top of page
Search

Shyvana: The Half-Dragon- Backstory and Gameplay Suggestion

  • Ko Boo
  • Jan 3, 2021
  • 9 min read

Updated: Jan 22, 2021

ဘယ် Esports Video game ပဲဖြစ်ဖြစ် Objective ရအောင် ကစားနိုင်ဖို့လိုပါတယ်။ League of Legends: Wild Rift လိုမျိူး MOBA game မှာလည်း Objective တွေဖြစ်တဲ့ Tower, Drake, Baron, Nexus တို့ကို အဆင့်ဆင့်ယူဖို့ လိုအပ်ပါတယ်။ Wild Rift ထဲက Champion တစ်ကောင်ဖြစ်တဲ့ Shyvana ဆိုရင် Objective ယူဖို့ ပိုတောင် လိုအပ်ပါသေးတယ်။ အကြောင်းက Shyvana ဟာ Game ရဲ့ အဓိက Objective ဖြစ်တဲ့ Drake တွေ ယူနိုင်ရင် ယူနိုင်သလောက် Strong ဖြစ်သလို မယူနိုင်ရင်လည်း ဒီ Champion ရဲ့ စွမ်းဆောင်နိုင်စွမ်းက သိသိသာသာ တက်မလာနိုင်တဲ့အတွက် High Risk, High Reward Champion ဖြစ်ပါတယ်။ ဒါကြောင့် Gank > Objective > Win ဆိုတဲ့ Format အတိုင်း မှန်မှန်လေး ကစားတက်တဲ့ ကစားသမားဆိုရင်တော့ Shyvana က သင့်အတွက် ရွေးချယ်ချင်စရာ Champion တွေထဲက Champion တစ်ကောင် ဖြစ်စေမှာပါ။ ဒါကြောင့် Shyvana ရဲ့ Ability Breakdown, Item build, Rune ရွေးချယ်မှုနဲ့ Tips and Tricks suggestion တွေကို ဖော်ပြလိုက်ပါတယ်။


What is Shyvana


Shyvana (ရှီဗားနား) ဟာ Jungle Champion တစ်ကောင်ဖြစ်ပါတယ်။ နောက်ပြီး Human Form နဲ့ Dragon Form နှစ်မျိူးကွဲပြီး ဆော့ရတဲ့ Champion ဖြစ်သလို Ability သုံးဖို့အတွက် Mana, Energy မလိုဘဲ Cooldown ပြည့်တာနဲ့ သုံးလို့ရတဲ့ Champion တွေထဲက တစ်ကောင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် Shyvana ရဲ့ Attack ပြုလုပ်မှုတိုင်းကနေ Rage Bar က တက်လာမှာဖြစ်ပြီး Rage Bar ပြည့်နေတဲ့အချိန်မှသာ Ultimate ဖြစ်တဲ့ Dragon Form ကို ပြောင်းလို့ရမှာဖြစ်ပါတယ်။ Dragon Form မှာသုံးရတဲ့ Ability တွေက Human Form ထက် အများကြီးပိုကြမ်းတဲ့အတွက် Team Fight စတဲ့ အချိန်မှာ Rage အပြည့်ဖြစ်နေအောင် ကြိုဖြည့်ထားဖို့ အရေးကြီးပါတယ်။


Shyvana ဟာ တခြား Lane တွေထက် စာရင် Jungle Only ဆော့ဖို့ အကောင်းဆုံးဖြစ်ရတဲ့အချက်က သူ့အသင်းက Elemental Drake တစ်ကောင် Kill လိုက်တိုင်း သူ့ရဲ့ Ability တွေက Strong ပိုဖြစ်လာတဲ့အတွက်ပါ။ ဒါကြောင့် Lane မှာ Farm ပြီး ကစားခြင်းထက် ကိုယ်တိုင် Drake ရအောင် ဦးဆောင်ပြီး Kill နိုင်မယ့် Jungle Role က Shyvana အတွက် အသင့်တော်ဆုံးဖြစ်နေတာပါ။ နောက်ပြီး Shyvana က AP ရဲ့ AD ပါ ဆော့လို့ရတဲ့ Champion ဖြစ်ပါတယ်။ Hybrid တစ်ပြိုင်တည်း AP/AD ထည့်ပြီး ဆော့လို့ရတဲ့ ပုံစံမျိူး မဟုတ်ဘဲ ပွဲရဲ့ အခြေအနေကို လိုက်ပြီး AD Fighter or AP Mage ဆိုတဲ့ ပုံစံနဲ့ ကစားနိုင်တဲ့ Champion ဖြစ်လို့ Champion Pick ကို ကြည့်ပြီးမှ Build ပြောင်းဆော့နိုင်တဲ့ အားသာချက်လည်း ရှိပါသေးတယ်။ Shyvana ဟာ Meta Champion မဟုတ်ပေမယ့် Wild Rift အနေနဲ့တော့ ဆော့ပျော်တဲ့ Champion တစ်ကောင်ပါ။


Passive


Fury of the Dragonborn


Shyvana ရဲ့ Passive Ability ကတော့ Elemental Drake တွေနဲ့ Elder Drake ကို တိုက်ခိုက်တဲ့အခါ 20% Damage ပိုထိတာဖြစ်ပါတယ်။ ဒါကြောင့် Shyvana အနေနဲ့ Wild Rift မှာ ရှိသမျှ Champion တွေအားလုံးထက် Drake Kill တဲ့နေရာမှာ ပိုမြန်ပြီး ပိုလွယ်ပါတယ်။ Shyvana ကို မဖြစ်မနေ Jungle ဆော့ဖို့ တွန်းအားဖြစ်စေတဲ့ အကြောင်းပြချက်ကလည်း ဒီ Passive ကြောင့်ပဲဖြစ်ပါတယ်။ နောက်ပြီး Shyvana ရဲ့ ထူးခြားချက်တစ်ခုက သူကိုယ်တိုင် (သို့မဟုတ်) သူ့အသင်းက Drake တစ်ကောင် Kill လိုက်တဲ့ သူ့ရဲ့ Dragon Form နဲ့အသုံးပြုမယ့် Ability (၄) ခုထဲက တစ်ခုက ပိုပြီး Strong လာတာပါပဲ။ ဒါဟာ Kill လိုက်တဲ့ Drake အလိုက် Ability တွေမှာ အဆင့်မြင့်လာလဲဆိုတာကတော့


Mountain Drake (အညို) ကို Kill လိုက်ရင် Skill 1 (Twin Bite) မှာ Strong ဖြစ်လာပါတယ်။

Cloud Drake (အဖြူ) ကို Kill လိုက်ရင် Skill 2 (Burn Out) မှာ ပိုကြမ်းလာမှာပါ။

Infernal Drake (အနီ) ကို Kill လိုက်ရင် Skill 3 (Flame Breath) မှာ Strong ဖြစ်လာပြီး

Ocean Drake (အစိမ်း) ကို Kill လိုက်ရင် Ultimate (Dragon's Descent) ကို အဆင့်မြင့်သွားစေမှာပါ။


Shyvana ရဲ့ Skill 1 နဲ့ 2 က AD (Fighter) Type ဖြစ်ပြီး

Skill 3 နဲ့ Ultimate ကတော့ AP (Mage) Type ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ပြီးဆော့တဲ့ Play Style ကိုလိုက်ပြီး Ability ဦးစားပေးတင်ဖို့လိုသလို ပေါ်နေတဲ့ Drake ကို လိုက်ပြီး ဘယ် Drake က ကိုယ့်အတွက် အထောက်အကူဖြစ်လားဆိုတာကို ကြည့်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Shyvana မှန်ရင် ဘာ Drake ပဲလာလာ မရ ရအောင် Kill နိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။


Skill 1 : Twin Bite (AD)


Shyvana ဟာ Human Form နဲ့ Dragon Form (၂) မျိူး ကွဲတဲ့ Champion ဖြစ်ပါတယ်။ Twin Bite က AD နဲ့ Damage ထိတာဖြစ်တဲ့အတွက် Fighter Build နဲ့ဆော့တဲ့အခါ ဒုတိယ ဦးစားပေးတင်ရမယ့် Ability ဖြစ်ပါတယ်။


Human Form


ကြိုသုံးထားရတဲ့ Active Ability ဖြစ်ပြီး (၇) စက္ကန့်အတွင်းမှာ တိုက်ခိုက်မယ့် Auto Attack ကို Double Strike (လက်သီး နှစ်လုံး စုံထိုး) စေမှာပါ။ လက်သီးတစ်လုံးက ပုံမှန် AD Damage ဖြစ်ပြီး နောက်ထပ်လက်သီးကတော့ အနည်းငယ် Damage လျော့ပါမယ်။ အားသာချက်ကတော့ နှစ်ချက်စလုံးမှာ On-hit effect ဝင်စေမယ့် အချက်ဖြစ်ပါတယ်။ On-hit effect ဆိုတာကတော့ Critical Strike, Lifesteal, Cleave, Armor Reduction Stacks, Boost Damage, Item Bonus Damage စတဲ့ Buff မျိူးတွေဖြစ်ပြီး Fleet Footwork နဲ့ Electrocute တို့လို့ Rune တွေရဲ့ Hit Count Effect တွေ ပါဝင်ပါတယ်။ ဥပမာ - Infinity Edge လိုမျိူး Critical Item ထည့်ထားခဲ့မယ်ဆိုရင် တိုက်ခိုက်မယ့် Double Attack နှစ်ခုစလုံးမှာ Critical တက်နိုင်မယ့် Chance အသီးသီးရှိနေမှာဖြစ်ပါတယ်။ Blade of the Ruined King လိုမျိူး Item ဆိုရင်လည်း ဒီ Attack (၂) ချက်စလုံးမှာ Bonus Damage ထိပြီး Lifesteal ဝင်တာမျိူးတွေဖြစ်ပါတယ်။


Dragon Form


Skill 1 ကို Dragon From ပြောင်းထားတဲ့အချိန်မှာ အသုံးပြုရင်တော့ Twin Bite ကို AoE နဲ့ သတ်ရောက်စေမှာဖြစ်ပါတယ်။ Human Form တုန်းကလို Double Strike မယ့်အပြင် AoE အတွင်းက Unit အားလုံးကို on-hit effect သက်ရောက်စေမှာပါ။


Skill 2 : Burn Out


Human Form

3 seconds ကြာမြင့်မယ့် AoE Damage per Second Ability ဖြစ်ပြီး Shyvana ဘေးက Enemy တွေကို AP Damage သက်ရောက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Shyvana အနေနဲ့ 30% Bonus Decay Movement Speed ကိုပါ ရရှိမှာပါ။ Decay Movement Speed ဆိုတာက စစချင်းမှာ 30% အပြည့်ရမှာဖြစ်ပြီး တဖြေးဖြေးနဲ့ လျော့သွားမယ့် Bonus မျိူးပါ။ 3 seconds လုံး 30% မြန်နေမှာမဟုတ်ပါဘူး။ များများယူရင် ယူသလောက် Damage per second အနေနဲ့ (25/45/65/85 AD) + 25% AD ဆိုပြီး တက်လာမှာပါ။ ဒါကြောင့် Early Game မှာ Base Damage ပိုများတဲ့အတွက် AD fighter ပုံစံနဲ့ကစားတဲ့အခါ ဒီ Ability ကို အရင်ဆုံးဦးစားပေး Level တင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Skill 1 ကို ဦးစားပေးတင်တဲ့ Figher Shyvana တွေလည်းရှိပါတယ်။ Skill 1 တင်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် Early Game မှာ AD item လုံလုံလောက်လောက်မရှိသေးချိန်မှာ Skill 1 တင်တာထက် Skill 2 က Jungle ထဲမှာ Farm တဲ့အခါ အရမ်းမြန်ပြီး လွယ်စေတဲ့အတွက်ဖြစ်ပါတယ်။ တကယ်လို့ သင်က အရမ်းကို Aggressive ဖြစ်ပြီး lane အရမ်း Gank ဖို့ အားသန်တဲ့ Player ဆိုရင်တော့ Skill 1 ကို အရင် Max တာ ပိုတန်ပါလိမ့်မယ်။ Auto Attack လုပ်တိုင်း Cooldown ပြန်ကျတဲ့ Skill 1 ကလည်း Jungle တိုးတဲ့အခါ အထိုက်အလျောက် ကောင်းပါတယ်။


Dragon Form


Human Form တုန်းကအတိုင်း Damage နဲ့ Bonus Decay Movement Speed က မပြောင်းလဲပါဘူး။ ဒါပေမယ့် Dragon Form နဲ့ Skill 2 သုံးထားတဲ့အချိန်မှာ Auto Attack လုပ်လိုက်တိုင်း Burn Out ရဲ့ ကြာချိန်ကို 1 second ဆီ တိုးသွားမှာဖြစ်ပါတယ်။ အများဆုံး 4 seconds အထိ ပိုတိုးနိုင်တဲ့အတွက် Dragon Form မှာ Burn Out ကို သုံးထားပြီး Auto Attack ဆက်တိုက်လုပ်နိုင်မယ်ဆိုရင် 7 seconds အထိ ကြာမြင့်တဲ့ Burn Out အသုံးပြုခွင့်ကို ရရှိပါမယ်။


Dragon Form (Cloud Drake Bonus)


Dragon Form မှာ Burn Out သုံးတဲ့အခါ ရရှိမယ့် Decay Bonus Movement Speed ဟာ 30% မဟုတ်ဘဲ 55% ရရှိမှာဖြစ်ပါတယ်။


Skill 3 : Flame Breath


Range Damage Ability ဖြစ်ပြီး အသုံးပြုလိုက်တဲ့ လမ်းကြောင်းတစ်လျှောက်က Minion, Small Jungle Monster, Crab စတဲ့ Unit များအားလုံးကို Damage သက်ရောက်စေမယ့် Ability ဖြစ်ပါတယ်။ ဒါမယ့် အသုံးပြုလိုက်တဲ့ မီးလုံးဟာ Champion, Large Jungle Monster, Drake, Rift Herald, Baron တို့ကို ထိသွားတဲ့အခါမှာတော့ အဆိုပါ Unit နေရာမှာ ရပ်တန့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Early Game Jungle ထဲမှာ နေတဲ့အခါ ဒီ Ability နဲ့ Unit အများကြီးကို ရှင်းဖို့သုံးနိုင်ပေမယ့် Lane Gank တဲ့အခါမှာတော့ Champion တစ်ကောင်တည်းကိုပဲ ချိန်ပြီး သုံးနိုင်မှာပါ။


ဒီ Ability ကတော့ AP ရော AD ပါ Damage သက်ရောက်မှာဖြစ်ပြီး AP အချိူးက ပိုများတဲ့အတွက် Mage Jungler ဆော့ချင်တဲ့ ကစားသမားတွေအတွက် ဦးစားပေး Level တင်ပေးရမယ့် Ability ဖြစ်ပါတယ်။ Human Form နဲ့ Dragon Form Damage အချိူးကို အောက်ဆုံးမှာ ဖော်ပြထားပါတယ်။


Scorch Effect


Flame Breath နဲ့ အသုံးပြုခံရတဲ့ Unit တွေရဲ့ ခေါင်းပေါ်မှာ Scorch effect icon လေးတွေ ပေါ်နေပါလိမ့်မယ်။ အဆိုပါ Unit ကို Shyvana က Auto Attack လုပ်လိုက်ရင် Unit ရဲ့ 3.5% Max Health Damage ကို Magic Damage အနေနဲ့ သက်ရောက်မှာဖြစ်ပါတယ်။


Dragon Form


Dragon Form မှာ အသုံးပြုမယ့် Flame Breath ကတော့ AP damage က သိသိသာသာပိုပြီးများပါတယ်။ AP Shyvana ဆော့တဲ့သူတွေအနေနဲ့ One Shot Mage ပုံစံဆော့တဲ့အခါ အဓိက အသုံးပြုရတဲ့ Ability လည်းဖြစ်ပါတယ်။ Dragon Form ရဲ့ Flame Breath ဟာ ထိသွားတဲ့ Unit နေရာမှာ AoE ပုံစံ ပေါက်ကွဲသွားမှာဖြစ်ပြီး မြေပေါ်မှာ 4 seconds ကြာမြင့်တဲ့ မီးလောင်နေမယ့် Debuff ကို ချန်ထားမှာဖြစ်ပါတယ်။ ပေါက်ကွဲသွားတဲ့ AoE အတွင်းက Non Allied Unit တွေ နဲ့ မီးလောင်နေတဲ့ AoE ကို နင်းမိတဲ့ Non Allied Unit တွေအားလုံးကို Scorch Effect သက်ရောက်စေမှာပါ။ ဒီ မီးလောင်တဲ့ Damage က 8.5~22.5 + (2.5%AD)+(5%AP) Magic DPS သက်ရောက်ပါလိမ့်မယ်။


Dragon Form (Infernal Drake Bonus)


Flame Breath ရဲ့ Scorch Effect ဝင်နေတဲ့ Unit တွေကို Shyvana က တိုက်ခိုက်တဲ့အခါ 3.5% Max Health Damage သက်ရောက်မှာဖြစ်ပါတယ်။ ဒီ Damage Type ဟာ ပုံမှန်ဆို Magic Damage ဖြစ်ပေမယ့် Infernal Drake Bonus ရပြီးချိန်မှာ True Damage Type ဖြစ်သွားမှာပါ။


Human Form Damage Ratio = 60/100/160/310 + (30%AD) + (40%AP)

Dragon Form Damage Ration = 105/155/205/255 + (50%AD) + (70%AP) + 5~75 Damage

Ultimate : Dragon's Descent


Shyvana ဟာ Basic Ability တိုင်းကို Cooldown ပြည့်တာနဲ့ သုံးလို့ရပေမယ့် Ultimate ကိုတော့ Rage ပြည့်မှသာ သုံးလို့ရမှာပါ။ Rage ဟာ 1 second 1 Rage နှုန်းနဲ့ တက်ပြီး Shyvana က Auto Attack တစ်ခုခုလုပ်လိုက်တိုင်း 2 Rage တက်ပါတယ်။ Rage 100 ပြည့်တဲ့အချိန်မှာ Ultimate စ သုံးလို့ရပါပြီ။ ဒီ Ultimate မှာတော့ Cooldown ရယ်လို့ မရှိတဲ့အတွက် Rage ပြည့်တာန


AoE Vector Ability ဖြစ်ပြီး Shyvana ဟာ အဆိုပါ AoE အလိုက် ခုန်သွားပြီး Dragon Form ကို ပြောင်းသွားမှာဖြစ်ပါတယ်။ Dragon Form ပြောင်းသွားတဲ့ AoE လမ်းကြောင်း အတွင်းက Enemy Unit တွေအားလုံးကို တရွတ်ဆွဲပြီး ခေါ်သွားမှာဖြစ်လို့ ဒီ Ultimate က Shyvana ရဲ့ တစ်ခုတည်းသော Crowd Control Ability လို့ ပြောလို့ရပါတယ်။ Crowd Control Type ကတော့ Knock Up Type ဖြစ်လို့ Yasuo ရဲ့ Ultimate နဲ့လည်း တွဲပြီး သုံးလို့ရမှာပါ။


Dragon's Descent ဟာ AP Only Damage ဖြစ်ပါတယ်။ 150/250/350 + (80%AP) ဆိုတဲ့ Damage အတိုင်း AoE အတွင်း သက်ရောက်မှာဖြစ်ပြီး Dragon Form ပြောင်းသွားချိန်မှာတော့ 150/250/350 Bonus HP နဲ့ Model Size ကတော့ သိသိသာသာ ကြီးသွားစေမှာပါ။ Dragon Form ပြောင်းနေချိန်မှာ Rage အနေနဲ့ 1 second ကို 5 Rage နှုန်းနဲ့ ပြန်ကုန်နေမှာဖြစ်ပြီး Rage တွေအားလုံး Zero ဖြစ်သွားချိန်မှာတော့ Human Form ကို ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ Dragon Form အချိန်အတွင်းမှာ Shyvana ရဲ့ Basic Skill အားလုံးဟာ အဆင့်မြင့်နေမှာဖြစ်ကြောင်း အထက်က Basic Ability တိုင်းမှာ ဖော်ပြခဲ့ပြီဖြစ်ပါတယ်။


ထူးခြားချက်ကတော့ Ultimate သုံးပြီး Form ပြောင်းသွားချိန်မှာ Shyvana ဟာ Unstoppable ဖြစ်နေမှာပါ။ ဒီအချိန်ပိုင်းလေးအတွင်းမှာ သူ့ကို Knock up, Airborne, Root, Stun စတာတွေသုံးပြီး နေရာမှာ ရပ်သွားအောင် လုပ်လို့ မရပါဘူး။ ဘာပဲ သုံးခံရပါစေ သူ့ရဲ့ မြေပေါ်ကျမယ့် နေရာကို ရောက်အောင်သွားပါလိမ့်မယ်။


Dragon's Descent (Ocean Drake Bonus)


Shyvana ရဲ့ Dragon Form မှာ ရမယ့် Bonus HP ဟာ 150/250/350 အစား 300/500/700 Bonus HP ကို ရရှိစေမှာပါ။


Fighter Shyvana (AD build)


များသောအားဖြင့် Shyvana ကို Jungle Mage အဖြစ် ကစားတာ ပိုများပြီး အခြေအနေအလိုက် Fighter ပုံစံလည်း ကစားနိုင်ပါတယ်။ ဒါပေမယ့် PC version မှာ Dark Harvest ဆိုတဲ့ Key Stone Rune ပါဝင်တဲ့အတွက် Mage Shyvana က ပိုပြီး ဆော့လို့ ကောင်းတာကြောင့်လည်းပါပါလိမ့်မယ်။ Mobile Wild Rift မှာတော့ Mage အနေနဲ့ ဆော့မယ်ဆိုရင် Dark Harvest Rune ရွေးစရာမရှိတဲ့အတွက် Electrocute နဲ့သာ ကစားနိုင်မှာပါ။ ဒါကြောင့် Shyvana ဟာ Mage အနေနဲ့ ပိုကောင်းတာ မှန်ပေမယ့် Wild Rift မှာတော့ AD Fighter player style ကို ပိုပြီး ယေဘုယျကျတဲ့ ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။ Mage အနေနဲ့ဆော့တဲ့အခါ Skill 3 နဲ့ Ultimate က အဓိက AP damage ပေးတဲ့ Ability တွေဖြစ်ပါတယ်။ Mobile Version မှာ ဒီ Ability နှစ်ခုရဲ့ AP ratio တွေအနေနဲ့ Skill 3 ကို -30% , Ultimate ကို -20% စီ အသီးသီး Nerf ထားတဲ့အတွက် အဖက်ဖက်က ကြည့်ရင် Mage အနေနဲ့ ဆော့မယ့် Shyvana တွေအတွက် အားသာချက်တွေကို လျှော့ချထားသလိုဖြစ်နေတာကြောင့်လည်း ပါပါတယ်။


ဒါကြောင့် AD fighter Shyvana အနေနဲ့ Skill 2 > 1 > 3 ပုံစံနဲ့ ဦးစားပေးတင်ရမှာဖြစ်ပြီး Item ကို ရွေးချယ်တဲ့နေရာမှာလည်း Attack Damage, Movement Speed, Lifesteal, Armor, Magic Resistance, HP စတာတွေကို အားလုံး မျှတစေမယ့် Build တစ်ခုကို ဖော်ပြထားပါတယ်။ Default Fighter Build ကတော့ Tank Only Style ပါ။ အသင်းမှာ Tank တစ်ကောင်မှ မပါတဲ့အခါ ဒီ Build က တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် Shyvana ဟာ Darius လိုမျိူး Damage အမြောက်အများပေးမယ့် Ability မျိူး မပါဝင်တဲ့ တစ်ချက်ကို ချင့်ချိန်ကြည့်ဖို့လိုပါတယ်။ နောက်ပြီး Shyvana ဟာ Amumu လိုမျိူး Crowd Control လည်း ကောင်းကောင်းမပါသလို Malphite လိုမျိူး Armor ကောင်းလေ Ability တွေ Damage တက်လာတာမျိူးလည်း မရှိပါဘူး။ Shyvana လို Hybrid Champion တစ်ကောင်အတွက် Fighter ပုံစံဆော့မယ်ဆိုရင် Fighter ဆန်တဲ့ Build အဖြစ် အကုန်မျှအောင် ရွေးချယ်ထားဖို့လိုပါတယ်။


1. Tri Force

2. Blade of Ruined King

3. Sterak's Gage

4. Death's Dance

5. Spirit Visage / Adaptive Helm

6. Ninja Tabi > Ninja Glory


Shyvana ဟာ Mana မသုံးပါဘူး။ ဒါပေမယ့် Tri Force ကို ထိပ်ဆုံးမှာ ထည့်ထားရတဲ့ ရည်ရွယ်ချက်က သူ့ရဲ့ Attack Speed အတွက်ဖြစ်ပါတယ်။ Tri Force + Blade of Ruined King နှစ်ခုဟာ Attack Speed ကောင်းကောင်းပါဝင်ပြီး Hp, AD, Ability Haste, Lifesteal စတာတွေ အားလုံးကို ဒီ Build နှစ်ခုမှာတင် ရနိုင်ပါတယ်။ Attack Speed ကောင်းမှ Skill 1 ရဲ့ Cooldown က မြန်မှာပါ။ Attack Speed item က အရေးကြီးပါတယ်။ Fighter ဆန်ဆန် Team Fight မှာ ကြာကြာနေနိုင်ဖို့ Hp + Damage ရမယ့် Sterak's Gage, Lifesteal နဲ့ Bleed Effect ရမယ့် Death's Dance, Magic Resistance အတွက် Spirit Visage ကို ဦးစားပေး ရွေးချယ်ထားပါတယ်။ Blade of Ruined King + Death's Dance + Hunter - Vampirism Rune ကနေရတဲ့ Lifesteal အားလုံးဟာ Drain Effect ဖြစ်ပါတယ်။ Spirit Visage ဟာ Drain Effect ကို 30% တိုးစေပါတယ်။ ဒါကြောင့် Magic Resistance ကို ရွေးချယ်တဲ့နေရာမှာ Spirit Visage ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ တစ်ဖက်အသင်းက Mage Assassin တွေအရမ်းများနေတဲ့အခါမှသာ Adaptive Helm ကို ရွေးချယ်သင့်ပါတယ်။ Boots အနေနဲ့ကတော့ Armor Boots ကို Movement Upgrade ရစေဖို့ နောက်ဆုံးမှ Ninja Glory ကို ရွေးချယ်ဖို့ ထည့်သွင်းထားပါတယ်။


Rune


Rune တွေကတော့ Conqueror, Hunter - Vampirism, Hunter - Titan နဲ့ Mastermind တို့ကို အထက်မှာ ရွေးချယ်ခဲ့တဲ့ Item တွေနဲ့ လိုက်ဖက်စေဖို့ အဆင်အပြေဆုံး Rune များအနေနဲ့ ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ Mastermind အစား Pathfinder ကို ရွေးချယ်နိုင်ပါတယ်။


Mage Shyvana (Full AP Build)


Shyvana ရဲ့ ယေဘုယျ ကျတဲ့ Playstyle ဖြစ်ပြီး လူကြိုက်ပိုများပါတယ်။ ဒါပေမယ့် Mage Shyvana အနေနဲ့ဆော့မယ်ဆိုရင်တော့ Kite ပြီး ဆော့တက်မှ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ Team Fight ကို Ultimate နဲ့ အစပြုပြီး ဆက်တိုက်တဲ့အခါ Full AP ထည့်ထားတဲ့ Shyvana အနေနဲ့ Skill 3 Dragon Form နဲ့ ဆက်တိုက် တိုက်ခိုက်နိုင်မှသာ အဆင်ပြေမှာပါ။ Skill 3 Dragon Form ရဲ့ AoE ဟာ သိသိသာသာ ကြီးမားပြီးတော့ လုံလောက်တဲ့ Ability Haste ရှိရင် Late Game မှာ 5 seconds ကို တစ်ခါလောက် AoE Nuke အဖြစ် အသုံးပြုနိုင်မှာပါ။ Mage Shivana ဟာ Full AP နဲ့ဆော့ရတာဖြစ်လို့ Team Fight တွေမှာ Front Line မှာ နေဖို့အဆင်မပြေပါဘူး။ ဒါကတော့ Jungler တစ်ကောင်အနေနဲ့ အားနည်းချက်ဖြစ်လို့ အသင်းမှာ Tank Mid, Tank Solo, Tank Support နှစ်ကောင်လောက် ပါတဲ့ပွဲမှ ကစားဖို့ သင့်တော်ပါလိမ့်မယ်။


1. Nashor's Tooth

2. Liandry's Torment

3. Morellonomicon

4. Rabadon's Deathcap

5. Void Staff

6. Ionian Boots > Ionian Protobelt


Shyvana ဟာ Mana မသုံးတဲ့အတွက် Mana တက်စေတဲ့ Mage Item တွေဖြစ်တဲ့ Luden's Echo, Lich Bane, Awakened Soulstealer စတာတွေကို မရွေးချယ်ထားပါဘူး။ Rylai's Crystal Scepter ကလည်း 1 second slow ပေးတယ်ဆိုပေမယ့် Morellonomicon, Deathcap, Void Staff ဆိုတဲ့ Item ၃ ခု Combo နေရာမှာ အစားထိုးဖို့ ခက်ခဲတဲ့အတွက်ဖြစ်ပါတယ်။ ဒီ Build မှာပါတဲ့ Ability Haste ဟာ 43 ရှိတဲ့အတွက် Max Level မှာ Flame Breath ရဲ့ Cooldown ဟာ 5.6 seconds သာ ရှိတော့မှာဖြစ်ပါတယ်။ ဒါ cooldown လောက်ဆိုရင် တော်တော်လုံလောက်ပြီဖြစ်ပါတယ်။ Team Fight တွေမှာ Champion Kill နိုင်ဖို့ လုံလောက်မှာပါ။ Full AP ဆက်ထားတဲ့အတွက် Shyvana ဟာ ဘယ်တော့မှ Team Fight တွေရဲ့ Back Line မှာပဲ နေရမယ်လို့ ပြောတာမျိူးတော့ မဟုတ်ပါဘူး။ Dragon Form ပြောင်းပြီးချိန်မှာ Bonus Hp ရတဲ့အတွက် အထိုက်အလျောက်တော့ Tank ဖြစ်ပြီးသားပါ။


Rune တွေအနေနဲ့

Electrocute,

Gathering Storm,

Hunter - Titan,

Hunter - Genius တို့ကို Mage ဆန်ဆန်အသုံးပြုနိုင်ဖို့ ရွေးချယ်ထားပါတယ်။


Tips and Tricks


Shyvana ဟာ Difficulty 1 သာ ရှိတဲ့ Champion ဖြစ်ပါတယ်။ သူ့ Ability တွေက ဘာပြီးရင်ဘာသုံးဆိုတဲ့ Combo တွေလည်း မရှိပါဘူး။ Mana Management လည်း ပူစရာ မလိုပါဘူး။ သုံးပြီးမှ လွဲသွားနိုင်တဲ့ Skill Shot တွေလည်း အများကြီး မပါပါဘူး။ Shyvana ရဲ့ အရိုးရှင်းဆုံးနဲ့ အရေးအကြီးဆုံး Tips ကတော့ Drake Pit ထဲကို Vision ချထားပြီး စောနိုင်သမျှ စောစော Drake ယူဖို့ပဲဖြစ်ပါတယ်။ တခြား Champion တွေထက် အားသာချက်အဖြစ် Elemental Drake ကို တိုက်ခိုက်တဲ့အခါ သူ့ရဲ့ Damage Source အားလုံးကနေ 20% Extra Damage ထိတာ ပါဝင်နေတဲ့အတွက် Solo Drake Kill ဖို့အားသာချက်အရှိဆုံး Champion ဖြစ်ပါတယ်။ ဒီ အားသာချက်ကို မှန်မှန်အသုံးချဖို့က Shyvana အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ League of Legends: Wild Rift ရဲ့ Objective တွေမှာလည်း Drake က အရေးပါတဲ့အတွက် မိမိအသင်းအတွက် Drake ရခြင်းဟာ Enemy Team ကို Drake cancel လိုက်တာနဲ့ အတူတူပဲဖြစ်သလို ကိုယ် Drake တစ်ကောင် Kill လိုက်တိုင်း Ability တွေ ပို Strong သွားတဲ့အပြင် အသင်းလိုက် အကျိူးဆက်တွေ ဖြစ်လာစေမှာပါ။


Fighter Shyvana အနေနဲ့ Jungle စတိုးတဲ့အခါ 2 > 3 > 1 > 2 > Ultimate ဆိုတဲ့ အစဉ်လိုက်အတိုင်းသွားပြီး စနိုင်ပါတယ်။ Mage Shyvana ဆိုရင်တော့ 3 > 2 > 1 > 3 > Ultimate အစဉ်အတိုင်း တင်နိုင်ပါတယ်။ ဘယ် playstyle နဲ့ပဲ စစ Raptor (ကြက်တူရွေး) Camp ကနေ အရင်စပြီး Red Buff > Krug (ကျောက်တုံး Camp) ဆိုတဲ့ အစဉ်လိုက်အတိုင်း သွားရင် Hp ဘယ်လောက်မှ မလျော့ဘဲ game time 1 : 20 Minutes မှာတင် Level 3 ကို ရောက်နိုင်ပါတယ်။ ပြီးတာနဲ့ အနားက Lane ကို Gank ပြီး Crab > Mid Lane Gank လမ်းကြောင်းအတိုင်း သွားနိုင်ပါတယ်။ Shyvana ဟာ Early Game မှာ Mana လုံးဝ ပူစရာ မလိုတဲ့အတွက် Red Buff အခြမ်းကနေ နဲ့ စပြီး အဲ့ဒီ့ Red Buff မကုန်ခင် Lane ကို Level အသာနဲ့ Gank နိုင်ပါတယ်။


Shyvana ရဲ့ Concept က Gank > Objective > Win ဆိုတဲ့ Pattern အတိုင်း ရိုးရိုးရှင်းရှင်းသွားတဲ့ Champion ဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့ Pattern လေးကို ထပ်ခါ ထပ်ခါ မှန်မှန်လေး သုံးပေးနိုင်ဖို့ပဲလိုပါတယ်။


Shyvana ဟာ ရိုးရှင်းတဲ့ Playstyle ရှိပါတယ်။ Shyvana ရဲ့ အားသာချက်ဟာ Mana မလိုတာဖြစ်ပြီး Drake Kill ဖို့လွယ်ကူတာဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့ Jungle အားသာချက် Balance ကို ပျက်အောင် ဖျက်ပစ်နိုင်တဲ့ တစ်ဖက်အသင်းရဲ့ Jungler ကသာလျှင် Shyvana ရဲ့ အဓိက Counter ဖြစ်ပါတယ်။ ဒီ Counter တွေထဲမှာ Shyvana ရဲ့ အနားကို အလွယ်တကူ ကပ်လာနိုင်တဲ့ Evelynn, Vi ၊ Tank ရုံမကဘဲ Shyvana ကို လွတ်ခွင့်မပေးဘဲ ဆက်တိုက်လိုက် တိုက်ခိုက်နိုင်တဲ့ Olaf, Xin Zhao စသည်တို့ကတော့ အဓိက Champion တွေပါ။ တစ်ဖက်က Shyvana ပါလာရင်လည်း သူ့ရဲ့ Jungle ကို Vision ချထားပြီး Invade တာမျိူးနဲ့ သူ့ရဲ့ Movement ကို ကြည့်ပြီး Drake ကို အရင်ယူတာမျိူးက အဓိက Counter တဲ့ Playstyle တွေပဲဖြစ်ပါတယ်။


မည်သို့ပင်ဆိုစေကာမူ Shyvana ဟာ Difficulty နည်းပြီး Nuke Ability တွေနဲ့ ဖွဲ့စည်းထားတဲ့ Playstyle ၂ မျိူးရှိသော Jungler Champion တစ်ကောင်ပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ Item Build ကိုရွေးချယ်ပြီး Ability တွေ Cooldown ပြည့်တိုင်း မရပ်မနား တိုက်ခိုက်တက်တဲ့ ကစားသမားတွေအတွက်တော့ ရိုးရှင်းပြီး Team အတွက် Effective ဖြစ်တဲ့ Champion တစ်ကောင်ဖြစ်ပါတယ်။


Shyvana ရဲ့ ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။


Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ Shyvana ရဲ့ Ability တွေ အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်သင့်ပါတယ်။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံရဲ့ သဘောတရားတွေကို နားလည်ပြီဆိုရင်တော့ Shyvana ဟာ သင့်ရဲ့ Rank game တွေမှာ မျက်နှာပန်းလှစေမယ့် Champion တစ်ကောင် ဖြစ်လာမှာပါ။


အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

လာမယ့် အပတ်မှာတော့ အခုချိန်ထိ မရေးရသေးတဲ့ Role တစ်ခုဖြစ်တဲ့ Support Role ကို ရွေးချယ်ထားပါတယ်။ Support Role ထဲကမှ CC / Nuke / Heal / Sheild / Root / Charm စတဲ့ Ability ပေါင်းများစွာ အမျိူးစုံတဲ့ Kpoper မလေး Seraphine နဲ့ပတ်သတ်တဲ့ Ability Breakdown များကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Seraphine ဟာ Support သာမကဘဲ Mid မှာပါ ဆော့လို့ရတဲ့ CC Mage ဖြစ်တဲ့အတွက် အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။ နောက်လာမယ့် အပတ်တွေမှာလည်း ဘယ် Champion ရဲ့ Breakdown ကို မြင်ချင်လဲဆိုတာကို Comment မှာ အကြံပြုနိုင်ပါတယ်။


 
 
 

Comments


bottom of page