Lee Sin: The Blind Monk- Backstory and Gameplay Suggestion
- Ko Boo
- Jan 17, 2021
- 9 min read
Updated: Jan 22, 2021
League of Legends: Wild Rift ဟာ Role ပေါင်းစုံ၊ Playstyle ပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ MOBA game တစ်ခုဖြစ်ပါတယ်။ Wild Rift လို MOBA တွေရဲ့ ရည်ရွယ်ချက်ဟာ Enemy Team ရဲ့ Throne (Nexus) ကို ချိူးဖျက်ဖို့က အဓိကဖြစ်ပြီး Objective တွေဖြစ်တဲ့ Elemental Drake, Rift Herald, Baron Nashor တို့ကို ရယူပြီး အနိုင်ကစားရတဲ့ Game ဖြစ်ပါတယ်။ ဒီလို Objective တွေကို ရယူပြီး ကစားပွဲကို အသာစီးရသွားတဲ့အခါမှာ တစ်ဖက်အသင်းက Comeback ပြန်လုပ်ဖို့ ခက်ခဲသွားပြီး ကစားပွဲရဲ့ အနိုင်ဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒီလို Objective တွေရယူပေးရတဲ့ Role ကတော့ Jungle (JG) Role ပဲဖြစ်ပါတယ်။ Jungle player က Early game Map Control ကို အသာစီးရယူပြီး Lane အသီးသီးက Enemy တွေကို Kill ရင်း Lane တိုင်းမှာ တဖြည်းဖြည်းချင်းစီ အားသာချက်တွေ ဆက်တိုက်ရယူသွားတာမျိူးကို Snowball ဖြစ်သွားတယ်လို့ခေါ်ပါတယ်။ ဒီလိုမျိူး Snowball သွားဖို့အတွက် high skill player တွေ ရွေးချယ်လေ့ရှိတဲ့ Champion Pool ထဲမှာ အမြဲမြင်တွေ့ရလေ့ရှိတဲ့ Champion ကတော့ Lee Sin ပဲဖြစ်ပါတယ်။ Lee Sin ဟာ High Risk, High Reward, High Skill bracket Champion တစ်ကောင်ဖြစ်ပါတယ်။ အဖက်ဖက်က ပြည့်စုံအောင် မလေ့ကျင့်ထားရင် Lee Sin အနေနဲ့ အမှားများစွာကို ပြုလုပ်နိုင်ပြီး သူ့ရဲ့ Potential ကို ကျဆင်းသွားနိုင်ပါတယ်။ Wild Rift မှာတော့ Lee Sin ဟာ PC Version ထက် ကစားရတာ ပိုလွယ်ပြီး Train ဖို့ပိုလွယ်တဲ့ Champion တစ်ကောင်ဖြစ်ပါတယ်။

Backstory
Ionian တွေ အထွတ်အမြတ်ထားတဲ့ Spirit တွေအများကြီးရှိတဲ့ထဲကမှ ဒီ နဂါးအကြောင်းကတော့ လူပြောအများဆုံးပါပဲ။ တချို့က ဒီ spirit ဟာ အပျက်အဆီးတွေရဲ့ သဘောဆောင်တယ်လို့ ယုံကြည်ကြပေမယ့် တချို့ကလည်း ဒါကို ပြန်လည်မွေးဖွားခြင်းရဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ဒီ နဂါး Spirit နဲ့ ဆက်သွယ်နိုင်တယ်လို့ တချို့က ဆိုကြပေမယ့် ဘယ်သူမှတော့ Lee Sin လောက် သေချာအတိအကျ မဆက်သွယ်နိုင်ပါဘူး။
Lee Sin ဟာ နဂါးတွေကိုယ်တိုင်က သူ့တို့ရဲ့ စွမ်းအားတွေကို ပေးဖို့ ရွေးချယ်ခြင်း ခံရတဲ့ ကလေးဖြစ်တဲ့အတွက် Shojin ဘုန်းတော်ကြီးကျောင်းကို ကလေး ဘဝကတည်း က ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆရာ ဘုန်းတော်ကြီးတွေက ဒီကလေးရဲ့ အစွမ်းအစနဲ့ ဖြစ်နိုင်ခြေကို မြင်ပေမယ့် သူ့ရဲ့ မာနကြောင့် ဖြစ်လာမယ့် အပျက်အစီးတွေကိုလည်း ကြိုမြင်နေခဲ့ပါတယ်။ ဒါကြောင့် ဆရာတွေဟာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့ပေမယ့် တခြားကျောင်းသားတွေ ပညာတွေ ဆက်တတ်နေတဲ့အချိန်မှာ Lee Sin ကို ပန်းကန်ဆေး၊ ကြမ်းတိုက်ပဲ လုပ်စေခဲ့ပါတယ်။
Lee Sin က စိတ်မရှည်တော့ပါဘူး။ သူဟာ သူ့ကံကြမ္မာကို သူဖန်တီးဖို့ ဒီကျောင်းကိုရောက်လာတာပါ။ တောက်တိုမယ်ရ လုပ်ဖို့မဟုတ်ပါဘူး။
သူဟာ လှို့ဝှက် မှတ်တမ်းတွေကို ရှာဖွေရင်း Spirit Realm ကို ဘယ်လို ပင့်ယူရမလဲဆိုတဲ့ ရှေးဟောင်းစာတွေကို ဖတ်ရှုသင်ယူမိခဲ့ပါတယ်။ ဆရာသင်နေတဲ့ တိုက်ခိုက်ရေး သင်ခန်းစာတစ်ခုမှာ သူ သင်ယူခဲ့ရတဲ့ ပညာကို ထုတ်ပြတဲ့အလှည့်မှာတော့ သူ့ရဲ့ ကန်ချက်ကြောင့် Dragon's rage ထွက်လာပြီး သူ့ဆရာ အကြောသေ သွားခဲ့ပါတယ်။ Lee sin က ရှက်လည်းရှက်၊ သူ့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့်နောင်တလည်းရပြီး အပြစ်တွေကို ပြင်ဆင်ဖို့ ကျောင်းကနေ ထွက်ခွာလာခဲ့တယ်။
နှစ်တွေကြာလာတဲ့အထိ Lee Sin ဟာ ကူညီစရာတွေ့တဲ့လူတွေကို ကူညီရင်း တစ်ယောက်တည်းလျှောက်လွင့်နေခဲ့တယ်။ သူ Freljord ကိုရောက်တဲ့အခါမှာတော့ သူ့လိုပဲ သူ့ဇာတိမြေရဲ့ Primal Beasts Spirit တွေနဲ့ ဆက်သွယ်နိုင်တဲ့ Spirit Walker Udyr နဲ့ တွေ့ဆုံခဲ့တယ်။ Udyr ဟာလည်း Lee Sin လိုပဲ သူ့ရဲ့ ဆက်နွယ်မှုကို မထိန်းချုပ်နိုင်တဲ့အတွက် သူဟာလည်း နဂါး spirit ကို ထိန်းချုပ်ပြီး အသုံးပြုဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ပိုသံသယဖြစ်လာခဲ့တယ်။ Spirit တွေကို ထိန်းချုပ်ဖို့ သင်ယူချင်တဲ့ လူနှစ်ယောက် ဆုံဆည်းမိတဲ့အတွက် သူတို့ဟာ အတူတွဲသွားဖို့ သဘောတူလိုက်ကြပြီး Lee Sin က Udyr ကို သူ့ဇာတိမြေ Ionia ကို ခေါ်လာခဲ့တယ်။
Ionia ကိုပြန်ရောက်တဲ့အခါမှာတော့ Ionia ကို Noxus Empire က ကျူးကျော် သိမ်းပိုက်သွားပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါတယ်။ ပြည်နယ်တိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးတွေကလည်း တောင်ပေါ်မှာရှိတဲ့ Hirana က အမြင့်မြတ်ဆုံး ဘုန်းတော်ကြီးကျောင်းကို ကာကွယ်ဖို့ တက်သွားကြပြီဆိုတဲ့ သတင်း ကြားလိုက်ရတယ်။
Lee Sin နဲ့ Udyr တို့လိုက်သွားကြတဲ့ အခါ Noxian စစ်သားတွေက Hirana ရဲ့ ခန်းမဆောင်ကိုတောင် ချိုးဖောက်ဝင်ရောက်နေပြီဆိုတာကို တွေ့လိုက်ရတယ်။ Udyr က စစ်ပွဲကို ကူညီတိုက်ခိုက်ဖို့ ဝင်ရောက်သွားပေမယ့် Lee Sin ကတော့ သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ဆရာတွေက ရန်သူတွေရဲ့ ဓားချက်အောက်မှာ ကျဆုံးနေရတာကို ကြည့်ရင်း တွေဝေနေခဲ့တယ်။ The Wisdom of Hirana ဖြစ်တဲ့ Shojin နဲ့ Ionia ရဲ့ ယဉ်ကျေးမှုတွေ အကုန် ပျောက်ဆုံးကုန်တော့မယ်ဆိုတာ ခံစားလိုက်ရတယ်။
တခြား ဘာရွေးချယ်စရာမှ မကျန်တော့တဲ့နောက် Lee Sin က နဂါး Spirit ကို တိုင်တည်လိုက်တယ်။ အဲ့ဒီ့အချိန်မှာ မီးတောက်မုန်တိုင်းတွေဟာ သူ့ကို လွှမ်းခြုံပြီး သူ့အသားကို လောင်ကျွမ်းကာ အမြင်အာရုံလည်း ပျက်စီးသွားတော့တယ်။ Dragon Spirit ရဲ့ စွမ်းအားတွေနဲ့ ပြည့်နေတဲ့ Lee Sin ဟာ ကျူးကျော်သူတွေကို အမြန်ဆန်ဆုံး ထိုးချက် ကန်ချက်တွေနဲ့ နှိမ်နင်းခဲ့တယ်။ သူ့ရဲ့ spirit ကလည်း ထိုးချက်တိုင်းမှာ ပိုပြီးတော့တောင် ထိန်းချုပ်မရအောင် ပိုပိုထွက်လာခဲ့တယ်။
နောက်ဆုံးမှာ ဘုန်းတော်ကြီးတွေ အနိုင်ရခဲ့ပေမယ့် Lee Sin ရဲ့ မမြင်မကန်းနဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့် ဘုန်းတော်ကြီးကျောင်းကတော့ ပျက်စီးသွားခဲ့တယ်။ သူ့ရဲ့ အမြင်အာရုံကိုလည်း ဘယ်လိုမှ ပြန်မရတော့ပါဘူး။ အမှောင်ထဲမှာသူဟာ နဂါး spirit ရဲ့ စွမ်းအားကို ဘယ် သက်ရှိမှ သူတို့အလိုအတိုင်း ထိန်းချုပ် ခိုင်းစေလို့မရနိုင်ဘူးဆိုတာကို လက်ခံလိုက်ရတယ်။ Lee Sin ဟာ ရင်ကွဲပက်လက်နဲ့ပဲ အမြင်အာရုံမရှိတော့တဲ့ သူ့ရဲ့ မျက်လုံးတွေပေါ်ကို အဝတ်တစ်စ ကို ပတ်ကာ ယိမ်းယိုင်ရင်း စမ်းရင်းနဲ့ပဲ တောင်လမ်းတစ်လျှောက် ဆင်းလာခဲ့တော့တယ်။
ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ဆရာတွေက သူ့ကို တားလိုက်ကြတယ်။ Lee Sin မှာ ဒီစွမ်းအားကို မက်မောတဲ့စိတ်မရှိတော့တဲ့နောက် အစကပြန်သင်ယူနိုင်ပြီဆိုတာ ပြောပြခဲ့တယ်။ သူ့ရဲ့ အရင်က အမှားတွေကို မမေ့ပျောက်နိုင်ပေမယ့် ဘုန်းတော်ကြီးတွေက အပြစ်ဖြေဖို့ နည်းလမ်းတစ်ခုကို ပေးခဲ့တယ်။ နဂါးရဲ့ အမျက်ဒေါသဟာ အန္တရာယ်ကြီးမားပြီး ခန့်မှန်းမရနိုင်ပေမယ့် နှိမ့်ချတဲ့စိတ်နဲ့ ထိုက်တန်တဲ့ သူကတော့ သူ့ရဲ့ ပြင်းထန်တဲ့သဘာဝကို ဆန့်ကျင်ထိန်းချုပ်ပြီး အချိန်နဲ့အမျှ အသုံးပြုနိုင်မယ်လို့ ဆရာ ဘုန်းတော်ကြီးတွေက ဆိုတယ်။ ကျေးဇူးတင်စွာနဲ့ပဲ Lee Sin ဟာ ဘုန်းတော်ကြီးတွေနဲ့နေခဲ့ကာ ဘုန်းတော်ကြီးကျောင်းကို ပြန်ဆောက်ဖို့ ကူညီခဲ့တယ်။ ဘုန်းတော်ကြီးကျောင်းကို ပြန်ဆောက်ပြီးတဲ့နောက်မှာတော့ Spirit Walker Udyr ကလည်း သူ့ဇာတိမြေ Freljord ကို ပြန်သွားပြီး Lee Sin ကလည်း ဉာဏ်အလင်းရအောင် အားထုတ်ဖို့အတွက်ပဲ သူ့ကိုယ်ကိုယ် မြှုပ်နှံခဲ့တော့တယ်။
Noxus နဲ့ စစ်ပွဲတွေပြီးဆုံးသွားတဲ့ အချိန်တွေအထိ သူဟာ သူ့အလုပ်ကိုသူလုပ်ရင်း Ionia မှာပဲ တရားအားထုတ်နေခဲ့တယ်။ ဇာတိမြေ Ionia မှာ နောက်ထပ်ကြုံလာမယ့် စမ်းသပ်မှုတွေမှာ ကူညီ တိုက်ခိုက်နိုင်ဖို့အတွက် Lee Sin ဟာ သူ့ကိုယ်သူ အရင်လွှမ်းမိုးနိုင်ပြီး အတွင်းက နဂါး spirit ကို ထိန်းချုပ်နိုင်အောင် ဆက်လက် ကြိုးစားနေပါတော့တယ်။

Who is Lee Sin?
Lee Sin ဟာ Energy သုံးရတဲ့ Jungle Champion တစ်ကောင်ဖြစ်တဲ့အတွက် Mana အတွက်လုံးဝ ပူစရာမလိုတဲ့ အားသာချက်နဲ့ စ ပါတယ်။ 0.5 second မှာ Energy 5 နှုန်းနဲ့ပြန်ပြည့်တဲ့အတွက် 1 second မှာ Energy 10 အလိုလို ပြည့်တာနဲ့ ညီမျှပါတယ်။ သူ့ရဲ့ Energy ဟာ Auto Attack လုပ်ရင်လည်း Level အလိုက် 20/ 30/ 40 Energy နှုန်းနဲ့ ပြန်ပြည့်ပြီး အများဆုံး 200 Energy အထိ ဖြည့်ထားနိုင်ပါတယ်။ Skill 1, 2, 3 တစ်ခုချင်းစီဟာ အသုံးစားရိတ် 50 Energy ကုန်ကျမှာဖြစ်ပြီး Ultimate ကတော့ Energy မလိုဘဲ Cooldown ပြည့်တာနဲ့ သုံးနိုင်ပါတယ်။ ဒါကြောင့် Lee Sin Player တစ်ယောက်ဟာ Ability တစ်ခုသုံးပြီးတိုင်း Auto Attack အနည်းဆုံး တစ်ချက်လောက် လုပ်တက်တဲ့ အကျင့်ရှိတာနဲ့ ဒီ Energy အတွက် မလုံလောက်မှာကို လုံးဝ ပူစရာကို မရှိပါဘူး။ Lee Sin ဟာ
Enemy အနားကို ကပ်ဖို့ နဲ့ Damage ပေးဖို့ Skill 1,
Position ယူဖို့၊ Escape ဖို့အတွက် အပြင် Shield အတွက် အသုံးပြုရလွယ်တဲ့ Skill 2,
Invisible, Hidden Enemy တွေကို မြင်စေရရုံမက AoE Slow အဖြစ် အသုံးပြုနိုင်မယ့် Skill 3 နဲ့
Enemy Team ကို AoE Crowd Control အဖြစ် အသုံးပြုနိုင်မယ့် Ultimate စတဲ့ Ability များစွာနဲ့ဖွဲ့စည်းထားတဲ့ Jungler ကောင်းတစ်ကောင်ဖြစ်ပါတယ်။

Passive: Flurry
Lee Sin ဟာ Ability တစ်ခု သုံးပြီးတိုင်းမှာ Attack Speed 50% ခဏတိုးပါတယ်။ ဒီ Attack Speed Bonus ဟာ Auto Attack (၂) ချက်အတွက်သာ သက်ရောက်မှာဖြစ်ပြီး 3 seconds အတွင်းမှာ သုံးပေးရမှာပါ။ Lee Sin ဟာ ဒီ Bonus Attack Speed ရနေတဲ့ (၂) ချက်ကို Auto Attack လုပ်လိုက်ရင် Energy ပြန်ပြည့်ပါတယ်။ ပြည့်တဲ့ Energy ကတော့ Level အလိုက် ပမာဏ တိုးလာမှာဖြစ်ပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။
Level 1-4 / 1st AA - 20 Energy / 2nd AA - 10 Energy
Level 5-10 / 1st AA - 30 Energy / 2nd AA - 15 Energy
Level 11-15 / 1st AA - 40 Energy / 2nd AA - 20 Energy ဆိုပြီး ပြန်ပြည့်မှာဖြစ်ပါတယ်။
Lee Sin ဟာ စုစုပေါင်း Basic Ability (၆) ခု ရှိတဲ့ Champion ဖြစ်ပါတယ်။ Ability တစ်ခုသုံးပြီးရင် ဒုတိယ Ability အဖြစ်ပြောင်းသွားတဲ့အတွက် စုစုပေါင်း (၆) ခု ရှိနေတာပါ။ ဒါကြောင့် Ability တစ်ခု သုံးပြီးတိုင်း Auto Attack (၂) ခါ သုံးနိုင်ရင် Lee Sin ဟာ Attack Speed ရော၊ Energy အတွက်ပါ ပူစရာလုံးဝ မလိုတဲ့ Champion ဖြစ်ပါတယ်။
ဥပမာ -
Lee Sin ဟာ Level 1 မှာ Skill 2 နဲ့ စထွက်ပြီး Jungle Red Buff ကို စားတယ်ဆိုပါစို့။ အဆိုပါ Jungle Red monster ကို Skill 2 သုံးပြီး အနားကပ်လိုက်တဲ့အခါ 50 Energy ကုန်သွားပါတယ်။ အဲ့ဒီ့အချိန်မှာ Auto Attack (၂) ချက်လုပ်လိုက်ရင် 30 Energy ပြန်ပြည့်တာနဲ့ညီမျှပါတယ်။ ဒီ Auto Attack (၂) ချိန်ဟာ 1 second လောက်နဲ့ ညီတယ်ဆိုရင် Auto Energy Regen အဖြစ် 10 Energy လည်းပြန်ရဦးမှာပါ။ ဒါကြောင့် Skill 2 ပထမ အဆင့်မှာကတည်းက 40 Energy လောက် ပြန်ရနေတာနဲ့ ညီမျှပါတယ်။ အဲ့ဒီ့အချိန်မှာ Skill 2 ရဲ့ ဒုတိယအဆင့်ကို အသုံးပြုပြီး နောက်ထပ် Auto Attack (၂) ချက်နဲ့ ဆက်ထိုးမယ်ဆိုရင် Phisical Vamp ကနေ သွေးပြန်ပြည့်ပြီး Auto Attack (၂) ချက်စာကြောင့် Energy ကလည်း ပြန်ပြည့်ဦးမှာပါ။
Lee Sin ရဲ့ အစောပိုင်း Jungle Tips ကတော့ အထက်ပါအတိုင်းဖြစ်ပါတယ်။
Skill 2 > AA > AA > Skill 2 > AA > AA
Skill 2 နဲ့ စေစေတဲ့အကြောင်းကတော့ ပထမ Use မှာ Shield ရပြီး ဒုတိယ Use မှာ Lifesteal ရတဲ့အတွက်ဖြစ်ပါတယ်။ Lee Sin ဟာ Jungle Monster တွေကို လွယ်လွယ်ကူကူနိုင်တဲ့ Champion ဖြစ်ပါတယ်။
ဒါကြောင့် Ability (၆) ကွက်ကို အသုံးပြုတဲ့နေရာမှာ တစ်ခုသုံးပြီးတိုင်း Auto Attack (၂) ချက် ကြားဖြတ်သုံးနိုင်ရင် Lee Sin ဟာ Early Game မှာ တော်တော်ကြောက်စရာကောင်းတဲ့ Champion ဖြစ်ပါတယ်။

Skill 1: Sonic Wave / Resonating Strike
Sonic Wave
Skill 1 ရဲ့ ပထမ Use ကတော့ Lee Sin ဟာ လေကို ထိုးခွင်းပြီး အသံလှိုင်းတစ်ခုကို လွှတ်လိုက်တာဖြစ်ပါတယ်။ အဆိုပါ အသံလှိုင်းကို ထိသွားတဲ့ Unit ဟာ AD ratio နဲ့ Damage ထိပြီး Mark တစ်ခု မှတ်လိုက်မှာဖြစ်ပါတယ်။ အဆိုပါ Mark ရှိနေပြီဆိုရင် Lee Sin ရဲ့ ဘေးမှာ ကြီးမားတဲ့ စက်ဝိုင်းကြီးတစ်ခု ပေါ်လာမှာဖြစ်ပါတယ်။ Mark ဟာ အဆိုပါ စက်ဝိုင်းထဲမှာ ရှိနေသေးရင် Resonating Strike ကို အသုံးပြုလို့ရမှာဖြစ်ပြီး Lee Sin က အဆိုပါ Unit ရှိရာကို ခုန်သွားမှာဖြစ်ပါတယ်။
Sonic Wave ရဲ့ Damage ကတော့
Base Damage (60/100/140/180) + (100% AD Damage) ဖြစ်ပါတယ်။ Lee Sin ရဲ့ AD ကို အပြည့်အဝ ထိမှာပါ။
Resonating Strike
Resonating Strike ကိုအသုံးပြုလိုက်မယ်ဆိုရင် Lee Sin ဟာ Mark ဖြစ်နေမယ့် Unit ဆီကို အရောက်ခုန်သွားမှာဖြစ်ပါတယ်။ အဲ့ဒီ့ ခုန်တဲ့ Target ကို ရောက်သွားရင် Damage တစ်ခေါက်ထက်ထိဦးမှာဖြစ်ပါတယ်။ ဒီ Damage ဟာ Sonic Wave နဲ့ Damage တွက်ချက်ပုံအတူတူပဲဖြစ်ပေမယ့် Enemy ရဲ့ သွေး နည်းရင် နည်းသလောက် Damage ဟာ (၂) ဆ အထိတိုးသွားမှာပါ။
ဒါကြောင့် Damage များစေဖို့အတွက် Lee Sin ကစားသမားတွေဟာ Ultimate နဲ့ အရင်ကန်ထုတ်ပြီး အဲဒီ့ Unit ကို Sonic Wave > Resonating Strike Combo အသုံးချတာ ဖြစ်ပါတယ်။ Sonic Wave နဲ့ Dragon Rage ကနေ Damage ထိသင့်သလောက် ထိပြီးတဲ့ Unit ဟာ သွေးနည်းနေတဲ့အတွက် Resonating Strike နဲ့ လိုက်တဲ့အခါမှာ Effective Damage ပိုများတဲ့အတွက်ဖြစ်ပါတယ်။
Resonating ရဲ့ Damage ကတော့
Base Damage (60/100/140/180) + (100% AD Damage) ဆိုပေမယ့် Enemy ရဲ့ HP နည်းရင် နည်းသလောက်
Base Damage (120/200/280/360) + (200% AD Damage) အထိ တိုးသွားမှာပါ။

Skill 2: Safe Guard / Iron Will
Safe Guard
Lee Sin ဟာ Target Location ကို ခုန်သွားမှာဖြစ်ပြီး အဆိုပါ AoE အတွင်းမှာ Non Allied Unit တစ်ခုခု (Enemy Champion/ Minion/ Monster) ရှိနေမယ်ဆိုရင် ၂ စက္ကန့်ကြာမြင့်တဲ့ Shield တစ်ခုကို ရရှိမှာပါ။
ဒီ Shield Amount ကတော့
Base (60/120/180/240) + (100%AP) ဆိုပြီး တွက်ချက်မှာဖြစ်ပါတယ်။
Iron Will
Skill 2 ရဲ့ ဒုတိယ Use ဖြစ်တဲ့ Iron Will ကို အသုံးပြုလိုက်ရင်တော့ လာမယ့် Auto Attack မှာ Magic Damage Bonus ကို ရရှိမှာဖြစ်ပါတယ်။ ဒီ Bonus ဟာ Auto Attack တစ်ချက်စာအတွက်သာ ရရှိတယ်ဆိုပေမယ့် Bonus Magic Damage + Physical Lifesteal + Magic Lifesteal ဆိုတဲ့ Effect (၃) ခုစလုံးကို တစ်ပြိုင်နက်တည်းရရှိမှာပါ။ များများယူရင် ယူသလောက် ဒီ Lifesteal အချိူးတွေက တိုးလာမှာဖြစ်ပါတယ်။
ဒီ Bonus တွေကတော့ Level အလိုက်
Base (50/75/100/125) + (35%~80%) Physical Vamp + (35%~80%) Magical Vamp ဖြစ်ပါတယ်။
Note:
ထူးခြားချက်ကတော့ Lee Sin ရဲ့ Safe Guard ဟာ PC version ဒီထက်ပိုပြီး သုံးရခက်တာပါ။ PC version မှာ Safeguard ဟာ Allied Unit (or) Vision Ward တွေကိုပဲ ခုန်လို့ရတာဖြစ်တဲ့အတွက် ကိုယ်သွားချင်တဲ့နေရာကို ဒီတိုင်းခုန်လိုက်လို့ မရပါဘူး။ Enemy နားကပ်ချင်ရင်တောင် Enemy နားကို Ward တစ်ချောင်းချ၊ ပြီးမှအဲ့ဒီ့ Ward ကို လှမ်းခုန်ပြီး သုံးရတဲ့ Ability ဖြစ်ပါတယ်။ အနားမှာ Allied တွေ မရှိရင်လည်း Shield ရဖို့အတွက် ကိုယ့်ဘာသာ Target ထောက်ပြီး သုံးရတာပါ။ ဒါကြောင့် Mobile Version ဟာ PC ထက် အများကြီးလွယ်ပြီး Position ယူရတာ သိသိသာသာ လွယ်ကူပါတယ်။

Skill 3: Tempest/ Cripple
Tempest
ပထမ Use ဖြစ်တဲ့ Tempest ကတော့ AoE Ability ဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့အခါ 5 AoE အတွင်းမှာ ရှိတဲ့ Unit အားလုံးကို Magic Damage သက်ရောက်သွားမှာဖြစ်ပြီး ၎င်းတို့ကို Reveal ဖြစ်သွားမှာပါ။ Reveal ဆိုတာကတော့ True Sight Vision ရရှိသွားတာဖြစ်ပြီး ကိုယ်ပျောက် Champion တွေကို 3 seconds ကြာ မြင်ရစေမှာဖြစ်ပါတယ်။ ကိုယ်ပျောက် Champion တွေကတော့
Akali ရဲ့ Smoke,
Kai'sa ရဲ့ Evolved Skill 3,
Teemo ရဲ့ Invisible,
Wukong ရဲ့ Skill 2 တို့လို ကိုယ်ပျောက်သွားမယ့် Unit တွေကို ဖြစ်ပါတယ်။
ဒီ Damage ဟာ Magic Damage အမျိူးအစားဖြစ်ပေမယ့် Lee Sin ရဲ့ AD နဲ့ တွက်ချက်တာဖြစ်ပါတယ်။
Base (90/140/190/240) + (100% AD Damage)
Cripple
Tempest နဲ့ရိုက်ချလိုက်လို့ ထိသွားတဲ့ Enemy တွေအားလုံးကို Cripple ထပ်သုံးလိုက်တဲ့အခါ Movement Speed Slow ဖြစ်စေမှာပါ။ ဒီ Movement Speed ကတော့ စစချင်းမှာ Slow အပြည့်သက်ရောက်ပြီး ကြာချိန် 4 seconds မှာ တဖြည်းဖြည်းချင်းစီ Recover ဖြစ်လာမယ့် Decay Slow အမျိူးအစားဖြစ်ပါတယ်။
Slow Rate ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
30%/ 40%/50%/60% Slow

Ultimate: Dragon's Rage
Enemy Unit ကို ကန်ထုတ်လိုက်မယ့် Ultimate Ability ဟာ Crowd Control Ability ဖြစ်ပါတယ်။ Wild Rift ထဲက Ultimate တွေနဲ့ယှဉ်ရင် Cooldown နည်းပါးတဲ့အတွက် Champion တစ်ကောင်တည်းကို Kill တဲ့နေရာမှာ သုံးလို့ရသလို Team Fight တွေမှာ Enemy Team ကို CC ဖမ်းဖို့အနေနဲ့လည်း သုံးလို့ရတဲ့ Ultimate ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်ရင်လိုအပ်သလို Enemy Champion ကို Position ပြောင်းဖို့အတွက်လည်း အသုံးပြုနိုင်တဲ့ Ability ဖြစ်ပါတယ်။
အသုံးပြုတဲ့ Direction အလိုက် အကန်ခံရတဲ့ Unit က တစ်ဖြောင့်တည်း လွင့်ထွက်သွားမှာဖြစ်လို့ Direction မှန်အောင် သုံးနိုင်ဖို့နဲ့ အလေ့အကျင့်ရှိဖို့လိုပါတယ်။ ဒီ Direction နဲ့ပတ်သတ်တဲ့ အကြံပြုချက်ကို Combo အပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။
Dragon's Rage ရဲ့ Damage ဟာ Physical Damage အမျိူးအစားဖြစ်ပြီး Lee Sin ရဲ့ AD အချိူးကိုလိုက်ပြီး Damage တိုးလာမှာဖြစ်ပါတယ်။
Damage တွက်ချက်ပုံကတော့
Base (150/375/600) + (200% AD) ဖြစ်ပါတယ်။
ဒီအပိုင်းမှာ လွင့်ထွက်သွားတဲ့ လမ်းကြောင်းတစ်လျှောက်က Unit တွေအားလုံးကို သက်ရောက်မယ့် Damage ကတော့ အနည်းငယ်ပိုများပါတယ်။ Lee Sin ကန်ထုတ်လိုက်တဲ့ Champion ရဲ့ Max Hp 12-15-18% ကိုပါ ထပ်ပြီး ပေါင်းထိမှာဖြစ်ပါတယ်။
ဥပမာ -
Lee Sin ကန်ထုတ်လိုက်တဲ့ Unit က Enemy Alistar ဖြစ်ပြီး သူ့မှာ HP 3000 ရှိတယ်ဆိုပါစို့။ 3000 ရဲ့ 18% = 540 Damage က လမ်းကြောင်းတစ်လျောက်က Alistar တိုက်သွားမယ့် Unit တွေကို ပိုပြီး ထိမှာဖြစ်ပါတယ်။ Level 15 Lee Sin မှာ AD 200 ရှိတယ်ဆိုရင်
Base (600) + (200% AD=400) + 540 = 1540 Damage က လမ်းကြောင်းတစ်လျှောက်က Enemy တွေကို သွားသက်ရောက်မယ့် သဘောဖြစ်ပါတယ်။
ဒါကြောင့် လမ်းကြောင်းတစ်လျှောက်က Enemy တွေအပေါ်သက်ရောက်မယ့် Damage ဟာ အကန်ခံရမယ့် Unit က အကောင်ကြီးလေ Damage ပိုများလေ ဆိုတဲ့အတိုင်း အချိူးသွားကျပါတယ်။

Combo
Lee Sin ရဲ့ Playstyle ဟာ Enemy Champion တစ်ကောင်ကို လုံလုံလောက်လောက် Kill နိုင်တဲ့ Ability တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Ability တွေရဲ့ Combo ကို အခြေအနေလိုက်ပြီး အသုံးချနိုင်ရင် Enemy တွေကို Secure Kill ရရှိနိုင်မှာဖြစ်ပါတယ်။
အခြေအနေအလိုက် Enemy ကို Position ပြောင်းချင်တဲ့အခါ
Enemy ကို မိမိအသင်းသားတွေဘက်ကို ကန်ထည့်ချင်တဲ့အခါမှာ Skill 1 နဲ့ Skill 2 ကို ဘယ်ဟာကနေ စပြီး သုံးရမလဲဆိုတာပေါ် မူတည်ပြီး အခြေအနေက ပြောင်းသွားမှာဖြစ်ပါတယ်။
Combo 1
1 > 1 > Flash > Ultimate > Skill 2
Enemy က ဝေးနေတဲ့အခါမှာ Skill 1 ပစ်ပြီး ဝင်ရတဲ့ အခြေအနေနဲ့ စတဲ့ Combo ဖြစ်ပါတယ်။ ဒီနေရာမှာ Enemy ကို ကိုယ်ဝင်လာတဲ့ လမ်းကြောင်းဘက်ကို ပြန်ကန်ထည့်ချင်တာဆိုရင် Flash နဲ့ တွဲသုံးပေးရပါမယ်။ Option > Controls > Dash in Move Direction ကို On ထားပေးရပါမယ်။ အဲ့ဒါဆိုရင် Lee Sin က Enemy အနားရောက်ရောက်ချင်းမှာ Dash လိုက်ရင် အဆိုပါ Enemy ရဲ့ အနောက်ဘက်ကို Flash ပြီးသားဖြစ်သွားမှာပါ။ Flash နေတုန်းမှာ Ultimate ကို ဒီတိုင်း နှိပ်လိုက်တာနဲ့ လာခဲ့တဲ့ လမ်းကြောင်းအတိုင်း ကန်ထုတ်လိုက်မှာဖြစ်ပါတယ်။ အဲ့ဒီ့တော့မှ မသုံးရသေးတဲ့ Skill 2 နဲ့ Enemy ဘက်ကို ပြန်လာတဲ့ Combo ဖြစ်ပါတယ်။
Combo 2 (recommanded)
2 > Flash > Ultimate > 1 > 1
ဒီ Combo ကတော့ Enemy အနားကို တက်နိုင်သလောက် လမ်းလျှောက်ပြီး ကပ်ဖို့၊ သို့မဟုတ်၊ Bush ထဲကနေ ရုတ်တရက် လမ်းလျှောက်ပြီး ဝင်လာတဲ့ အခြေအနေမျိူးမှာ အသုံးပြုရမယ့် Combo ဖြစ်ပါတယ်။ Skill 2 နဲ့ နီးနိုင်သလောက် နီးအောင် ကပ်ထားပြီး Enemy ရဲ့ နောက်ကျောကို Flash နဲ့ ကျော်တက်ပြီး Ultimate သုံးရတဲ့ Combo ဖြစ်ပါတယ်။ Ultimate ကြောင့်လွင့်လွင့်သွားခြင်းမှာ Skill 1 ကို Direction ချိန်စရာမလိုဘဲ သုံးလိုက်တာနဲ့ လွင့်သွားတဲ့ Champion ကို အလိုအလျောက် သုံးပေးမှာဖြစ်ပါတယ်။ လွင့်သွားတဲ့ Champion ဟာ Skill 1 ထိသွားတဲ့အတွက် Skill 1 ရဲ့ ဒုတိယအပိုင်း Resonating Strike နဲ့ လိုက်သွားရတဲ့ Combo မျိူးဖြစ်ပါတယ်။ ဒီ Combo ကို Recommend ပေးရတဲ့ အချက်ကလည်း ဒီ Resonating Strike ကြောင့်ပါ။
Resonating Strike ဟာ Hp နည်းနေတဲ့ Unit ကို Damage အများအပြားထိပါတယ်။ Ultimate နဲ့ အကန်ခံရတဲ့ Damage + Skill 1 (Sonic Wave) Damage နဲ့တင် Enemy ဟာ တော်တော်လေး အထိနာနေတဲ့အခြေအနေဖြစ်လို့ Resonating Strike က Damage သိသိသာသာ ပိုများများထိပါလိမ့်မယ်။ နောက်ပြီး Lee Sin ဟာ လွင့်သွားမယ့် Unit ဘက်ကို ပြန်ရောက်လာတာဖြစ်တဲ့အတွက် အထိုက်အလျောက်လည်း Safe ဖြစ်သွားမှာပါ။ ဒါကြောင့် ဒီ Combo ကို Lee Sin player တွေ လူကြိုက်များရခြင်းဖြစ်ပါတယ်။

Items & Runes
ဒီ Page မှာ အရင်က Darius နဲ့ပတ်သတ်တဲ့ Breakdown ကို ဖော်ပြခဲ့ပါတယ်။ Wild Rift player တော်တော်များများဟာ Darius ကို ပျော့တယ်ဆိုပြီး မကြိုက်ကြပါဘူး။ Darius player အများစုကလည်း Default Item တွေမှာဖော်ပြထားတဲ့ AD build တွေနဲ့ဆော့ကြလို့ Darius ဟာ ပျော့ပြီး သိပ်မကောင်းဘူးလို့ ထင်ကြတာပါ။ ကျွန်တော်ဖော်ပြခဲ့တဲ့ Guide မှာလည်း Darius ဟာ AD အတွက်မပူရလို့ Tanky ဖြစ်မယ့် Item Build ကိုပဲ Suggest ခဲ့ပါတယ်။
အခု Lee Sin အတွက် Item Build Concept ကလည်း Darius နဲ့ ဆင်ပါတယ်။ Lee Sin ဟာ Fighter / Assassin Hybric Champion တစ်ကောင်ဖြစ်ပါတယ်။ Assassin ဆိုပေမယ့် သူ့ရဲ့ Ability ဖွဲ့စည်းပုံက Teamfight တွေထဲမှာ Enemy တွေကြားထဲကို ဝင်ရတဲ့ Ability တွေဖြစ်နေတာပါ။ ဒါကြောင့် အရမ်း Greedy ဖြစ်တဲ့ AD build တွေထက်စာရင် Safe ဖြစ်စေမယ့် Tank + AD build တွေကို ဖော်ပြထားပါတယ်။
ဒီတစ်ခေါက် Build ကိုတော့ ကိုယ်ဆော့ချင်တဲ့ Style ဆိုတာထက် Enemy Team ရဲ့ အခြေအနေကို ကြည့်ပြီး ရွေးချယ်လို့ ရအောင် ဖော်ပြထားပါတယ်။
Mage Enemies
Lee Sin ရဲ့ Build ကို ရိုးရိုးရှင်းရှင်း ပုံစံတူ Rune ဖွဲ့စည်းပုံနဲ့ Item ကိုလည်း အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အထိုက်အလျောက် Tanky ဖြစ်အောင် ရွေးချယ်ထားပါတယ်။ Build ၂ ခု စလုံးမှာ
Black Cleaver
Death Dance
Sterak's Gage တို့နဲ့ စတင်ထားပြီး mage enemies တွေနဲ့ ရင်ဆိုင်ဖို့
Spirit Visage နဲ့
Guardian Angel တို့ကို ရွေးချယ်ထားပါတယ်။ ဒီ Guardian Angel နေရာမှာ Mortal Reminder သို့မဟုတ် Bloodthirster တို့ကို အစားထိုးနိုင်ပါတယ်။ Boots Upgrade ကိုတော့ Hourglass ကို ရွေးချယ်ထားပါတယ်။ Position ယူဖို့အတွက် Lee Sin အတွက် Protobelt ကိုလည်း ရွေးချယ်ကြပေမယ့် Defensive အတွက် စဉ်းစားပြီး Hourglass ကိုပဲ ရွေးထားတာပါ။ တကယ်လို့ Skill 2 > Flash > Ultimate Combo ကို သုံးရင်း Enemy ကြားညက်သွားတဲ့အခါ Hourglass သုံးပြီး ကိုယ့် Teammate တွေ အနားရောက်လာတဲ့အထိ အချိန်ဆွဲထားနိုင်သလို Hourglass သုံးထားတဲ့ Lee Sin နားကို Enemy တွေ ကပ်လာနိုင်တဲ့အတွက် Hourglass ပြီးလို့ Ultimate သုံးတဲ့အခါကြရင်လည်း Team တစ်ခုလုံးကို Airborne ဖြစ်သွားနိုင်ဖို့ အလားအလာလည်း ကောင်းတဲ့အတွက်ဖြစ်ပါတယ်။
AD Enemies
အထက်မှာ ဖော်ပြခဲ့တဲ့ Build မှာပဲ Spirit Visage နေရာမှာ AD Enemy တွေကို ခံနိုင်ရည်ရှိမယ့် Armor အပြင် Attack Speed ကိုပါ လျှောချနိုင်မယ့် Omen ကို အစားထိုးထားတဲ့ Build ဖြစ်ပါတယ်။ ၅ ကွက်မြောက် Item နေရာမှာ Guardian Angel, Mortal Reminder, Bloodthister တို့ကို ပွဲအခြေအနေကို လိုက်ပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Boots Upgrade ကလည်း အထက်မှာဖော်ပြခဲ့သလို Protobelt or Hourglass ဖြစ်ပြီး အမှားခံနိုင်မယ့် Hourglass ကိုပဲ အဓိကအနေနဲ့ ဖော်ပြထားခြင်းဖြစ်ပါတယ်။
Sterak's gage နဲ့ Death's Dance အတွဲဟာ Lifesteal, Hp, Hp Sheild စတဲ့ အမာခံ Item တွေဖြစ်တဲ့အတွက် 1 vs 1 မှာလည်း တော်ရုံ Champion တွေကို Takedown လုပ်ဖို့ လုံလောက်ပါတယ်။

Counters
Lee Sin ဟာ Mobility ကောင်းပြီး Damage အများအပြားထွက်တဲ့ Champion ပါ။ သူ့ကို ထိန်းနိုင်ဖို့ကတော့ ဒီတိုင်း ယှဉ်ခုတ်ပြီး Position အပြောင်းမခံရနိုင်တဲ့ Champion တွေ၊ Lee Sin ရဲ့ Position ကို ထိန်းချူပ်နိုင်တဲ့ Champion တွေဖြစ်ပါတယ်။
ယှဉ်ခုတ်တဲ့ Champion တွေထဲမှာ Olaf ရှိပါတယ်။ Escape ပြီးထွက်ပြေးမယ့် Lee Sin ကိုလိုက်ဖမ်းဖို့နဲ့ ယှဉ်ထိုးနိုင်တဲ့ Jungler ဆိုရင်လည်း Vi နဲ့ Xin Zhao ရှိပါတယ်။
Lee Sin ရဲ့ Mobility ကို ထိန်းချူပ်ဖို့က Fear, Taunt, Stun, Root စတဲ့ Debuff တွေဖြစ်ပါတယ်။ Wild Rift ထဲမှာတော့ Lee Sin ရဲ့ Movement ကို ထိန်းချူပ်နိုင်တဲ့ Champion ဆိုရင် တော်တော်လေး နည်းပါသေးတယ်။ ဒီထဲကမှ Evelynn, Jarvan IV တို့ကို Counter အဖြစ် ရွေးချယ်နိုင်သလို မကြာခင် ထွက်လာတော့မယ့် Rammus AD Champion တွေကို အဓိက Counter တဲ့အတွက် Lee Sin ကို Counter နိုင်မယ့် Champion တွေဖြစ်ပါတယ်။ Support Counter ထဲမှာ လက်တလောထွက်ထားတဲ့ LuLu ကို Counter ထောက်ဖို့အတွက် ရွေးထားနိုင်ပါတယ်။
ဒါကြောင့် Counter အလုံအလောက်မရှိသေးတဲ့ Wild Rift မှာ Lee Sin က အရမ်းကို Strong ဖြစ်နေတာပါ။

မည်သို့ပင်ဆိုစေကာမူ Lee Sin ဟာ High Difficulty Champion ဖြစ်ပြီး လုံလောက်တဲ့ လေ့ကျင့်မှုရှိပြီးမှ အသုံးဝင်တဲ့ Champion တစ်ကောင်ဖြစ်ပါတယ်။ Mobility ကောင်းမွန်မှုကို ကောင်းကောင်းအသုံးမချတက်သေးဘဲ အရမ်း Aggressive ဖြစ်သွားတဲ့အခါ ကိုယ့်အသင်းအတွက် Snowball မဖြစ်ဘဲ Enemy Team အတွက် Snowball သွားပြီး Game ရလဒ်ဟာ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် လုံလောက်တဲ့ လေ့ကျင့်မှုရှိတဲ့ Champion တစ်ကောင်ဖြစ်ပါတယ်။
Lee Sin ရဲ့ ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။
Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ Lee Sin ရဲ့ Ability တွေ အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်သင့်ပါတယ်။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံရဲ့ သဘောတရားတွေကို နားလည်ပြီဆိုရင်တော့ Lee Sin ဟာ သင့်ရဲ့ Rank game တွေမှာ မျက်နှာပန်းလှစေမယ့် Champion တစ်ကောင် ဖြစ်လာမှာပါ။
အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
လာမယ့် အပတ်မှာ ဖော်ပြမယ့် Champion ကိုတော့ ရွေးချယ်ထားခြင်းမရှိသေးပါဘူး။ တကယ်လို့ ဒီအပတ်ထဲမှာ Yordle Expedition ကနေ Teemo ကို Release လုပ်ခဲ့ရင်တော့ Teemo Breakdown ကို ဖော်ပြသွားမှာပါ။ Teemo မဖြစ်ခဲ့ရင် စာဖတ်သူတို့ အကြံပြုချက်တွေထဲက Champion တစ်ကောင်ကို ရွေးချယ်ပြီး Ability Breakdown ကို အကြံပြုဖော်ပြပေးသွားပါမယ်။
AURA EGN ကို Support ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
Σχόλια