Jhin: The Virtuoso- Backstory and Gameplay Suggestion
- Ko Boo
- Dec 20, 2020
- 10 min read
Updated: Jan 22, 2021
အပတ်စဉ် တင်ဆက်ပေးနေကြ League of Legends : Wild Rift ရဲ့ Champion အစီအစဉ်မှာတော့ ဆော့ကြည့်ဖို့ အရမ်းမခက်ခဲတဲ့အပြင် Champion ရဲ့ Ability သဘောကို နားလည်စွာ အသုံးချနိုင်လေလေ အသင်းတစ်သင်းလုံးကို Carry နိုင်လေလေဖြစ်တဲ့ ADC Champion Jhin ကို ရွေးချယ်ထားပါတယ်။ Jhin ဟာ အရင်အပတ်တွေက ရေးခဲ့တဲ့ Akali, Yasuo တို့လို အချိန်အများကြီး လေ့ကျင့်ပြီး ကျွမ်းကျင်လာမှ အသုံးဝင်တဲ့ Champion မျိူးမဟုတ်ဘဲ Carry Mindset ရှိတဲ့ Player တိုင်းအတွက် လွယ်လွယ်ကူကူ နဲ့ အချိန်တိုအတွင်း ကျွမ်းကျင်စွာ ကိုင်တွယ်တက်လာမယ့် Champion လည်းဖြစ်ပါတယ်။ Jhin ဆော့မယ့် Player တွေအနေနဲ့ ပထမဆုံး Laning Phase မှာကတည်းက Kill တွေ ရဖို့လွယ်တဲ့အပြင် Late Game မှာလည်း Enemy ရဲ့ Mage, Tank, Fighter ဘယ်လို Champion ကိုမဆို Damage အမြောက်အများနဲ့ တိုက်ခိုက်နိုင်မယ့် Champion ဖြစ်လို့ Rank တင်တဲ့နေရာမှာ ကိုယ်တိုင် Carry ချင်တဲ့ Player တွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Backstory
Ionia ရဲ့ ဘယ်ရွာကိုပဲသွားသွား Golden Demon ရဲ့ ဇာတ်လမ်းကို ကြားရမှာပါ။ ဒီ ရက်စက်တဲ့ သတ္တဝါဆိုးကြီးကို ဖမ်းဆီးပုံကို အခုချိန်ထိ ပြဇာတ်တွေ၊ ပုံပြင်တွေထဲမှာပါ အောင်ပွဲခံနေကြတုန်းပါပဲ။
ဒါပေမယ့် ဒဏ္ဏာရီတွေအားလုံးမှာ အမှန်တရားဆိုတာရှိပါတယ်။ Golden Demon နဲ့ပက်သက်တဲ့ အမှန်တရားကလည်း ဇာတ်လမ်းနဲ့ တခြားစီပါပဲ။
နှစ်အတော်ကြာအောင် Ionia ရဲ့ တောင်ဘက် တောင်တန်းတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒီသတ္တဝါကြီးရဲ့ ခြောက်လှန့်မှုကိုခံခဲ့ရပါတယ်။ Zhyun ပြည်နယ် တစ်လျှောက်တွင် သာမကဘဲ Shon-Xan နဲ့ Galrin ပြည်နယ်တွေမှာပါ ခရီးသွားတွေနဲ့ မွေးမြူရေးခြံတွေဟာ သတ်ဖြတ်မှုကို ခံနေရပါတယ်။ လက်နက်ကိုင်စစ်သားတွေကလည်း တောတိုးရှာ၊ မြို့နယ် အာဏာပိုင်တွေလည်း demon မုဆိုးတွေကို ငှားပြီး Wuju Masters တွေက လမ်းတွေကို ပတ္တရောင်လှည့်ကာ စောင့်ကြပ်ခဲ့ပေမယ့် သတ္တဝါကြီးရဲ့ ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်မှုတွေကတော့ လျော့မသွားခဲ့ပါဘူး။
စိုးရိမ်စိတ်နဲ့ Zhyun မြို့နယ်ကောင်စီက Kinkou order ရဲ့ Great Master Kusho ကို သံတမန် စေလွှတ်ကာ အကူအညီတောင်းခံခဲ့ပါတယ်။ Spirit နဲ့ Material Realm တွေရဲ့ Balance ကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ Kusho ဟာ Demon တွေကို ဖမ်းတဲ့နေရာမှာလည်း တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်သူပဲ ဖြစ်ပါတယ်။ Kusho၊ သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ Shenနဲ့ ပညာသင် Zed တို့ကိုခေါ်ပြီး Zhyun မြို့နယ်ကို သွားရောက်ခဲ့တယ်။ သူတို့ဟာ အသတ်ခံရတဲ့သူတွေရဲ့ မိသားစုတွေဆီကို သွား၊ မှုခင်းဖြစ်ခဲ့တဲ့ နေရာတွေကို စစ်ဆေးပြီး လူသတ်မှုတွေကြားထဲက ဆက်စပ်မှုတွေကို ရှာဖွေခဲ့တယ်။ မကြာခင်မှာပဲ Kusho က ဒီ သတ်ဖြတ်မှုတွေဟာ Demon မကတဲ့လူတစ်ယောက်ရဲ့လက်ချက်ပဲ ဆိုတာကို သုံးသပ်မိလိုက်တယ်။
ဒါပေမယ့် နောက် ၄ နှစ်ကျော်ကြာတဲ့အထိ Golden demon ကို ဖမ်းလို့မမိနိုင်ခဲ့ပါဘူး။ Kusho ရဲ့ မုတ်ဆိတ်ကလည်း အဖြူရောင်ပြောင်း၊ ဟာသဉာဏ်ရွှင်ခဲ့ဖူးတဲ့ Shen ကလည်း မှိုင်တွေပြီး Zed ကလည်း ပညာသင်ရတာအခက်အခဲ ဖြစ်နေခဲ့ပါပြီ။ Demon ကတော့ သူတို့ရဲ့ ရှုံးနှိမ့်မှုကို အောင်ပွဲခံနေသလိုပါပဲ။ သတ်ဖြတ်မှုတွေက မရပ်သွားခဲ့ပါဘူး။
တစ်နေ့မှာ လူသတ်မှုတွေရဲ့Pattern ကိုရှာတွေ့ပြီးနောက် Kusho က "အကောင်းအဆိုးဆိုတာ အမှန်တရားမဟုတ်ဘဲ နှစ်ခုစလုံးက လူကနေသာ ဆင်းသက်လာတာဖြစ်ပြီး လူတစ်ယောက်ချင်းစီက အမြင်ကွဲပြားကြတယ်" လို့ဆိုပါတယ်။ သူတို့ရှာနေတာ demon မဟုတ်ပဲ လူတစ်ယောက်ဆိုတာကို သိသွားတဲ့အခါမှာတော့ Kinkou ကို demon ဖမ်းပေးဖို့ပဲ လုပ်ပိုင်ခွင့်ပေးထားတာဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပါတယ်။ ဒါပေမယ့် Shen နဲ့ Zed ဟာ သူတို့ အများကြီး အချိန်သွေးချွေးတွေ စတေးခဲ့ပြီးတဲ့နောက် နောက်ပြန်မလှည့်ချင်တဲ့အတွက် ဆက်လက်ပြီး ထောက်လှမ်းဖို့ ပြောခဲ့ပါတယ်။
Spirit Blossom ပွဲတော်အကြိုနေ့ Jyon Pass မှာ Kusho ဟာ သူ့ကိုယ်သူ လက်ရေးအလှရေးသူတစ်ဦး အဖြစ်ရုပ်ဖျက်ပြီး တခြားဧည့်သည်တွေနဲ့ ရောနှောကာ စောင့်နေခဲ့ပါတယ်။ Shen နဲ့ Zed ကလည်း ထောင်ချောက်တစ်ခုကို ပြင်ဆင်ထားခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ ရန်သူနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့ခဲ့ရပါတော့တယ်။ နာမည်ကြီး Golden Demon ဟာ Zhyun ရဲ့ ဇာတ်ပွဲတွေနဲ့ ကဇာတ်ရုံတွေမှာ စင်အကူအဖြစ် အလုပ်လုပ်နေတဲ့ Khaja Jhin ပဲ ဖြစ်ပါတယ်။
Jhin ကိုဖမ်းမိပြီးတဲ့နောက် Zed က သတ်ပစ်ချင်ခဲ့ပါတယ်။ ဒါပေမာ့် Kusho က သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို တစ်ခါ ချိုးဖောက်ပြီးသွားပြီ မို့လို့ တားမြစ်ထားခဲ့တယ်။ Jhin ကို စာနာလိုက်ရင်လည်း Ionian ရဲ့တည်ငြိမ်အေးချမ်းမှု နဲ့ ယုံကြည်မှု ပျောက်ပြီး တခြားသူတွေက ဒီလိုမျိုးအမှုတွေကို ပိုကျူးလွန်ကြမှာ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆရာကြီးဟာ Jhin ကို အသက်ရှင်လျက်နဲ့ပဲ Tuula က ဘုန်းတော်ကြီးစောင့် အကျဉ်းထောင်ကြီးမှာ ထည့်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။
Shen ကသဘောမတူပေမယ့် သူ့အဖေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့တယ်။ Zed က သူမြင်ခဲ့ရတဲ့ ထိတ်လန့် ခြောက်ခြားစရာတွေ ကြောင့် ဒီလို စာနာပေးတာကို လက်မခံနိုင်ခဲ့ဘူး။ နာကျည်းစိတ်ဖြစ်ပေါ်လာခဲ့တယ်။
Tuula မှာ အကျဉ်းကျနေတဲ့ ကာလအတွင်း Jhin ဟာ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားခဲ့တယ်။ သူ့ကိုစောင့်ရတဲ့ အစောင့် ဘုန်းတော်ကြီးတွေက သူဟာ ပန်းတိမ်အတတ်၊ ကဗျာ၊ အက စတဲ့ ပညာတွေမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်စွဲလမ်းနေတဲ့အရာကိုတော့ ပယ်ဖျောက်မပေးနိုင်ခဲ့ဘူး။ ဒီအချိန် ဘုန်းကြီးကျောင်းရဲ့ အပြင်ဘက်မှာတော့ Ionia ကို Noxian တွေ ကျူးကျော်လာတဲ့အတွက် နိုင်ငံရေး ကသောင်းကနင်းတွေဖြစ်ကာ စစ်ပွဲတွေလည်း ဖြစ်လာပြီး တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်ဟာ သွေးချောင်းစီးခဲ့ရတယ်။
Noxus နဲ့ စစ်ပွဲပြီး မကြာခင် Jhin ထောင်က လွတ်လာခဲ့တဲ့ ကာလမှာ သူ့ကို First Lands ရဲ့ Power တွေအတွက် ပြိုင်ဆိုင်နေကြတဲ့ လူတစ်ချို့က ကပ်လာခဲ့ကြတယ်။ အခုချိန်မှာတော့ သူ့မှာ Kashuri လက်နက်တိုက်ရဲ့ လက်နက်အသစ်တွေ ရှိနေပါပြီ။ ဒီလို ဖျက်ဆီးရေးလက်နက်တွေ ကိုဘယ်လိုရလာလဲ ဆိုတာနဲ့ Kashiri ရဲ့ ဘယ်ဆို အဆက်အသွယ်ရလဲဆိုတာကတော့ အားလုံးအတွက် အခုထိ ပဟေဠိဖြစ်နေတုန်းပါပဲ။
လျှို့ဝှက်တဲ့လူတွေဟာ ဘယ်သူပဲ ဖြစ်နေ ဖြစ်နေ သူတို့ဟာ Jhin ကို သုံးမကုန်နိုင်တဲ့ ငွေတွေနဲ့ ထောက်ပံ့ပြီး Jhin ရဲ့ သတ်ဖြတ်မှုတွေ တိုးလာတာကိုလည်း ကြောက်ရွံ့ဖွယ်မရှိပါဘူး။ မကြာသေးခင်ကမှပဲ သူဟာ Zed ရဲ့ Yanlei order က လူတွေကို တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့သင်္ကေတ Flair လို့မှတ်သားထားတဲ့ အစုလိုက်အပြုံလိုက် လုပ်ကြံ သတ်ဖြတ်မှုတွေ ဟာ Ionia ရဲ့ ဒေသအစုံမှာ သာမကပဲ Piltsover နဲ့ Zaun တို့မှာပါ ဖြစ်ပွားခဲ့တယ်။
Runeterra နေရာအားလုံးက Jhin ရဲ့ အနုပညာဖြစ်တဲ့ ရက်စပ်ကြမ်းကြုတ်မှုတွေရဲ့ ပိတ်ကား အလွတ်တစ်ခုလိုပါပဲ။ နောက်ထပ်ကျရောက်မယ့် စုတ်ချက်က ဘယ်မှာကျမလဲဆိုတာကို Jhin ပဲဆုံးဖြတ်နိုင်ပါတယ်။

Passive : Wisper
Jhin ရဲ့ Passive ဟာ သူ့ရဲ့ Auto Attack မှာ အဓိက သွားသက်ရောက်ပါတယ်။ Jhin ဟာ League of Legends ရဲ့ ထူးခြားတဲ့ Auto Attack Pattern ရှိသော Champion တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ Jhin ရဲ့ Auto Attack (၄) ချက်ပစ်ပြီးရင် တစ်ခါ ကျည်ပြန်ထိုးရတဲ့ Hand Canon အမျိူးအစားကို အသုံးပြုပါတယ်။ ဒီလို Auto Attack Pattern ရှိတဲ့အတွက် ပုံမှန် Range ADC တွေနဲ့ ကွဲပြားတဲ့အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီ Passive ရဲ့ ထူးခြားတဲ့အချက်တွေကို ကောင်းကောင်း သိရင် Jhin ကို ကောင်းကောင်းမွန်မွန်ဆော့တက်ပြီလို့ ပြောလို့ရပါတယ်။
Attack Speed
Jhin ဟာ Attack Speed Item တွေထည့်လိုက်လို့ Attack Speed မတက်လာပဲ Attack Speed အကုန်လုံးဟာ AD (Attack Damage) အဖြစ်ပြောင်းလဲသွားမှာပါ။ Jhin ရဲ့ Auto Attack ကို မြန်မြန်ပစ်စေချင်ရင်တော့ တစ်နည်းပဲရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ Champion Level ကို များများတက်အောင် လုပ်တာပါ။ Jhin ဟာ Champion Level များလာလေလေ ကျည်ဆံ တစ်တောင့်နဲ့တစ်တောင့်ကြားမှာ ပိုပြီး မြန်မြန်ပစ်လာနိုင်လေလေဖြစ်ပါတယ်။
Critical Strike
Jhin ရဲ့ နောက်ဆုံးကျည်ဆံ (၄) ချက်မြောက် ကျေည်ဆံဟာ Critical Strike သက်ရောက်ပါတယ်။ Critical Strike သာမကဘဲ Target ရဲ့ Missing Health အပေါ်ကို လိုက်ပြီး Bonus Damage သက်ရောက်ပါသေးတယ်။
Jhin ရဲ့ Champion Lvl 1 မှာ Target ရဲ့ Missing Health 15% ကို Bonus Damage အဖြစ်
Jhin ရဲ့ Champion Lvl 5 မှာ Target ရဲ့ Missing Health 20% ကို Bonus Damage အဖြစ်
Jhin ရဲ့ Champion Lvl 11 မှာ Target ရဲ့ Missing Health 25% ကို Bonus Damage အဖြစ် အသီးသီး သက်ရောက်ပါတယ်။ ဒါကြောင့် (၄) ချက်မြောက် ကျည်ဆံဟာ ပုံမှန် Critical တစ်ခုထက် အများကြီး အဓိပါယ်ရှိလို့ (၄) ချက်ပြည့်တိုင်း Enemy Champion ကို တက်ပစ်ပြီး Trade ကြတာဖြစ်ပါတယ်။
Jhin ရဲ့ Critical Strike မှာ နောက်ထပ် ထူးခြားတာ တစ်ခုရှိပါသေးတယ်။ ပုံမှန် Champion တွေဟာ Critical တက်တဲ့တစ်ချက်မှာ 200% Damage သက်ရောက်ပါတယ်။ Jhin ကတော့ 150% Damage တည်းသာ သက်ရောက်တာပါ။ Jhin ဟာ တခြား Champion တွေနဲ့ မတူဘဲ Critical Damage ကို နည်းနည်းပဲ ထွက်တဲ့ အားနည်းချက်ကို Fix လုပ်လို့ရတဲ့ တစ်နည်းရှိပါတယ်။ အဲ့ဒါကတော့ Critical Item တစ်ခုဖြစ်တဲ့အပြင် Bonus AD ကိုပါ ပေးတဲ့ Infinity Edge ပါ။ Inifnity Edge ပြီးသွားတဲ့အချိန်မှာ Jhin ရဲ့ Critical Damage ဟာ 173% Damage အထိ တိုးသွားမှာဖြစ်ပါတယ်။
Movement Speed
Critical Strike တက်သွားတိုင်းမှာ Jhin ဟာ 2 seconds ကြာမြင့်တဲ့ Bonus Movement Speed ကို ရရှိပါတယ်။ ဒီ Bonus Movement Speed ဟာ 10% + (4% for every 10%AS) အချိူးအတိုင်း ရရှိတာဖြစ်ပါတယ်။ Jhin မှာ Bonus Attack Speed 100 ရှိရင် 10%+ 40% = 50% Bonus Movement Speed ဝန်းကျင်ရရှိပါတယ်။ ဒီ Guide မှာ ဖော်ပြထားတဲ့ 1st Item Build အရ Critical Item (၃) ကွက်ပြီးတဲ့အချိန်မှာ Bonus Movement Speed က 28% ရရှိတာဖြစ်ပါတယ်။ ဒါကြောင့် စုစုပေါင်း Crit Movement Speed ဟာ 38% Bonus ရရှိနေပါလိမ့်မယ်။
ဒါကြောင့် Jhin ဟာ ပွဲစကတည်းက သူ့ရဲ့ (၄) ချက်မြောက် Auto Attack တိုင်းမှာ Critical + Bonus Movement Speed ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်က Ciritical Item (၄) ကွက်ထည့်ပြီး 100% Critical Chance ရှိနေမယ်ဆိုရင် ပစ်ချက်တိုင်းမှာ Critical + Bonus Movement Speed ရရှိနေမှာပါ။
နောက်ဆုံးတစ်ချက်ကတော့ သူ့ရဲ့ Attack Speed နဲ့ Ciritical Chance တွေရတဲ့ Item တွေထည့်တဲ့အခါ ပြောင်းလဲရရှိသွားမယ့် AD တွက်ချက်ပုံပါ။
Attack Speed 10 တိုင်းကို 2.5 AD ပြောင်းလဲရရှိမှာဖြစ်ပြီး
Ciritical Chance 10% တိုင်းအတွက် 3 AD ကို ရရှိမှာပါ။
ဒါကြောင့် Critical Chance 100% ရနေတဲ့အချိန်မှာ Jhin ဟာ Bonus AD 30 အလိုအလျောက်ရရှိတာနဲ့ ညီမျှပါတယ်။

Skill1 : Dancing Grenade
Jhin ရဲ့ နံပါတ် (4) အတိုင်း Dancing Grenade ဟာလည်း (၄) ချက် Bounce ခုန်တဲ့ Damage Ability ဖြစ်ပါတယ်။ Dancing Grenade ဟာ ဒီတိုင်းသုံးရင် Damage နည်းနည်းလေးပဲ ထွက်ပါတယ်။ Damage များများထွက်ဖို့အတွက် Bonuce ခုန်သွားတဲ့ Unit တွေသေရင် သေသလောက် နောက် Unit တွေမှာ Damage များများထွက်ပါတယ်။ Dancing Grenade အနေနဲ့ Bounce ထိသွားတဲ့ Unit တွေထဲက Minion (or) Champion သေသွားတိုင်း ကျန်တဲ့ Bounce ချက်တွေမှာ Base Damage ရဲ့ 35% စီ တိုးနေမှာဖြစ်ပါတယ်။ အမြင့်ဆုံး ထိနိုင်တဲ့ Damage ကတော့ Bounce ခုန်တဲ့ Unit (၄) ခုမှာ ရှေ့ Unit (၃) ခုက သေသွားရင် နောက်ဆုံး Unit ဟာ ပုံမှန် Damage ထက် 205% ပိုထိမယ့် သဘောဖြစ်ပါတယ်။
100%+35%+35%+35% = 205% of Dancing Grenade Base Damage.
အကောင်းဆုံးကတော့ Dancing Grenade ကို သေခါနီးလောက် သွေးလျှော့ထားတဲ့ Minion ပေါ်ကို သုံးပေးတာပါ။ ဒါမှ Bounce ခုန်မယ့် နောက်ထပ် အချက်တွေမှာ Damage များလာလေလေဖြစ်ပြီး နောက်ဆုံးကျမယ့် Target က Champion ဖြစ်မယ်ဆိုရင် အဲ့ဒီ့ Champion ကို Damage အများကြီးထိစေမှာပါ။
Tips
Minion Wave တစ်ခုမှာ 2 Melee + 2 Range Minion စုစုပေါင်း (၄) ကောင် ပါပါတယ်။ ဒီ Wave နဲ့တွေ့တဲ့အခါ သင်က အဆိုပါ Wave ရဲ့ အရှေ့က Melee Minion တစ်ကောင်ကို Kill လိုက်ရင် Wave မှာ Total Minion (၃) ကောင်ပဲ ကျန်ပါလိမ့်မယ်။ ကျန်တဲ့ Melee Minion ကို Dancing Grenade နဲ့ပေါက်ရင် သေလောက်မယ့် အနေအထားအထိ သွေးလျှော့ပြီး သူ့အပေါ် Dancing Grenade ကို သုံးလိုက်မယ်ဆိုရင် Bounce ရဲ့ အရှေ့ (၃) ချက်ဟာ Melee > Range > Range ဆိုတဲ့အဆင်လိုက်အတိုင်း Minion (၃) ကောင်ဆီကို ခုန်သွားပြီး နောက်ဆုံး တစ်ချက်ဟာ Minion Wave ရဲ့ အနောက်မှာ နေနေတဲ့ Enemy Champion အပေါ်ကို ကျပါလိမ့်မယ်။ ဒါကြောင့် ရှေ့မှာ ခုန်သွားတဲ့ (၃) ချက်က Minion တွေ သေရင်သေသလောက် နောက်ဆုံး (4) ချက်မြောက် Bounce ခံရမယ့် Enemy Champion ဟာ အထိ အနာဆုံး ဖြစ်စေမှာပါ။ ဒါကြောင့် Laning Phase မှာ Dancing Grenade ကို အသုံးပြုတဲ့အခါ Minion Wave တွေ့တွေ့ချင်း တန်းသုံးလိုက်ရင် အကျိူးသက်ရောက်မှု အရမ်းနည်းမှာဖြစ်ပြီး (၄) ချက်မြောက် Bounce ကို Enemy ပေါ်ကျအောင် တွက်ချက် သုံးနိုင်လေလေ မပင်မပန်းဘဲ Trade နိုင်လေလေဖြစ်ပါတယ်။
အနှစ်ချူပ်။ ။ Minion (၃) ကောင် ချန်ထားပြီး သွေးအရမ်းနည်းနေတဲ့ Minion ကို သုံးပေးရင် နောက်ဆုံး Bounce အချက်ဟာ Enemy Champion အပေါ်ကို ကျပါလိမ့်မယ်။ Dancing Grenade ကို များသောအားဖြင့် Minion ကိုသာ ချိန်သုံးပေးသင့်ပါတယ်။
ဒါကို အသုံးချတက်ရင် ချတက်သလောက် Enemy ကို Damage အမြောက်အများ ထိစေမှာပါ။
ဥပမာ
အရှေ့က Melee Minion တစ်ကောင် ကို Kill ပြီးတဲ့အပြင် အနောက် Range Unit တွေကို Hp အနည်းငယ်လျှော့ထားပြီးမှ အရှေ့က ကျန်တဲ့ Melee Minion ကို Dancing Grenade သုံးပေးတဲ့အခါ Bounce ချက်တိုင်းက Minion (၃) ကောင်လုံးကို Kill သွားနိုင်ခြင်း စသည်ဖြင့် အသုံးချနိုင်ပါတယ်။
နောက်ပြီး Bounce အချက်နဲ့ သေပြီး Bonus Damage တိုးလာတာမျိူးအပြင် Bounce ပြီး မသေသေးတဲ့ Unit ကို Jhin ကို Kill ပေးလိုက်မယ်ဆိုရင်လည်း နောက်လက်ကျန် Bounce ချက်တွေမှာ Bonus Damage ရနိုင်တဲ့ အချက်ကိုလည်း မေ့မထားဘဲ အသုံးချသင့်ပါတယ်။
Late Game မှာ Team Fight ဖြစ်နေတဲ့ နားက Range Minion ကို Dancing Grenade သုံးပြီး Battle ဆိုင်ခြင်း (Late Game Item တွေရပြီးတဲ့အချိန်မှာ Dance Grenade ဟာ သွေးလျှော့စရာမလိုဘဲ Range Minion တွေကို ချက်ချင်းသေစေတဲ့တွက်ပါ)

Skill 2 : Deadly Flourish
Jhin ရဲ့ Crowd Control Ability ဖြစ်ပါတယ်။ Jhin ကိုယ်တိုင် (သို့မဟုတ်) Allied Champion တစ်ကောင်ကောင်က Damage သက်ရောက်မှု တစ်ခုခုပေးထားတဲ့ Champion ကို Deadly Flourish သုံးလိုက်တဲ့အခါ Damage + Root ကို သက်ရောက်စေပါတယ်။ Level များများယူလေ Root ကြာချိန်က ပိုမိုများပြားလာမှာဖြစ်တဲ့အတွက် Dancing Grenade ပြီးရင် ဒုတိယ ဦးစားပေး တင်ပေးရမယ့် Ability ဖြစ်ပါတယ်။
ပုံမှန် ရိုးရိုးသုံးရင် လမ်းကြောင်းတစ်လျှောက်က Minion တွေကို Damage ရဲ့ ၂၅% သာ သက်ရောက်ပြီး ပထမဆုံး ထိတဲ့ Champion တစ်ကောင်တည်းကိုတော့ Full Damage သက်ရောက်ပြီး ရပ်တန့်သွားမှာပါ။ ဒါကြောင့်
- Jhin Damage ပေးထားတဲ့ Champion
- Dancing Grenade ထိထားတဲ့ Champion
- Skill 3 Trap ကို နင်းမိထားတဲ့ Champion
- Allied Champion က Damage ပေးထားတဲ့ Champion အပေါ်ကို သုံးတော့မှ ဒီ Ability ရဲ့ အဓိက အသက်ဖြစ်တဲ့ Root ကိုပါ သတ်ရောက်စေမှာပါ။
Tips:
အထက်မှာ ပြောထားအချက် (၄) ခုထဲက တစ်ခုခု သက်ရောက်ခံထားရတဲ့ Champion ရဲ့ HP Bar အောက်နားမှာ စက်ဝိုင်းပုံ Mark လေးတစ်ခုပေါ်နေမှာပါ။ အဲ့ဒီ့ Mark ရှိနေတဲ့ Champion ကို Deadly Flourish နဲ့ ပစ်တဲ့အခါ Root စေမှာပါ။ အကောင်းဆုံးကတော့ Slow, Stun, Airborne စတဲ့ Crowd Control မိထားတဲ့ Enemy ကို Deadly Flourish နဲ့ ပစ်ပြီး Root တာက အသေချာဆုံးဖြစ်ပါတယ်။ Deadly Flourish ဟာ Cast Animation (၁) စက္ကန့် ကြာမြင့်တဲ့အတွက် Enemy တိုင်း အလွယ်တကူ ရှောင်နိုင်တဲ့ Ability ဖြစ်ပါတယ်။

Skill 3 : Captive Audience
ရိုးရှင်းတဲ့ Invisible Trap Ability တစ်ခုပြီး Non-Allied Unit တစ်ခုခုက တက်နင်းမိတဲ့အခါ ထပေါက်ပြီး Damage သက်ရောက်တဲ့ Ability ဖြစ်ပါတယ်။ Trap တစ်ခုဟာ 3 minutes အထိ ကြာမြင့်ပြီး နင်းခံရတဲ့ဟာ အဆိုပါ AOE အတွင်းက Enemy Unit တွေကို 45% Movement Speed Slow သက်ရောက်စေပြီး 2 seconds အကြာမှာ ပေါက်ကွဲပြီး Damage ထိစေပါတယ်။ Trap ပေါက်ကွဲတဲ့ Damage က တော်တော်လေး များပါတယ်။ ဒါပေမယ့် (2) seconds ကြာမှ ပေါက်ကွဲတာဖြစ်တဲ့အတွက် Enemy တွေအနေနဲ့ အလွယ်တကူ ရှောင်ရှားနိုင်တဲ့အားနည်းချက်ရှိပါတယ်။ ဒါကြောင့် Trap ကို နင်းမိမိချင်း Slow ဆွဲနေတဲ့ အချိန်မှာ Skill 2 Deadly Flourish ကို ထိအောင် သုံးလိုက်နိုင်ရင် Root ထားနိုင်မှာဖြစ်တဲ့အတွက် ဒီ ပေါက်ကွဲတဲ့ အချိန်အထိ Trap ပေါ်မှာ ဖမ်းထားပေးနိုင်မှာဖြစ်ပါတယ်။
Tips
Early Game မှာ ခြုံပုတ်တွင်း Vision ကြည့်ဖို့နဲ့ Enemy Jungler ရဲ့ လမ်းကြောင်းကို ကာကွယ်ထားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Trap Damage ဟာ ပထမဆုံး တစ်လုံးမှာ Damage အပြည့်ထိပေမယ့် နောက်ဆက်တွဲ Trap Damage တိုင်းကတော့ 65% ပဲ သက်ရောက်မှာပါ။ ဒါကြောင့် တစ်နေရာတည်းကို အများကြီး ပူးထောင်ထားတာက အကျိူးသက်ရောက်မှု အားနည်းပါတယ်။ ပူးမထောင်ထားပဲ ကပ်ပြီး ထောင်ထားတဲ့အခါ Trap တစ်ခုကို ရှောင်ဖို့ကြိုးစားမယ့် Enemy အနေနဲ့ နောက်ထပ် Trap ကို ထပ်နင်းမိတဲ့အခါမျိူးမှာ Trap ပေါက်ကွဲတဲ့ Damage ကို ထိဖို့ အခွင့်အရေးပိုများတဲ့အတွက်ဖြစ်ပါတယ်။
Captive Audience ဟာ ပထမဆုံး တစ်ဆင့်မှာ Damage အလွန်နည်းပါတယ်။ နှစ်ဆင့်ယူပြီးတဲ့အချိန်ကြမှ Base Damage ဟာ 20 ကနေ 100 အထိ တိုးသွားမှာဖြစ်လို့ Captive Audience ကို (၂) ဆင့်လောက် အရင်ယူပြီး Deadly Flourish ကို Max မယ်ဆိုလည်း မှားတော့ မမှားပါဘူး။ (ဒါပေမယ့် Skill 1 Max ပြီး Skill 2 Max တာကတော့ လူကြိုက်အများဆုံး ကစားပုံဖြစ်ပါတယ်)
Captive Audience ကို အနည်းဆုံးတစ်ဆင့်ယူထားပြီးတဲ့အချိန်မှာ Enemy Champion တစ်ကောင်ကောင်ကို Jhin က Kill လိုက်တိုင်း (သို့မဟုတ်) Jhin Assist နဲ့ Enemy တစ်ကောင်ကောင် သေသွားတိုင်း အဆိုပါ Champion ရဲ့ သေသွားတဲ့နေရမှာ Trap တစ်ခု အလိုလိုပေါ်လာမှာဖြစ်ပြီး အလိုအလျောက် Activate ဖြစ်မှာပါ။

Ultimate : Curtain Call
Super Long Range Damage Ultimat Ability ဖြစ်ပါတယ်။ အသုံးပြုမယ့် Direction ဘက်ကို ၁ဝ စက္ကန့်အတွင်းမှာ အမြောက်ကျည်ဆံ (၄) ချက် ပစ်လွှတ်နိုင်မယ့် Channeling Ability လည်းဖြစ်ပါတယ်။ ဒီ ကျည်ဆံ (၄) တောင့်မှာ နောက်ဆုံးတစ်ချက်ဟာ 100% Ciritical Strike သက်ရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ကျည်ဆံအားလုံးဟာ Jhin AD ရဲ့ 20% + 50/125/200 Damage ပဲ သက်ရောက်စေမှာဖြစ်လို့ အရမ်းကို နည်းတဲ့ Damage လို့ပြောလို့ရပါတယ်။
ဥပမာ Jhin ဟာ Total AD 100 ရှိတဲ့ Ultimate တစ်ဆင့်ပဲ ယူရသေးတဲ့ Lvl 5 လောက် အခြေအနေမှာ Ultimate ရဲ့ အရှေ့ (၃) ချက်ဟာ Damage 20 + 50 = 70 Damage လောက်ပဲ သက်ရောက်မှာပါ။ ဒါပေမယ့် Damage ဟာ Target Enemy ရဲ့ Hp နည်းရင် နည်းသလောက် 0% ကနေ 300% အထိ တိုးလာမယ့် အားသာချက်တော့ ရှိပါသေးတယ်။
အထက်မှာ ပြောခဲ့သလို 70 Damage ပဲ သက်ရောက်တဲ့အခြေအနေမှာ Enemy ဟာ HP 50% ပဲ ရှိမယ်ဆိုရင်
70 ရဲ့ 150% = 105 Damage သက်ရောက်မှာပါ။
Hp 90% အောက် အရမ်းနည်းနေတဲ့ Champion ဆိုရင်တော့ 70 ရဲ့ 280% = 196 Damage ဆိုပြီး ထိစေပါလိမ့်မယ်။
နောက်ဆုံး ကျည်ဆံကတော့
AD ရဲ့ 100% အပြည့် ထိမှာဖြစ်လို့ 50 + 100 = 150 Damage ရဲ့ 280% = 420 Damage ဆိုပြီး ထိနိုင်ပါမယ်။
နောက်ဆုံး ကျည်ဆံဟာ 100% AD + Bonus Damage ဆိုပြီး သက်ရောက်ပေမယ့်
Infinity Edge ဆက်ပြီးတဲ့အချိန်မှာတော့ 135% AD + Bonus Damage ဆိုပြီး ပိုထိပါမယ်။
Tips
ဒီ Ability ဟာ Long Range ဖြစ်ရုံမက Channeling Ability ဖြစ်တဲ့အတွက် လုံးဝ Safe ဖြစ်တဲ့အခြေအနေမျိူးမှ သုံးသင့်ပါတယ်။ Hp နည်းပြီး ထွက်ပြေးတဲ့ Champion မျိူးရှိမှ၊ မိမိရဲ့ Teammates တွေက ခပ်လှမ်းလှမ်းမှာ Team Fight ဖြစ်နေလို့ Enemy တွေ သွေးနည်းနေတဲ့အခါမျိူးမှ သုံးသင့်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် Ultimate ဟာ Enemy သွေးနည်းလေ Damage ပိုထွက်လေဖြစ်ပြီး သွေးအပြည့်နဲ့ Enemy တွေကို ပစ်တဲ့အခါမှာတော့ ကိုယ့်ရဲ့ လက်ရှိ AD ရဲ့ 20% လောက်ပဲ ထွက်တာမို့လို့ အယားမပြေတဲ့ Ultimate ဖြစ်သွားမှာပါ။ Jhin ဟာ AD Carry ဖြစ်တဲ့အတွက် Carry တို့ရဲ့ ထုံးစံအတိုင်း Enemy Champion ကို ချိန်စားတဲ့ အချိန်မျိူးမှ ထုတ်သုံးပေးရင် အတန်ဆုံးဖြစ်စေမှာပါ။

Items
Ability တွေ အကြောင်းကို အရင်ဖော်ပြခဲ့တဲ့အတွက် Mobile Version Wild Rift မှာ Jhin အတွက် Infinity Edge ဟာ ဘယ်လောက်တော့ အရေးပါလဲဆိုတာကို သိပြီးသလောက်ဖြစ်မှာပါ။ ဒါကြောင့် Jhin ရဲ့ First Item ကို အမြဲ Infinity Edge နဲ့ စဖို့ အကြံပြုချင်ပါတယ်။ နောက်ပြီး 100% Critical Chance ရှိနေတဲ့အချိန်မှာ ပစ်ချက်တိုင်းက Bonus Movement Speed ရစေမယ့် အကြောင်းကိုလည်း Passive Ability ဖြစ်တဲ့ Whisper မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် 100% Critical Chance ရအောင် ဆက်တိုင်းလည်း မကောင်းပြန်ပါဘူး။ ဒီအကြောင်းကို ရှင်းလင်းဖော်ပြပါမယ်။
Jhin ဟာ ကျည်ဆံ (၄) တောင့်ပစ်ပြီးတိုင်း တစ်ခါ Reload လုပ်ရတဲ့ Champion ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် Jhin ရဲ့ ပစ်ချက် တစ်ခုနဲ့ တစ်ခုကြား ကြာချိန်ဟာ 1 second ပျမ်းမျှ ရှိပါတယ်။ အချက်တိုင်းမှာ Critical တက်ပြီး အချက်တိုင်းမှာ Bonus Movement Speed ရမယ် ဆိုပေမယ့် Bonus Movement Speed ဟာ 2 seconds ကြာမြင့်တဲ့ အချက်ကြောင့် ပထမတစ်ချက်ပစ်ပြီး နောက်တစ်ချက်မှာ ရတဲ့ Bonus Speed ဟာ ပထမ Bonus အချိန်အပြည့် မသုံးရခင်မှာ ပြန်ရနေတဲ့သဘောပါ။ ဒါကြောင့် 100% မဆက်ထားရင်လည်း Bonus Movement Speed ဟာ ဆက်တိုက်ရနေဖို့ လုံလောက်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ 75% Critical Chance ရအောင် Critical Item (၃) ကွက်ထည့်ပြီး AD များများရတဲ့ Item (၂) ကွက်ထည့်တာကို ပိုပြီး အားပေးပါတယ်။ Wild Rift က Critical Item တွေဟာ Attack Speed နဲ့ Critical Chance တွေကိုပဲ ပေးပြီး Infinity Edge တစ်ခုတည်းကသာ AD ပါ ပေါင်းပေးတာပါ။ ဒါကြောင့် Jhin လို တစ်ချက်ချင်းပစ်ပြီး Damage ပေးရတဲ့ AD Champion အနေနဲ့ AD က မဖြစ်မနေလိုပါတယ်။ ဒါကြောင့် AD Item ကို အထိုက်အလျောက်ထည့်စေချင်တာပါ။
1st Item : Infinity Edge
2nd Item : Rapid Fire Canon
3rd Item : Movement Boots
4th Item : Phantom Dancer (ဒီနေရာမှာ 75% Crit Chance ပြည့်သွားပါပြီ)
5th Item : Mortal Reminder (Armor Pen% = More Damage)
6th Item : Bloodthirster (Lifesteal+Tank) ဆိုပြီး အဆင်လိုက်ရွေးထားပါတယ်။ Total 351 AD ရှိပါတယ်။
ထုံးစံအတိုင်း Boots Upgrade ကတော့ နောက်ဆုံးမှာ ရွေးရမှာဖြစ်ပြီး Quicksilver, Teleportation လိုတာကို ရွေးချယ်ရုံပါပဲ။
Full Crit နဲ့ ဆော့ကြည့်ချင်တယ်ဆိုရင်လည်း ရွေးချယ်လို့ရအောင် ဖော်ပြထားပါတယ်။ Full Crit Build ရဲ့ အားသာချက်ကတော့ Critical ကနေ ပြန်လည်ရရှိမယ့် Bonus Movement Speed ဖြစ်ပါတယ်။ ဒီ Build ကနေ စုစုပေါင်း 135% Attack Speed ရရှိပါတယ်။ ဒီ Bonus ဟာ Crit တက်တိုင်းမှာ 10% + (54%) = 64% Bonus Movement Speed ကို ရရှိနေမှာပါ။ ပစ်ချက်တိုင်းရဲ့ Damage ကတော့ 1st Build လောက် မများတဲ့အတွက် ကျည် (၄) တောင့် တစ်ခါပြန် Reload လုပ်ပေးရတဲ့ Jhin အတွက် Late Game မှာ Effective Damage Rate ကတော့ အနည်းငယ်နည်းပါလိမ့်မယ်။
1st Item : Infinity Edge
2nd Item : Statikk Shiv
3rd Item : Gluttonous Greaves
4th Item : Phantom Dancer
5th Item : Rapid Fire Canon
6th Item : Blade of the Ruined King ဆိုပြီး အဆင်လိုက်ရွေးထားပါတယ်။ Total 253 AD ရှိပါတယ်။

Runes
Jhin ဟာ ကျည်ဆံ (၄) တောင့်ပစ်ပြီးတိုင်း တစ်ခါ Reload လုပ်ရတဲ့ Champion ပါ။ ဒါကြောင့် Conqueror မှာရတဲ့ (၅) ချက်နေမှာ တစ်ခါပေါက်တဲ့ Stack Damage ဟာ Jhin အတွက် တော်တော်လေး ဂွကျပါတယ်။ Conqueror ပေါက်တဲ့ (၅) ချက်မြောက်အချက်နဲ့ (၄) တောင့်မြှောက် ကျည်ဆံအဖြစ် တိုက်ဆိုင်ဖို့ဟာ Reload (၄) ခါ လုပ်ပြီးမှ တစ်ခါ ကြုံကြိုက်မယ့် သဘောဖြစ်နေပါတယ်။ ဒါကြောင့် Jhin နဲ့ Conqueror ကို မလိုက်ဖက်ဘူးလို့ပဲ ပြောပါရစေ။ ပစ်ပေးလေးဆော့ရမယ့်အပြင် Survive Ability မပါဝင်တဲ့ Jhin အနေနဲ့ Fleet Footwork ရမယ့် Bonus Movement Speed + Heal ဟာ တော်တော်လေး အလုပ်ဖြစ်တဲ့အပြင် သူ့ရဲ့ Passive Crit Bonus Movement Speed နဲ့ တွဲဖက်လိုက်တဲ့အခါ Jhin ဟာ Position ကောင်းကောင်း ယူလို့ရအောင် အထောက်အကူပြုပါလိမ့်မယ်။
First Build အတွက် Team Fight တွေမှာ အသက်ရှည်စေဖို့ Triumph
Tenecity အတွက် Hunter - Titan
Laning နဲ့ Farming ကို အဓိက အထောက်အကူပြုတဲ့ Sweet Tooth ကို ရွေးချယ်ထားပါတယ်။
Second Build အတွက်တော့ Free AD ပြန်ကာမိစေမယ့် Gethering Storm
Slow Resistance အတွက် Spirit Walker
Laning နဲ့ Farming အတွက် Sweet Tooth ကိုပဲရွေးချယ်ပေးထားပါတယ်။
Key Stone Rune ကတော့ Mobile Version အတွက် Fleet Footwork က အကောင်းဆုံးဖြစ်ပါတယ်။

Counters
Jhin ဟာ Escape Ability မပါဝင်တဲ့ ADC ဖြစ်ပါတယ်။ သူ့မှာ Bonus Movement Speed ကို အားထားပြီး Position ယူရပါတယ်။ ဒါကြောင့် Jhin အနားကို ကပ်နိုင်ပြီး ဆက်တိုက် Movement Speed မြန်မြန်နဲ့ Damage ပေးနိုင်တဲ့ Champion တိုင်းဟာ Jhin ရဲ့ Counter တွေဖြစ်ပါတယ်။ ဥပမာ - ADC Champion တစ်ကောင်ဖြစ်တဲ့ Kaisa ဆိုရင် Jhin အနားကို ကပ်ဖို့ အရမ်းလွယ်တဲ့ Ultimate ရှိပါတယ်။ အနားရောက်သွားရင်လည်း ထွက်ပြေးဖို့ ကြိုးစားမယ့် Jhin အနားကို လိုက်နိုင်မယ့် Skill 3 နဲ့ Attack Speed ကောင်းကောင်းလည်း ရှိပါသေးတယ်။
Jhin ကို Counter လုပ်နိုင်တဲ့ Champion တွေဟာ များသောအားဖြင့် ADC တွေဖြစ်ပါတယ်။ အကြောင်းက Jhin ဟာ သူ့ရဲ့ နှေးကွေးတဲ့ Attack Speed ကြောင့် Attack Speed ကောင်းတဲ့ Champion နဲ့ယှဉ်ပြီးပစ်ဖို့ ခက်ပါတယ်။ ဒါကြောင့် အနားကပ်လာပြီး ဆက်တိုက်ပစ်နိုင်တဲ့ Mobility ကောင်းတဲ့ ADC တွေဟာ Jhin ရဲ့ Counter တွေပါ။ Ashe ဆိုရင် Skill 1 Full Stack ရတဲ့အခါ Jhin ကို ပြေးမလွတ်အောင် နှေးထားပြီး Auto Attack နဲ့ အဆုံးသတ်ပေးနိုင်ပါတယ်။ Kai'sa တို့ Vayne တို့လည်း ထိုနည်းလည်းကောင်းပါပဲ။ တခြား Mobility ကောင်းတဲ့ Jungler တွေကိုလည်း ရွေးချယ်နိုင်သလို ဘယ် Champion ကိုမဆို အလွယ်ဆုံး Counter Lockdown ချနိုင်တဲ့ Malphite ကိုတော့ အခြေအနေအရ ရွေးချယ်နိုင်ကြောင်း အကြံပြုပေးထားပါတယ်။

Tips အနှစ်ချူပ်
Jhin ရဲ့ Power Spike ဟာ သူ့ရဲ့ Positioning ဖြစ်ပါတယ်။ တခြား Champion တွေလိုမျိူး Level ဘယ်လောက်မှာ စပြီး Strong လာတယ်လို့ ပြောလို့မရပါဘူး။ Lvl 1 မှာကတည်းက Jhin ဟာ နေရာ ယူတက်ရင် ယူတက်သလောက် ဒုက္ခပေးနိုင်တဲ့ Champion ဖြစ်ပါတယ်။ နောက်ဆုံး (၄) ချက်မြောက် ကျည်ဆံကို Enemy Champion ကို ပစ်ပြီး trade မှာလား၊ ဒါမှမဟုတ် Canon Minion ကို ချိန်စားပြီး ပိုက်ဆံ ယူမှာလား၊ စတဲ့ Laning Phase Positioning ကနေ Ultimate ကို Safe ဖြစ်တဲ့နေရာကနေ သုံးပြီး Champion ချိန်စားတဲ့ Mid Game နဲ့ Team နဲ့ အတူ Lane Push တဲ့အခါမှာ Enemy ရဲ့ Lock down ချမယ့် Ability တွေကို ရှောင်ပြီး နေရာယူရမယ့် Late Game အထိ Positioning က အသက်ဖြစ်ပါတယ်။ Position ယူတာ ကောင်းတဲ့ Jhin ဟာ Team Fight တွေမှာ မသေနိုင်တဲ့အတွက် Damage လည်း ကြာလေပိုပေးနိုင်လေဖြစ်မှာပါ။
Jhin ရဲ့ Auto Attack, Skill 1 နဲ့ Ultimate အားလုံးဟာ Hp နည်းနေတဲ့ Champion ကိုမှ ပိုထိတာတွေချည်း ဖြစ်ပါတယ်။ ဒါကြောင့် Team Fight တစ်ခုမှ စောစောသေမသွားဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ လိုအပ်ရင် လိုအပ်သလို Team Fight ကို ကိုယ့်လူတွေ ချနေတဲ့အချိန်မဝင်သေးဘဲ စောင့်သင့်ရင် စောင့်ပါ။ ကိုယ့် Teammates တွေ အကြိတ်အနယ် ချထားလို့ Hp အထိုက်အလျောက် လျော့နေတဲ့ Enemy တွေကို နောက်မှ စစ်ကူဝင်ပေးသလိုနဲ့ Damage အမြောက် အများထွက်စေပြီး Finishing လုပ်ပေးတာ ပိုကောင်းပါတယ်။
နောက်ပြီး 1st Item ဖြစ်တဲ့ Infinity Edge ထွက်တဲ့အချိန် စောလေ ကောင်းလေပါပဲ။ ဒါကြောင့် Laning Phase မှာ ကြာကြာနေနိုင်မယ့် Sweet Tooth ကို မဖြစ်မနေ ယူသင့်ပါတယ်။ Early Game မှာ Jungler လာမယ့် လမ်းကြောင်းကို Trap တွေနဲ့ တန်းစီ ပိတ်ထားပြီး Item ရဖို့ အရင် အာရုံစိုက်သင့်ပါတယ်။ Infinity Edge ရသွားတဲ့ Jhin ဟာ 2 vs 2 Lane မှာ Champion Take Down ယူဖို့ အကောင်းဆုံးအချိန်ရောက်ပြီဖြစ်ပါတယ်။ 1st item တစ်ကွက်ချင်း အတူတူရထားတဲ့ ADC ၂ ကောင် ယှဉ်ချတဲ့အချိန်မှာ Jhin ဟာ Critical ကနေ ရတဲ့ Bonus Movement Speed နဲ့ Hp နည်းလေ Damage ပိုထိလေ Passive တို့ကြောင့် 2 vs 2 Fight တွေမှာ အားသာတာ များပါတယ်။

မည်သို့ပင်ဆိုစေကာမူ တခြား High Skill Champion တွေနဲ့ယှဉ်တဲ့အခါ Jhin ဟာ ဆော့ကြည့်ပြီး ကျွမ်းကျင်လာဖို့အတွက် တော်တော်လေး လွယ်ကူတယ်လို့ ပြောလို့ရပါတယ်။ Passive နဲ့ Skill 1 အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ပြီး Item Build မြန်ရင်မြန်သလောက် Power Spike မြန်မြန်ရောက်စေမယ့် Champion တစ်ကောင်ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ Farm ပြီး သွေးအေးအေးနဲ့ ကိုယ့်အတွက်ကိုယ် ချိန်စားတတ်တဲ့ ကစားသမားတွေအတွက်တော့ Jhin ဟာ ရွေးချယ်ဖို့ အသင့်တော်ဆုံး Champion ဖြစ်ပါတယ်။
Jhin ရဲ့ ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။
Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ Jhin ရဲ့ Ability တွေ အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်သင့်ပါတယ်။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံရဲ့ သဘောတရားတွေကို နားလည်ပြီဆိုရင်တော့ Jhin ဟာ သင့်ရဲ့ Rank game တွေမှာ မျက်နှာပန်းလှစေမယ့် Champion တစ်ကောင် ဖြစ်လာမှာပါ။
အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
လာမယ့် အပတ်မှာလည်း Wild Rift Mobile Version မှာ ကျင်းပခဲ့သော Noxian Brotherhood Event ကနေ Free ရွေးချယ်နိုင်ခဲ့ပြီး Top Laner Fighter Champion ဖြစ်တဲ့ Darius ရဲ့ Game Play guide ကို Aura Esports Page ကနေ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ Follow ထားပြီး Support လုပ်နိုင်ပါတယ်။
Comments