မပြီးဆုံး နိုင်ခဲ့ပါဘူး။ Darius ကလည်း သူ့ကို လုပ်ကြံမှုတွေ၊ အလစ်ဝင်တိုက်ခိုက်မှုတွေ ကို ကြုံခဲ့ရပြီး Winter's Claw ရဲ့ ဖမ်းဆီးခြင်းကိုတောင် ခံခဲ့ရပါတယ်။ သူဟာ ဒီလိုစစ်အခြေအနေကို စိတ်ကုန်လာတဲ့အတွက် စစ်အင်အား ပြန်လည်စုစည်းဖို့ Noxus ကို ပြန်လာခဲ့ပါတယ်။
Darius နဲ့ လက်ကျန်စစ်သားတွေ မြို့တော်ထဲ ပြန်ရောက်လာတဲ့အခါမှာတော့ Emperor သေဆုံးသွားပြီ ဆိုတဲ့ သတင်းကို သိလိုက်ရပါတယ်။ Emperor ကို Jericho Swain ဦးဆောင်တဲ့ လူစုက လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပြီး သူ့ကို ထောက်ခံတဲ့သူထဲမှာ Darius ရဲ့ ညီအရင်း Draven ပါ ပါဝင်နေပါတယ်။
Darius အဖို့ ကျင်းထဲကျပ်ထဲရောက်နေပါပြီ။ Hand of Noxus အနေနဲ့ Darkwill ရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ တော်ဝင်မျိုးနွယ်တွေက မျှော်လင့်ထားကြပါတယ်။ တစ်ဖက်မှာ နာမည်ပျက်နဲ့ General Swain ကလည်း သူ့ကို ကူညီခဲ့ဖူးတဲ့ အရမ်းရင်းနှီးပြီး လေးစားရတဲ့သူ ဖြစ်နေပြန်ပါတယ်။ နောက်ဆုံးမှာတော့ Darius ဟာ The Hand of Noxus အနေနဲ့ သူ့ရဲ့ သစ္စာစောင့်သိမှုဟာ Noxus Empire အတွက် သာဖြစ်ပြီး အုပ်ချုပ်သူ အပေါ်မမူတည်ဘူးလို့ ဆုံးဖြတ်ကာ General Swain ဘက်မှာ ရပ်တည်ခဲ့ပါတယ်။
General Swain က အမြော်အမြင်၊ ခွန်အား နဲ့ ပရိယာရ် ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် (၃) ယောက်နဲ့ Trifarix လို့ခေါ်ဆိုတဲ့ Noxus အုပ်ချုပ်ရေးကောင်စီကို ဖွဲ့ဖို့ စီစဉ်ခဲ့ပါတယ်။ Darius က ကောင်စီထဲပါဝင်ဖို့ လက်ခံခဲ့ပြီး Trifarin Legion ဆိုတဲ့ အကောင်းဆုံး တပ်ဖွဲ့သစ်တစ်ဖွဲ့ကို သစ္စာအစောင့်သိဆုံးနဲ့ ဂုဏ်သတင်းမကြီးဆုံး တပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းကာ Noxus Empire ကြီးကို အောင်မြင်မှုတွေ ဆက်လက် ယူဆောင်လာနိုင်ဖို့ ကြိုးစားပါတော့တယ်။

Passive : Hemorrhage
Darius ရဲ့ Passive မှာ (၂) ပိုင်းပါဝင်ပါတယ်။
Enemy ကို သက်ရောက်တဲ့အပိုင်းကတော့ Bleed Debuff ဖြစ်ပြီး
Darius ကို သက်ရောက်တဲ့အပိုင်းကတော့ Noxian Might ဖြစ်ပါတယ်။ Noxian Might ကတော့ Enemy Champion တစ်ကောင်တည်းကို Auto Attack (၅) ခါ ပေးပြီးတဲ့အခါမှ စတင်ပြီးရရှိပါတယ်။
Bleed Debuff
Enemy Champion တစ်ကောင်ကို Auto Attack လုပ်လိုက်ရင် သူ့ရဲ့ ဘေးမှာ သွေးအလုံးလေး တစ်လုံးပေါ်လာပါတယ်။ Hemorrhage 1 stack သက်ရောက်ခံနေရတဲ့ အမှတ်အသားဖြစ်ပါတယ်။ Stack တစ်ခုစီဟာ ၅စက္ကန့်ကြာမြင့်တဲ့ Damage per second အဖြစ် Enemy ကို သက်ရောက်ပါတယ်။ (အဆိပ်တက်နေတဲ့ သဘောနဲ့ဆင်တူပါတယ်)။ အများဆုံး 5 stacks အထိ သက်ရောက်နိုင်ပြီး နောက်ဆုံး Stack ရသွားတဲ့အချိန်မှာ Darius ဟာ Noxian Might Buff ကိုရရှိပါတယ်။ အမှတ်အသားအဖြစ် သွေးလုံးလေးတွေကနေ Enemy ရဲ့ ခေါင်းပေါ်မှာ Darius ရဲ့ Weapon ဖြစ်တဲ့ ပုဆိန်ပုံ ပေါ်နေမှာဖြစ်ပါတယ်။
Noxian Might
Noxian Might ပွင့်သွားတဲ့အချိန်မှာ Darius ရဲ့ Auto Attack နဲ့ Ability တိုင်းဟာ Enemy Champion ကို (5) Stack Bleed Debuff ကို သက်ရောက်စေပါတယ်။ ( ၅ ချက်ပြည့်အောင် လိုက်တိုက်ခိုက်နေစရာ မလိုတော့ပါဘူး) ဒါ့အပြင် Darius အနေနဲ့ (15 + (Level x 14)) AD Bonus ကို 5 seconds အကြာရရှိပါတယ်။ Bonus ဟာ Darius ရဲ့ Champion Level အလိုက်တိုးပြီးရရှိမှာဖြစ်ပြီး Level တစ်ဆင့်တိုင်းမှာ 14 AD ဆီ ပိုပြီးရရှိပါတယ်။
အကြမ်းဖျဉ်းတွက်ချက်ပြရရင်
Darius ဟာ Level 1 ရှိတဲ့အချိန် Noxian Might ရရှိရင်
Level 1 = 15 + (1 x 14) = 29 AD Bonus
Level 2 = 15 + (2 x 14) = 43 AD Bonus
Level 3 = 15 + (3 x 14) = 57 AD Bonus
Level 4 = 15 + (4 x 14) = 71 AD Bonus
Level 15 = 15 + (15 x 14) = 225 AD Bonus ဆိုပြီး တိုးတိုးပြီး ရလာမှာပါ။ (Level 3 မှာတင် Noxian Might ကနေပေးတဲ့ Bonus AD ဟာ Infinity Edge တစ်ခုလုံးဆက်ပြီးမှ ရမယ့် AD ထက်တောင် များပါတယ်)
Noxian Might ရရှိနေတဲ့ 5 seconds အတွင်းသာ ဒီ Bonus AD ကို ရရှိမှာဖြစ်လို့ ဒီ Duration 5 seconds ကို ပိုပြီး ကြာစေချင်ရင်တော့ Enemy Champion ကို Auto Attack သာမက Darius ရဲ့ တခြား Damage Ability တွေ ထိအောင် သုံးပေးရုံနဲ့ Duration ဟာ Refresh ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် Damage သက်ရောက်ခံရတဲ့ Enemy တိုင်းကိုလည်း Full Stack Bleed Debuff ကို သက်ရောက်စေမယ့် အားသာချက်ကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် Darius player အနေနဲ့ Team fight မှာ ပထမဆုံး Focus ထားရမှာကတော့ မိမိရဲ့ Noxian Might ကို အမြန်ဆုံးရရှိအောင် Target တစ်ခုကို သေချာအာရုံစိုက်ပြီး Auto Attack (၅) ချက်ရအောင် လုပ်ရမှာပါ။ ဒီအခြေအနေကနေ Noxian Might ရသွားပြီဆိုရင် Darius ရဲ့ Damage Output တွေ အားလုံးဟာ ကြောက်ဖို့ကောင်းလောက်အောင်ကို များသွားပါလိမ့်မယ်။ အကြောင်းက Darius ရဲ့ Ability (၄) ခုစလုံးဟာ AD Damage အချိူးနဲ့လိုက်ပြီး ပိုပိုများလာတဲ့အတွက်ဖြစ်ပါတယ်။

Passive : Hemorrhage
Darius ရဲ့ Passive မှာ (၂) ပိုင်းပါဝင်ပါတယ်။
Enemy ကို သက်ရောက်တဲ့အပိုင်းကတော့ Bleed Debuff ဖြစ်ပြီး
Darius ကို သက်ရောက်တဲ့အပိုင်းကတော့ Noxian Might ဖြစ်ပါတယ်။ Noxian Might ကတော့ Enemy Champion တစ်ကောင်တည်းကို Auto Attack (၅) ခါ ပေးပြီးတဲ့အခါမှ စတင်ပြီးရရှိပါတယ်။
Bleed Debuff
Enemy Champion တစ်ကောင်ကို Auto Attack လုပ်လိုက်ရင် သူ့ရဲ့ ဘေးမှာ သွေးအလုံးလေး တစ်လုံးပေါ်လာပါတယ်။ Hemorrhage 1 stack သက်ရောက်ခံနေရတဲ့ အမှတ်အသားဖြစ်ပါတယ်။ Stack တစ်ခုစီဟာ ၅စက္ကန့်ကြာမြင့်တဲ့ Damage per second အဖြစ် Enemy ကို သက်ရောက်ပါတယ်။ (အဆိပ်တက်နေတဲ့ သဘောနဲ့ဆင်တူပါတယ်)။ အများဆုံး 5 stacks အထိ သက်ရောက်နိုင်ပြီး နောက်ဆုံး Stack ရသွားတဲ့အချိန်မှာ Darius ဟာ Noxian Might Buff ကိုရရှိပါတယ်။ အမှတ်အသားအဖြစ် သွေးလုံးလေးတွေကနေ Enemy ရဲ့ ခေါင်းပေါ်မှာ Darius ရဲ့ Weapon ဖြစ်တဲ့ ပုဆိန်ပုံ ပေါ်နေမှာဖြစ်ပါတယ်။
Noxian Might
Noxian Might ပွင့်သွားတဲ့အချိန်မှာ Darius ရဲ့ Auto Attack နဲ့ Ability တိုင်းဟာ Enemy Champion ကို (5) Stack Bleed Debuff ကို သက်ရောက်စေပါတယ်။ ( ၅ ချက်ပြည့်အောင် လိုက်တိုက်ခိုက်နေစရာ မလိုတော့ပါဘူး) ဒါ့အပြင် Darius အနေနဲ့ (15 + (Level x 14)) AD Bonus ကို 5 seconds အကြာရရှိပါတယ်။ Bonus ဟာ Darius ရဲ့ Champion Level အလိုက်တိုးပြီးရရှိမှာဖြစ်ပြီး Level တစ်ဆင့်တိုင်းမှာ 14 AD ဆီ ပိုပြီးရရှိပါတယ်။
အကြမ်းဖျဉ်းတွက်ချက်ပြရရင်
Darius ဟာ Level 1 ရှိတဲ့အချိန် Noxian Might ရရှိရင်
Level 1 = 15 + (1 x 14) = 29 AD Bonus
Level 2 = 15 + (2 x 14) = 43 AD Bonus
Level 3 = 15 + (3 x 14) = 57 AD Bonus
Level 4 = 15 + (4 x 14) = 71 AD Bonus
Level 15 = 15 + (15 x 14) = 225 AD Bonus ဆိုပြီး တိုးတိုးပြီး ရလာမှာပါ။ (Level 3 မှာတင် Noxian Might ကနေပေးတဲ့ Bonus AD ဟာ Infinity Edge တစ်ခုလုံးဆက်ပြီးမှ ရမယ့် AD ထက်တောင် များပါတယ်)
Noxian Might ရရှိနေတဲ့ 5 seconds အတွင်းသာ ဒီ Bonus AD ကို ရရှိမှာဖြစ်လို့ ဒီ Duration 5 seconds ကို ပိုပြီး ကြာစေချင်ရင်တော့ Enemy Champion ကို Auto Attack သာမက Darius ရဲ့ တခြား Damage Ability တွေ ထိအောင် သုံးပေးရုံနဲ့ Duration ဟာ Refresh ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် Damage သက်ရောက်ခံရတဲ့ Enemy တိုင်းကိုလည်း Full Stack Bleed Debuff ကို သက်ရောက်စေမယ့် အားသာချက်ကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် Darius player အနေနဲ့ Team fight မှာ ပထမဆုံး Focus ထားရမှာကတော့ မိမိရဲ့ Noxian Might ကို အမြန်ဆုံးရရှိအောင် Target တစ်ခုကို သေချာအာရုံစိုက်ပြီး Auto Attack (၅) ချက်ရအောင် လုပ်ရမှာပါ။ ဒီအခြေအနေကနေ Noxian Might ရသွားပြီဆိုရင် Darius ရဲ့ Damage Output တွေ အားလုံးဟာ ကြောက်ဖို့ကောင်းလောက်အောင်ကို များသွားပါလိမ့်မယ်။ အကြောင်းက Darius ရဲ့ Ability (၄) ခုစလုံးဟာ AD Damage အချိူးနဲ့လိုက်ပြီး ပိုပိုများလာတဲ့အတွက်ဖြစ်ပါတယ်။

Skill 2 : Crippling Strike
အသုံးပြုလိုက်တဲ့အခါမှာ Darius ရဲ့ နောက်ထပ် (၈) စက္ကန့်အတွင်းမှာ တိုက်ခိုက်မယ့် Auto Attack တစ်ချက် ကို Buff ပေးထားတဲ့ Ability ဖြစ်ပါတယ်။ ဒီ Auto Attack ဟာ Darius ရဲ့ AD 50% သက်ရောက်စေပြီး Enemy ကို 1 second ကြာမြင့်တဲ့ 90% Movement Speed Slow ကို သက်ရောက်စေပါတယ်။ များသောအားဖြင့် ဒီ Skill ဟာ Skill 3 ဆွဲခါနီးမှာ ကြိုသုံးထားပြီး Skill 3 နဲ့ အနားကို ဆွဲခေါ်ခံရတဲ့ Enemy ကို Slow ဖို့ အတွက် အဓိက အသုံးပြုပါတယ်။
Darius ဟာ Noxian Might ရရှိဖို့အတွက် Auto Attack လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Melee Champion တစ်ကောင်အနေနဲ့ Enemy ကို Auto Attack ဆက်တိုက်လုပ်နိုင်ဖို့ Movement Speed ကောင်းကောင်းလိုအပ်သလို Enemy ကို Slow ထားရင်လည်း Auto Attack ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။
Crippling Stirke ကို ချွင်းချက်အသုံးပြုနိုင်မယ့် အခြေအနေတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ Baron Lane ကို လာမယ့် Enemy Champion ကို ကြည့်ပြီး First Blood ရယူနိုင်မယ့် အလောင်းအစားဖြစ်ပါတယ်။ Baron Lane ကိုလာမယ့် Champion ဟာ တော်ရုံ Hp pool နည်းပြီး Lvl 1 မှာ Escape Ability ယူလေ့မရှိတဲ့ Champion ဆိုရင်တော့ အောက်ဖော်ပြပါ အဆင့်အတိုင်း Solo First Blood ရဖို့အတွက် စမ်းသပ်ကြည့်နိုင်ပါတယ်။
၁။ Summoner Spell အဖြစ် Ignite + Ghost ကို ယူရပါမယ်။
၂။ Level 1 မှာ Crippling Strike ကို ယူရပါမယ်။
၃။ ပွဲစတာနဲ့ Baron Lane ရဲ့ ခြုံပုတ်ကို နေရာယူကြည့်ပါ။
၄။ Minion ၂ အုပ် ဆုံတဲ့နေရာလောက်မှာ Enemy Champion ကို စပြီး Crippling Strike + Auto Attack + Ignite + Ghost အကုန်သုံးပြီး Harrmohage (၅) Stack ပြည့်တဲ့အထိ ဆက်တိုက်လိုက် တိုက်ခိုက်ပေးရုံပဲဖြစ်ပါတယ်။
ဒီနေရာမှာ Enemy Champion ဟာ သင့်ကို ဘာမှ ပြန်မလုပ်ဘဲ Flash တွေပါ သုံးပြီး ထွက်ပြေးမယ်ဆိုရင် လွတ်နိုင်သလို ပွဲအစပိုင်းမှာ HP Pool များတဲ့ Garen, Nasus, Doctor Mundo, သင့်ရဲ့ Move speeed ကိုပြန်ခိုးမယ့် Malphite စတဲ့ Champion တွေဆိုလည်း သင့်ရဲ့ First Blood Mission ကနေ လွတ်မြောက်သွားနိုင်ပါတယ်။ တကယ်လို့ Enemy ဟာ ထွက်ပြေးဖို့ မကြိုးစားဘဲ သင့်ကို ပြန်တိုက်ခိုက်မယ်ဆိုရင်တော့ Noxian Might ရရှိသွားမယ့် Darius ရဲ့ Damage ဟာ သိသိသာသာ များသွားမှာဖြစ်လို့ သင့်အတွက် First Blood ရဖို့ အခွင့်အရေးကို ပိုင်ဆိုင်ရမှာပါ။ Enemy က ပြေးလို့ လွတ်သွားခဲ့မယ်ဆိုရင်တောင် Herrmohage Stack (၅) ခု ကြောင့် စောစောစီးစီး Hp ဟာ သိသိသာသာ နည်းသွားမယ့်အပြင် လိုအပ်ရင် Enemy ဟာ အစောကြီးကတည်းက Base ပြန်ပြီး Heal ရနိုင်ပါတယ်။ သင်က Level အသာနဲ့ သင့် Baron Lane ကို ဦးဆောင်နိုင်ဖို့ အားသာချက်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Skill 3: Apprehend
Apprehend ဟာလည်း Passive တစ်ပိုင်း Active တစ်ပိုင်း ပါဝင်တဲ့ Abilty ဖြစ်ပါတယ်။
Passive ကတော့ Permanent Armor Peneration ရရှိမှာ ဖြစ်ပါတယ်။ ပထမအဆင့်မှာ 15% Armor Peneration ရရှိမှာဖြစ်ပြီး Level တင်ရင် တင်သေလာက် 15% > 22% > 29% > 36% Armor Peneration ဆိုပြီး Permanent ရရှိမှာပါ။ ဒါကြောင့် Darius ဟာ တော်ရုံ Tank Champion တွေကို Laning Phase မှာ နိုင်တဲ့အပြင် Late Game အထိလည်း Damage Item ထွေထွေထူးထူး မထည့်သည့်တိုင် Damage အမြောက်အများ ထွက်နေရတဲ့ အချက်ပဲဖြစ်ပါတယ်။
Active ကတော့ Hook ဆွဲတဲ့ Ability ဖြစ်ပြီး ကတော့ပုံ AoE အတွင်းက Enemy Unit အားလုံးကို Darius အရှေ့ကို ရောက်အောင် ဆွဲထည့်မှာဖြစ်ပါတယ်။ အဆွဲခံရသမျှ Unit အားလုံးကို 40% MS slow 1 second သက်ရောက်စေမှာဖြစ်ပေမယ့် Damage တော့ သက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဆွဲခံရတဲ့ ထိပ်ဆုံးက Champion ကိုတော့ Darius က Auto Attack တစ်ခုနဲ့ အလိုအလျောက်တိုက်ခိုက်ပါလိမ့်မယ်။
Armor Peneration ရရှိတဲ့အတွက်ကြောင့် Skill 1 ကို Max ပြီးရင် Apprehend က ဒုတိယဦးစားပေး Max ရမယ့် Ability ဖြစ်ပါတယ်။
Tips: Skill 3 နဲ့ အဆွဲခံလိုက်ရတဲ့ Unit တွေဟာ Airborne ဖြစ်သွားပါတယ်။ ဒါကြောင့် Yasuo ရဲ့ Ultimate နဲ့တွဲပြီး အသုံးချနိုင်ပါတယ်။

Ultimate : Noxian Guillotine
Finishing Blow အဖြစ် အသုံးပြုရတဲ့ Noxian Guillotine ကတော့ True Damage သက်ရောက်တဲ့ Single Target Ultimate Ability ဖြစ်ပါတယ်။ Base Damage 100 / 200 / 300 + (75%AD) အဖြစ် True Damage သက်ရောက်တဲ့အတွက် Enemy ရဲ့ Armor/ Magic Resistance အားလုံးကို လစ်လျှူရှုပြီး Damage ထိမှာဖြစ်ပါတယ်။ Noxian Guillotine နဲ့ Killing Blow အသုံးပြုနိုင်မယ်ဆိုရင်တော့ Ultimate က Refresh ဖြစ်သွားပြီး စက္ကန့် ၂ဝ အတွင်းမှာ နောက်တစ်ခါ ထပ်သုံးခွင့် ရရှိမှာပါ။ ဒါကြောင့် သေလောက်မယ့် Unit ကို ချိန်စားနိုင်ရင်စားနိုင်သလောက် Team Fight အတွင်းမှာ တစ်ခါပြီး တစ်ခါ ဆက်တိုက်ထပ်သုံးခွင့်ရနေမှာဖြစ်ပါတယ်။
Noxian Guillotine ရဲ့ ထူးခြားချက်တွေကတော့
၁။ အသုံးပြုခံရမယ့် Champion မှာ သက်ရောက်နေမယ့် Hemorrhage Stack ၁ ခု စီအတွက် 20% Damage တိုးလာမှာပါ။ Noxian Might Fully Stack သက်ရောက်နေတဲ့ Champion ကို Ultimate သုံးရင်တော့ Ultimate ဟာ Double Damage သက်ရောက်မှာနဲ့ ညီမျှပါတယ်။
၂။ Noxian Guillotine နဲ့ Killing Blow ကို ရရှိမယ်ဆိုရင်တော့ ပတ်လည် AOE 6 အတွင်းက Minion တွေအားလုံးကို Flee Debuff 1.5 second သက်ရောက်စေပါတယ်။ (Minion Aggro အားလုံး ပျောက်သွားစေပါတယ်)
၃။ Noxian Guillotine (၃) ဆင့်မြောက်ကတော့ Mana Cost 0 ဖြစ်ပါတယ်။
၄။ Noxian Guillotine (၃) ဆင့်မြောက်နဲ့ Killing Blow ကို ရရှိမယ်ဆိုရင်တော့ Ultimate Refresh ဟာ စက္ကန့် ၂ဝ မဟုတ်ဘဲ လုံးဝအပြည့် Cooldown Refresh ဖြစ်သွားမှာပါ။
၅။ အသုံးပြုခံရတဲ့ Unit ကို Hemorrhage Stack တစ်ခု သက်ရောက်စေပါတယ်။ တကယ်လို့ Darius က Noxian Might ရရှိပြီးသားဆိုရင်တော့ အသုံးပြုခံရမယ့် Unit ကို Hemorrhage Full Stack သက်ရောက်စေမှာပါ။
ဒါကြောင့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် Darius အနေနဲ့ Noxian Might ရရှိပြီးတဲ့အချိန်မှ Ultimate ကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။

Items
Darius ရဲ့ Item ရွေးချယ်မှုကိုတော့ သူ့ရဲ့ Ability တွေပေါ်ကို အခြေခံပြီး အဆင်ပြေတဲ့ Build ကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ရွေးချယ်ထားတဲ့ Item တွေကတော့ Tanky ဖြစ်တဲ့ Item တွေကို တွေ့ရမှာပါ။ Darius ဟာ တခြား Champion တွေနဲ့ မတူဘဲ Battle အတွင်းမှာ AD damage တွေ ဆက်တိုက် တက်လာတဲ့ Passive Ability ရှိတဲ့ Champion ဖြစ်ပါတယ်။ ဒါကြောင့် AD အသားပေး Item တွေ ဆက်တာထက် Team Fight အတွင်းမှာ အသက်ရှည်စေမယ့် Tank Item တွေနဲ့ Auto Attack ဆက်တိုက်လုပ်နိုင်စေဖို့ လိုအပ်တဲ့ Movement Speed ကို ဖြည့်စည်းပေးမယ့် Item တွေကို ရွေးချယ်ထားပါတယ်။
Build 1
Triforce + Sterak's Gage + Deadman's Plate + Death's Dance + Spirit Visage
Triforce ကတော့ အခြေခံ လိုအပ်ချက်အားလုံးဖြစ်တဲ့ ADm MS, AS, HP, Mana, Ability Haste အားလုံးကို ရရှိစေတဲ့အပြင် MS ထက်တိုးစေမယ့် Rage Buff ကိုလည်း Tri Force ကနေ ရရှိစေတဲ့အတွက်ပါ။ ရှိသမျှ Item (၅) ကွက်စလုံးက HP တိုးစေတဲ့ အပြင် နောက်ဆုံး Upgrade လုပ်ရမယ့် Boots Upgrade နေရာမှာလဲ HP ထက်တိုးစေမယ့် Gluttonous Stoneplate ကို ရွေးချယ်ထားပါတယ်။ Sterak's Gage ဟာ AD ကို 50% တိုးစေတဲ့အပြင် သွေးနည်းသွားတဲ့အခါမှာလည်း HP Sheild တစ်ခုကို ရစေပါတယ်။ Burst Movement Speed အတွက် Deadman's Plate, Lifestealအတွက် Death's Dance နဲ့ Magic Resistance အတွက် Spirit Visage တို့ကို အသီးသီးရွေးချယ်ထားပါတယ်။ ဒီလို Tanky ဖြစ်တဲ့ Build ကြောင့် Darius ဟာ Team Fight မှာ Stack (5) ခု ပြည့်အောင် လုပ်နိုင်မယ့်အပြင် Full Stack ဖြစ်သွားတဲ့အချိန်မှ ဆက်တိုက် Battle ဆိုင်နိုင်မှာဖြစ်ပါတယ်။
Build 2
Black Cleaver + Sterak's Gage + Deadman's Plate + Spirit Visage + Randuin's Omen
ဒီ Build ကတော့ Tank + Damage Hybrid Build ဖြစ်ပါတယ်။ Tri Force နေရာမှာ Black Cleaver ကို အစားထိုးထားတဲ့ ရည်ရွယ်ချက်ကတော့ ဒီ Item နှစ်ခုစလုံးဟာ MS တိုးစေမယ့် Rage Buff ပါဝင်တာဖြစ်ပြီး နှစ်ခုပေါင်းထည့်လို့ Stack မဖြစ်နိုင်တဲ့အတွက်ပါ။ ဒါကြောင့် Armor Peneration ကောင်းတဲ့ Darius အတွက် Armor Peneration ထက်ရစေမယ့် Black Cleaver 1st Item ကလည်း မှန်ကန်တဲ့ ရွေးချယ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ Deadman's Plate + Randiun's Omen ကနေ HP အပြင် Armor အများအပြားရရှိနိုင်ပြီး လိုအပ်မယ့် Magic Reisitance + Healing အတွက်ကတော့ Spirit Visage ကိုမဖြစ်မနေ ထည့်ထားရမှာဖြစ်ပါတယ်။ Darius ရဲ့ Skill 1 ကနေ ရရှိမယ့် Healing ဟာ Lifesteal အမျိူးအစား မဟုတ်ဘဲ Healing အမျိူးအစားဖြစ်ပါတယ်။ ဒါကြောင့် Healing ကို Buff ပေးတဲ့ Spirit Visage ဟာ Darius နဲ့ အလိုက်ဖက်ဆုံး Defensive Item ဖြစ်ပါတယ်။
Build 3
Black Cleaver + Sterak's Gage + Deadman's Plate + Thorn Mail + Spirit Visage
အထက်က ဖော်ပြခဲ့တဲ့ Build တွေ နဲ့ ဆင်တူဖြစ်ပါတယ်။ ဒါပေမယ့် Rune ရွေးချယ်မှုကို အပြောင်းအလဲအဖြစ် Tank စေမယ့် Grasp of the Undying ကို ရွေးချယ်ထားတဲ့အတွက် HP များများ၊ Armor များများ နဲ့ Tanky ဖြစ်တဲ့ Build ပုံစံဖြစ်ပါတယ်။
ဒီ Build အားလုံးမှာ တူညီတဲ့တစ်ချက်ကတော့ Sterak's Gage, Deadman's Plate နဲ့ Spirit Visage တို့ ဖြစ်ပါတယ်။ ဒီ Item (၃) ကွက်ကလည်း Darius လို AD အတွက်မပူရတဲ့ Fighter Champion အတွက် အရမ်းကို ပြီးပြည့်စုံစေတဲ့ Build တွေပါ။ လိုအပ်တဲ့ Shield, Movement Speed အပြင် Magic Resistance + Healing Buff တို့က Darius အတွက် အကုန်အသုံးဝင်ပါတယ်။
Boots အနေနဲ့ကတော့ Lifesteal နဲ့ ဆက်ရတဲ့ Gluttonous Greaves ကနေ Stoneplate ကို အဆင့်မြှင့်တင်ဖို့ အကြံပြုထားပေမယ့် ပွဲရဲ့ လိုအပ်ချက်ပေါ်လိုက်ပြီး Protobelt, Quiicksilver တို့ကိုလည်း ပြောင်းလဲ ရွေးချယ်နိုင်ပါတယ်။
ဒါပေမယ့် Darius ရဲ့ Build တွေ အားလုံးက HP တက်စေမယ့် Item တွေချည်းပဲ ဆက်ထားတဲ့အတွက် Stoneplate Upgrade က Darius ရဲ့ HP ကို ကြောက်စရာ ကောင်းအောင် များပြားစေမှာပါ။
ဥပမာ အနေနဲ့ Build 2 ကို အပြည့်ဆက်ထားပြီး Level 15 ရောက်နေတဲ့ Darius ဟာ HP 4240 ရှိပါတယ်။
Enemy Champion (၃) ကောင်ကြားထဲမှာ Stoneplate ကို Activate လိုက်ရင်တော့ Darius ရဲ့ HP ဟာ 9752 အထိ (၄) စက္ကန့်ကြာအောင် ရရှိမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Battle ကြားထဲ ဝင်ပြီး Tank ရမယ့် Fighter Champion တစ်ကောင်အတွက်ကတော့ တိုးလာမယ့် HP ပမာဏဟာ မက်လောက်စရာဖြစ်သလို Darius အတွက် Stack တွေ စုဖို့ကိုလည်း အထောက်အကူပြုပါလိမ့်မယ်။
အနှစ်ချူပ်အနေနဲ့ Enemy အလိုက် Build ကို ပြောင်းလဲစဉ်းစားနိုင်ပါတယ်။
Build 1 = Average
Build 2 = Ciritcal Champions
Build 3 = AD Champions

Runes
Darius ဟာ Stack (၅) ခု ပြည့်မှ Noxian Might ရရှိပြီး အဆိုပါ အချိန်မှာ Power Spike ထ တာဖြစ်ပါတယ်။ ဒါကြောင့် Stack (၅) ခု စုပြီး Adaptive Damge သက်ရောက်တဲ့ Conqueror Keystone Rune ကတော့ Darius နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ Build 1 မှာ Death's Dance ရဲ့ Lifesteal ပါဝင်တဲ့အတွက် Triumph, Tenecity အတွက် Hunter - Titan နဲ့ MS လိုအပ်ချက်ကို ဖြည့်စည်းဖို့ Pack Unter ယူထားတာဖြစ်ပါတယ်။
Build 2 မှာတော့ Lifesteal အတွက် Item ဆိုလို့ Boots တစ်မျိူးတည်းမှာသာပါဝင်တဲ့အတွက် Triumph အစား Hunter - Vampirism ကို ရွေးချယ်ထားပြီး Tenecity အတွက် Hunter - Titan နဲ့ Bonus Exp အတွက် Mastermind ကို ရွေးချယ်ထားရခြင်းဖြစ်ပါတယ်။
Build 3 ကတော့ အားလုံးကို အဆင်ပြေအောင် ခြုံငုံပြီး ရွေးချယ်ထားပါတယ်။ Grasp of the Undying ဟာ Max Health အချိူးကိုလိုက်ပြီး Enemy Champion တွေအပေါ်မှာ Bonus Damage သက်ရောက်တာဖြစ်ပါတယ်။ Darius မှာ HP 5000 ရှိနေရင် ၄ စက္ကန့်တိုင်းမှာ တစ်ခါ Bonus Damage 100 သက်ရောက်တာနဲ့ ညီမျှတဲ့အတွက် Tank ဆော့ဖို့ လိုအပ်လာတဲ့ ပွဲမှာ ဒီ Build က အသုံးဝင်ပါလိမ့်မယ်။
Summoner Spell အနေနဲ့ Darius ဟာ Ghost ကို မဖြစ်မနေ ရွေးချယ်သင့်ပြီး Flash အစား Ignite ကို ပြောင်းလဲ ရွေးချယ်နိုင်ပါတယ်။

Counters
Darius ရဲ့ အားနည်းချက်ကတော့ သူ့ကို အစောပိုင်းမှာ Kite ပြီး ဆော့တဲ့ Champion နဲ့ တွေ့တဲ့အခါမှာ Laning မှာ ထင်သလောက် မစွမ်းတော့တဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့် Darius ရဲ့ Counter တွေအဖြစ် Range ADC Champion ဖြစ်တဲ့ Baron Lane Vayne, Mobility ကောင်းတဲ့ Fighter Champion အသစ် Wukong, Darius ရဲ့ Aggressive play ကို ဟန့်တားနိုင်မယ့် Malphite တို့ကို ရွေးချယ် ကစားနိုင်ပါတယ်။

Tips and Tricks
Darius ရဲ့ Playstyle ကတော့ Laning Phase ကနေစပြီး Snowball လုပ်သွားရမယ့် ပုံစံဖြစ်ပါတယ်။ Lane Champion ကို 1 vs 1 မှာ အသေသတ်နိုင်တဲ့ Ability Build ရှိတဲ့အတွက် Darius ဟာ Early Game မှာကတည်းက Champion Kill ရအောင် ရယူဖို့ အရေးကြီးပါတယ်။ Enemy ဘက်က Minion Wave သာအောင် Minion ကို တက်နိုင်သလောက် Last Hit သာ လုပ်ပြီး စောင့်ရင်း Enemy က ကိုယ့်ဘက် Tower နားရောက်လေလေ Skill 2 မှာတုန်းက ဖော်ပြခဲ့သလို အတင်းဝင်ပြီး လိုက် Kill တာကတော့ အရိုးရှင်းဆုံးနဲ့ Kill ရဖို့ အလွယ်ဆုံး နည်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာကတော့ ကိုယ့်ရဲ့ Hemorrhage Stack အပြည့် မဖြစ်ခင်မှာ Enemy ထက် HP နည်းနေနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ Hp နည်းသွားလို့ ကြောက်ပြီး နောက်ပြန် Fall back လုပ်လိုက်မယ်ဆိုရင် Kite ပြီးဆော့တက်တဲ့ Player က သင့်ကို အလွယ်တကူ ပြန်လှည့်ပြီး Kill သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Ability တွေ အားလုံး အဆင်သင့်ဖြစ်နေပြီး Enemy မှာ Flash မရှိတဲ့အချိန်၊ ပြေးလမ်းကြောင်း ရှည်နေတဲ့အချိန်က နောက်ပြန်လှည့်ဖို့ မစဉ်းစားဘဲ Enemy ကို ရအောင် လိုက် Kill ဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။
Combo အနေနဲ့ Skill 3 > AA > Skill 1 > AA > Skill 2 > AA > AA > AA ဖြစ်ပါတယ်။
Skill 3 နဲ့ မိအောင် ဖမ်းထားတဲ့ Unit ကို Auto Attack လုပ်ပြီး 40% MS Slow နေတဲ့ Unit ကို Skill 1 သုံးပြီး သွေးနည်းအောင် တိုက်ခိုက်ရပါမယ်။ ပြီးရင်တော့ Auto Attack တစ်ချက်၊ Skill 2 သုံးပြီး Hemorrhage Stack ပြည့်တဲ့အထိ Auto Attack ဆက်တိုက် လိုက်လုပ်ရတဲ့ Combo ကတော့ Early Game, Mid Game, Late Game အထိ အသုံးဝင်တဲ့ ကစားပုံဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Hemorrhage Stack (၅) ခု ပြည့်ဖို့က အဓိက ဖြစ်ပြီး Team Fight တွေမှာ Unit တစ်ခုတည်းကို Aim ပြီး Stack ဖြည့်တက်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ Team Fight ရဲ့ အပြင်ဘက်မှာ တစ်ကောင်တည်း ထွက်နေတဲ့ Champion ကို အမြန်သွား Aim ပြီး Noxian Might Buff ရလာတော့မှ Battle ဘက်ကို အာရုံပြန်စိုက်ပြီး ဆိုင်ပေးရတာမျိူးလည်း ရှိတက်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘယ်လိုအခြေအနေမျိူးမှာဖြစ်ဖြစ် Noxian Might Buff ရအောင် ဘယ် Target ကို ဦးစားပေးပြီးတိုက်ခိုက်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။
Noxian Might ပြည့်နေတဲ့ Darius ဟာ Enemy တွေကို Ultimate နဲ့ ဆက်တိုက် Kill နိုင်မှာဖြစ်ပြီး Team Fight ထဲမှာ ပြန် Heal ပြီး sustain ဖြစ်နေမယ့် Fighter Carry Champion တစ်ကောင် ဖြစ်နေစေပါလိမ့်မယ်။

မည်သို့ပင်ဆိုစေကာမူ Darius ဟာ Slow, Hook, Armor Peneration, True Damage, AoE Ability, Minion Wave Clear Ability တွေနဲ့ ဖွဲ့စည်းထားပြီးသား Carry Champion တစ်ကောင်ဖြစ်ပါတယ်။ အရမ်း Aggressive ဖြစ်ပြီး အချိန်တိုင်း Battle ဆိုင်ချင်၊ 1 vs 1 ချင်၊ Team Fight လုပ်ချင်တဲ့ ကစားသမားတွေအတွက်တော့ ရွေးချယ်ဖို့ အကောင်းဆုံး Champion တစ်ကောင်ဖြစ်ပါတယ်။
Darius ရဲ့ ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။
Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ Darius ရဲ့ Ability တွေ အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်သင့်ပါတယ်။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံရဲ့ သဘောတရားတွေကို နားလည်ပြီဆိုရင်တော့ Darius ဟာ သင့်ရဲ့ Rank game တွေမှာ မျက်နှာပန်းလှစေမယ့် Champion တစ်ကောင် ဖြစ်လာမှာပါ။
အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
လာမယ့် အပတ်မှာလည်း Wild Rift ရဲ့ Jungler တွေထဲကမှ AP Jungler ဖြစ်တဲ့အပြင် Objective ဖြစ်တဲ့ Elemental Drake ယူနိုင်ရင် ယူနိုင်သလောက် Strong ဖြစ်လာမယ့် Shyvana ရဲ့ Ability Breakdown ကို ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် Aura Esports And Gaming Network Page ကို Follow ထားပြီး Support လုပ်နိုင်ပါတယ်။
Comments