top of page
Search

Graves: The Outlaw- Backstory and Gameplay Suggestion

  • Ko Boo
  • Dec 6, 2020
  • 9 min read

Graves ဟာ Range Jungle Champion တစ်ယောက်ဖြစ်ပါတယ်။ တခါတလေမှာ Enemy Graves တွေက Team fight တွေမှာ Damage အရမ်းထွက်သလို ဖမ်းရခက်၊ သတ်ရခက်တွေဖြစ်နေပေမယ့် ကိုယ်တိုင်ဆော့ကြည့်တဲ့အခါ Damage လည်း သိပ်မထွက်သလို ဘာမှ မလုပ်လိုက်ရခင် သေသွားတာမျိူးတွေ ရှိတတ်ပါတယ်။ ဒါဟာ Graves ရဲ့ Ability တွေကို အကျိူးရှိရှိ အသုံးပြုနိုင်မှုပေါ်ကို မူတည်ပြီး ကွာခြားသွားရခြင်းဖြစ်ပါတယ်။ ဒီ Suggestion မှာတော့ ကိုယ်ဆော့မယ့် Graves က ဘယ်လောက်ထိ Damage Output များများ ထွက်နိုင်သလဲ၊ ဘယ်လောက်ထိ Team fight ထဲမှာ အသက်ရှည်ရှည်နေနိုင်သလဲ နဲ့ မိမိရဲ့ ကစားပုံကို လိုက်ပြီး Graves ကို ဘယ်လောက်အထိ အကျိူးရှိရှိ အသုံးချနိုင်မလဲဆိုတာကို ပုံတစ်ပုံချင်းစီနဲ့ ဖော်ပြသွားမှာဖြစ်ပါတယ်။

တကယ်တော့ Graves ဟာ Solo Que ပြီး Rank တင်ဖို့ ကြိုးစာနေတဲ့ ကစားသမားတွေအတွက် ဦးစားပေး ရွေးချယ်သင့်တဲ့ Hero တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ ကျွမ်းကျင်စွာ ကစားတက်ဖို့ အရမ်းလည်း မခက်သလို ရိုးရှင်းတဲ့ Gameplay ပုံစံနဲ့ ကစားရတဲ့ Champion ဖြစ်ရုံမက Late Game ရောက်လေ Strong ဖြစ်လေဖြစ်တဲ့ Carry Champion တွေထဲက တစ်ကောင်လည်းဖြစ်ပါတယ်။

ဒီ Guide ဟာ ကိုယ်ဆော့မယ့် Champion ရဲ့ အမြင့်ဆုံးအထိ ရရှိနိုင်မယ့် အားသာချက်တွေကို ဖော်ပြသွားမှာဖြစ်တဲ့အတွက် In-game မှာ တကယ်ပဲ အကျိူးရှိအောင် ကစားနိုင်ဖို့ မိမိနဲ့ လိုက်ဖက်တဲ့ ကစားကွက်ကို ရွေးချယ်ကစားခြင်းသည်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။




Backstory

Bilgewater ရဲ့ ဆိပ်ကမ်း လမ်းကြားတွေမှာ ကြီးပြင်းလာတဲ့ Malcolm Graves ဟာ သူ တစ်သက်လုံး အသုံးချရမယ့် တိုက်ခိုက်ခြင်းနဲ့ လိမ်လည်ခိုးယူတဲ့ ပညာတွေကို အလွယ်တကူပဲ သင်ယူတတ်မြောက်ခဲ့ပါတယ်။ သူဟာ ညတိုင်း သဘောင်္ဆိပ်မှာ ကပ်တဲ့ မှောင်ခိုသမားတွေရဲ့ သမ္ဗာန်တွေကနေ မှောင်ခိုပစ္စည်းတွေကို ခိုးယူကာ စီးပွားရှာပြီးတော့ အရံစီးပွားရေးအနေနဲ့ ဆိပ်ကမ်းမှာ ကြီးစိုးတဲ့ မြို့ခံလူဆိုးလူမိုက်တွေအတွက် သက်တော်စောင့်လုပ်ကာ အသက်မွေးခဲ့ပါတယ်။

ဒါပေမယ့် ဒီ Bilgewater မှာရှိတဲ့ အလုပ်တွေဟာ သူ့အတွက် ပျင်းဖို့ ကောင်းနေပါတယ်။ သူက ဒီ့ထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝမျိုးကိုပဲ တောင့်တတဲ့အတွက် ပြောင်းကျယ် သေနတ်တို တစ်လက်ကို ခိုးပြီး Shuriman ကျွန်းကို သွားမယ့် သဘောင်္ပေါ်ကို မှောင်ခို လိုက်လာပါတော့တယ်။

သင်္ဘောကပ်တဲ့ နေရာတိုင်းမှာ ခိုးဆိုးလုနှိုက်၊ လောင်းကစားလုပ်ရင်း Mudtown ရဲ့ တရားမဝင် ကြေးကြီး ဖဲဝိုင်း မှာတော့ သူ့ဘဝကို ထာဝရ ပြောင်းလဲစေနိုင်မယ့် လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူကတော့ လူလိမ် Twisted Fate ပါပဲ။

နှစ်ယောက်လုံးက အန္တရာယ်နဲ့စွန့်စားခန်းတွေကို မက်မောပြီး ကောက်ကျစ်ယုတ်မာစိတ်ကလည်း လိုက်ဖက်ညီတဲ့အတွက် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသလို အတူတကွ ပေါင်းဖက်မိကြပါတော့တယ်။ Graves ရဲ့ ခွန်အားဗလ နဲ့ နေရာတိုင်းကို ဝင်နိုင်ထွက်နိုင်တဲ့ Twisted fate ရဲ့ စကားပြောစွမ်းရည်ကြောင့် သူတို့အတွဲဟာ အစကတည်းက အင်မတန် အလုပ်ဖြစ်နေပါပြီ။ ချမ်းသာသူတွေဆီက ခိုးယူ၊ ရိုးအသူတွေကို လှည့်စား၊ တချို့အလုပ်တွေအတွက် တခြား လူမိုက်တွေပါ ရွေးချယ်ခေါ်ယူပြီး ပြိုင်ဖက်တွေက်ု ရနိုင်သလောက် အနိုင်ယူခဲ့ပါတယ်။

Twisted fate ကြောင့် ရ ရမယ့် ဝေစုတွေ မရဘဲ လက်ထဲ ဘာမှမကျန်တဲ့ အခါမျိုးမှာတောင် Graves က စိတ်မပျက်ဘဲ စွန့်စားခန်းအသစ်တွေကို အမြဲ ရှာဖွေနေခဲ့ပါတယ်။

သူတို့ဟာ Valoran ရဲ့တောင်ဖက် နယ်စပ်ဒေသက အိမ်ရှေ့စံကို ပြန်ပေးဆွဲတဲ့ အလုပ်တစ်ခုတုန်းကလည်း သူတို့ရဲ့ လွတ်မြောက်လမ်းအတွက် အချင်းချင်းမတည့်သော်လည်း ယာယီပူးပေါင်းထားတဲ့ Noxus ရဲ့ တော်ဝင် အိမ်တော် ၂ ခု ကို ခုတုံးလုပ်ခဲ့ပါသေးတယ်။ သူတို့ဟာ မူလ အလုပ်အပ်တဲ့ လူဆီကနေရတဲ့ ပိုက်ဆံကိုလည်း ယူတဲ့အပြင် ပြန်ပေးဆွဲလာတဲ့ အိမိရှေ့စံကောင်လေးကိုပါ ဈေးအများဆုံးပေးတဲ့သူဆီမှာပါ လေလံတင်ပြီး ရောင်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မူလ ဒီအလုပ်အပ်ခဲ့တဲ့သူအတွက်ကတော့ သူတို့နှစ်ယောက်ရဲ့ ဒီလိုမျိူးလုပ်ရပ်တွေဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။

Piltover မှာလည်း လုံးဝဖောက်ထွင်းမရနိုင်တဲ့ clockwork vault ကို ဖောက်နိုင်တဲ့ တစ်ဖွဲ့တည်းသော ဖောက်ထွင်း ဝိဇ္ဇာတွေဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရအောင်ယူခဲ့ပါသေးတယ်။ သူတို့ဟာ vault ထဲက ရတနာတွေကို အပြောင်ရှင်းခဲ့ရုံသာမကဘဲ အစောင့်တွေကို သူတို့ အပိုင်စီးခဲ့တဲ့ စက်လှေပေါ်ကို လှည့်စားပြီး တင်ခိုင်းကာ Sun Gates ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အမှုတိုင်းမှာ ချန်ထားခဲ့တဲ့ Twisted fate ရဲ့ သင်္ကေတ Calling card လေးကို တာဝန်ရှိသူတွေက တွေ့တဲ့အချိန်မှာတော့ သူတို့နဲ့ သူတို့အပေါင်းအပါတွေဟာ လွတ်လွတ်ကျွတ်ကျွတ် အဝေးရောက်နေကြပါပြီ။

ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ကံ ကုန်လာပါတော့တယ်။

လုယက်မှုတစ်ခုမှာ Grave ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့အချိန်မှာ Twisted fate က ကျောခိုင်းပြီး ကိုယ်လွတ် ထွက်ပြေးခဲ့ပါတော့တယ်။

The locker လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ထဲမှာ Graves ဟာ တိုက်ပိတ်ပြီး ရက်ရက်စက်စက် နှိပ်စက်တာတွေကို ခါးစည်းခံခဲ့ရပါတယ်။ အဲ့ဒီ အချိန်တွေမှာ Graves က သူ့ဒေါသကို သူ့ကို ထားရစ်ခဲ့တဲ့ Twisted fate အပေါ်တေးထားခဲ့ပါတယ်။ သူဟာ တခြားလူတွေ မခံနိုင်လောက်တဲ့ နှိပ်စက်မှုတွေကို လက်စားချေရမယ့်အချိန်ကို စောင့်စားကာ အားတင်းထားခဲ့ပါတယ်။

နောက်ဆုံး လွတ်လပ်ရေးရတဲ့အခါမှာတော့ ထောင်မှူးရဲ့ နှစ်လုံးပြူးကို သူ့ ပုခုံးပေါ်မှာ လွယ်ပြီး သူ မျှော်လင့်နေခဲ့တဲ့ ကလဲ့စားအတွက် Twisted fate ကို ရှာပုံတော် ဖွင့်ပါတော့တယ်။

သူဟာ ရှာရင်းနဲ့ ဇာတိမြို့ Bilgewater ကို ပြန်ရောက်လာပြီး သူ့မိတ်ဆွေဟောင်းကြီးကို ဖမ်းကာ ထုတ်ထားတဲ့ ဆုငွေတွေကို သိမ်းဖို့ ကြံစည်ခဲ့ပါတယ်။ နောက်ဆုံး Beaver king Gangplank နဲ့ သူ့ ပြိုင်ဘက် သင်္ဘော captain တွေကြား ရန်ပွဲမှာ Twisted fate ကိုတွေ့တဲ့အခါ မှာတော့ မကျေနပ်ချက်တွေကို ဘေးဖယ်ပြီး အသက်ဘေးက လွတ်မြောက်ဖို့ အတူတကွ ကြိုးစားရပါတော့တယ်။

ဒီတစ်ခါ Bilgewater ကနေ ပြန်ထွက်ခွာလာရတဲ့ အချိန်မှာတော့ မိတ်ဆွေဟောင်းကြီး Twisted fate ပါ ပြန်ပါလာပါပြီ။ နှစ်ယောက်လုံးဟာ အရင်လိုပဲ ပြန်ပေါင်းဖက်ချင်ပေမယ့် Graves ရဲ့ နာကျည်းချက်တွေကတော့ နေ့ချင်းညချင်း မေ့ဖျောက်ဖို့လွယ်ကူတဲ့ အရာမျိုး မဟုတ်ပါဘူး။ Twisted fate ကို ပြန်လည်ယုံကြည်နိုင်ဖို့ကတော့ အချိန်ယူရဦးမှာပါ။

Graves ဟာ ဇာတိမြေ Bilgewater ကို ပြန်လာရဦးမယ်လို့ ခံစားနေရပါတယ်။ ဒီတစ်ခါတော့ နှစ်ယောက်ဟာ သူတို့အရင်ခြေလှမ်းတွေအတိုင်း ပြန်ပူးပေါင်းပြီး အကောင်းဆုံး ultimate heist ကို လုပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။

လာမယ့် တနင်္ဂနွေနေ့ ညမှာတော့ Wild Rift ရဲ့ Jungler Champion တစ်ယောက်ဖြစ်တဲ့ Graves ရဲ့ Tips/ Tricks နဲ့ Suggestion post လေး တင်ပေးသွားမှာဖြစ်လို့ Wild Rift ပရိတ်သတ်တွေ သိအောင် မျှဝေပေးပါဦး။



Runes and Item

Rune နဲ့ Item ရွေးချယ်မှုကိုတော့ (၂) မျိူး ခွဲခြားပေးထားပါတယ်။ ပထမတစ်မျိူးကတော့ Fighter ဆန်ဆန် ကစားရတဲ့ AD Jungle ပုံစံဖြစ်ပြီး ဒုတိယ တစ်မျိူးကတော့ အချိန်တိုအတွင်း Enemy ကို Damage များများနဲ့ အမြန်ဖျောက်ပေးမယ့် Assassin Jungle ပုံစံ Build ဖြစ်ပါတယ်။


Fighter Build

Rune

Fleet Footwork, Triumph, Backbone, Mastermind

Jungle Champion ဖြစ်တဲ့အတွက် Monster နဲ့ Turret ကို Damage ပိုထိတဲ့ Mastermind ကတော့ မဖြစ်မနေ ယူရမှာပါ။ Keystone Rune ကို Fleet Footwork ယူရတဲ့ ရည်ရွယ်ချက်ကတော့ Graves ဟာ Enemy အနားကို ကပ်နေနိုင်လေလေ သူ့ရဲ့ Bullet တွေ များများထိဖို့ အခွင့်အရေးပိုရလေဖြစ်ပါတယ်။ ဒါ့အပြင် Fleet Footwork ကနေ ပြန်ရမယ့် Healing ကလည်း သင့်ရဲ့ sustain ကို အထောက်အပံဖြစ်စေပါမယ်။ Teamfight မှာ Takedown ရတာနဲ့ 10% missing health ကို ပြန်ပြည့်မယ့် Triumph, လိုအပ်တဲ့ Magic Resistance ကို အထောက်အကူပေးမယ့် Backbone စသည့် ရွေးချယ်ထားသမျှ Rune အားလုံးက Graves ကို Teamfight ကြာကြာ fight လို့ရအောင် အထောက်အကူပြုမယ့် Rune တွေပဲဖြစ်ပါတယ်။ အကြောင်းကတော့ Graves ရဲ့ Item ရွေးချယ်မှုဟာ Tank ဖြစ်မယ့် Item တွေအစား AD နဲ့ Health တိုးမယ့် Item တွေချည်းပဲ ရွေးချယ်ပြီး ဆော့စေမယ့် အတွက်ဖြစ်ပါတယ်။


Item

Item ထဲမှာ မဖြစ်မနေ ဆက်ရမှာကတော့ Black Cleaver ဖြစ်ပါတယ်။ Hp, AD, CDR အားလုံးရတဲ့အပြင် Armor Reduction နဲ့ Bonus Movement Speed စတဲ့အချက်အားလုံးကို Black Cleaver တစ်ခုတည်းကနေ ရမှာဖြစ်ပါတယ်။ ပုံမှန်နဲ့ မတူဘဲ ဒုတိယ Item မှာ Lifesteal Boots ကို ရွေးချယ်ထားရတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်က Rune တွေရဲ့ ထောက်ပံ့မှုအပြင် Graves အနေနဲ့ Early Team Fight တွေကို အသက်ကြာကြာ ရှည်ဖို့အတွက် လိုအပ်တဲ့ Physical Lifesteal နဲ့ Movement ကို စောစော ရစေချင်လို့ဖြစ်ပါတယ်။ ပြီးမှ 6 bullet မဖြစ်မနေထွက်ဖို့ Infinity Edge ကို ရွေးချယ်ထားပြီး အနည်းငယ်ပြန် Tank စေဖို့ Death Dance က နောက်ကလိုက်ထည့်ရမှာပါ။ Attack Damage, Armor Peneration နဲ့ Lifesteal လိုအပ်ချက်အားလုံးကို ဖြည့်စည်းဖို့အတွက် Mortal Reminder နဲ့ Blood Thirster ကို အပိတ်အနေနဲ့ ရွေးချယ်ပါမယ်။


Assassin Build

Rune

Electrocute, Brutal, Hunter - Titan, Mastermind

Electrocute ဟာ Auto Attack or Ability ၃ ခုကို ဆက်တိုက် ပေးလိုက်ရင် ခေါင်းပေါ်ကို မိုးကြိုးပစ်ချတဲ့ Rune ဖြစ်ပါတယ်။ ဒီ Rune ရဲ့ Damage တွက်ချက်ပုံဟာ AD အချိူးနဲ့ ပိုပြီး ထွက်တဲ့အတွက် အစောပိုင်းမှာ မသိသာပေမယ့် ပွဲကြာလာရင် အထိုက်အလျောက် သိသာတဲ့ Nuke Damage တစ်ခုပါ။


ဥပမာ

Lvl 1 မှာ AD 80 ရှိတဲ့ Graves ဟာ Electrocute Damage အဖြစ်

30+(32)+0 = 62 Damage ပဲ ထွက်မယ် ဆိုပေမယ့်

Lvl 15 မှာ Full Item ရနေတဲ့ Graves အနေနဲ့ 353 AD ရှိတဲ့အချိန်မှာ

184 + (141) + 0 = 325 Damage အထိ ထွက်နိုင်ပါတယ်။ ဒါဟာ Auto Attack တစ်ချက်က ကြားထိုး ဝင်ပစ်ပေးသွားတာနဲ့တောင် ညီမျှနိုင်ပါတယ်။ AD Assassin အများစု ရွေးချယ်ကြသလို Graves အနေနဲ့ Conqueror, Fleet Footwork တို့ကို မရွေးချယ်ချင်တဲ့အခါမှာ အစားထိုးအနေနဲ့ ရွေးချယ်သင့်တဲ့ Rune ဖြစ်ပါတယ်။


Brutal ကတော့ Armor Penetration အတွက် ယူထားခြင်းဖြစ်ပြီး Hunter Titan ကတော့ ဒီတိုင်းကို ကြိုက်လို့ ရွေးချယ်ဖို့ အကြံပေးတာပါ။ Tenecity ဆိုတာ ဘယ်လိုဖြစ်ဖြစ် ကောင်းတဲ့ Status Buff တစ်ခုဖြစ်ပါတယ်။ Graves လို Hero Kill မြန်မြန်ယူမယ့် Assassin Style ကစားမယ်ဆိုရင် Takedown (၅) ခု ရဖို့က သိပ်မကြာပါဘူး။ ဒါကြောင့် Hp ရော Tenecity ရောကို ဒီ Build မှာ တော်တော်လေး သဘောကျပါတယ်။ Mastermind ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။


Item

Item အနေနဲ့ ပထမဆုံး Duskblade ကို ရွေးချယ်ထားပါတယ်။ Duskblade ရဲ့ Passive ဟာ Enemy က မိမိကို Vision ထဲမှာ 1 second လောက် မမြင်ရတော့ရင် လာမယ့် Auto Attack ကို Bonus AD ပေါင်းပြီး Buff ပေးတာဖြစ်ပါတယ်။ ဥပမာ ခြုံထဲက ရုတ်တရက်ထွက်လာပြီး ပစ်သွားတာမျိူးမှာ Duskblade ရဲ့ Buff ရပါတယ်။ Graves ဟာ Surprise အနေနဲ့ ထွက်လာပြီး တစ်ချက်ပစ်တဲ့အချိန်မှာ Duskblade Buff တစ်ခါရပြီး အဲ့ဒီ့အချိန်မှာ Enemy ကို Skill 2 ဖြစ်တဲ့ Smoke Screen နဲ့ ပစ်လိုက်တဲ့အခါ သူ့ရဲ့ Vision ထဲမှာ Graves က ခဏပျောက်သွားလို့ နောက်တစ်ခါ Duskblade ရဲ့ Buff ကို တစ်ခါ ပြန်ရတာဖြစ်ပါတယ်။ ဒါကြောင့် Armor Reduction ရမယ့် Assassin Item ကို ဦးစားပေးထည့်သွင်းထားခြင်းဖြစ်ပါတယ်။ ကျန်တဲ့ Item ရွေးချယ်မှုတွေ အားလုံးကတော့ အထက်က Build 1 နဲ့ အတူတူပဲဖြစ်ပြီး နောက်ဆုံး Item ကိုတော့ Guardian Angel ကိုပဲ ရွေးချယ်ပေးထားပါတယ်။


ဒီနေရာမှာ Default Rune ဖြစ်တဲ့ Grasp of the Undying Rune ကို လုံးဝ မယူထားပါဘူး။ အကြောင်းက Grasp of the Undying Rune ဟာ Damage စားပေးရတဲ့ Tank, Melee Champion တွေအတွက် အထူးကောင်းမွန်သလောက် Range Hero တွေမှာ ရရှိမယ့် အားသာချက်တွေကို တော်တော်လေး လျှော့ထားတဲ့အတွက်ဖြစ်ပါတယ်။ Graves ဟာ Range Champion ဖြစ်သလို Tank ဆော့ရတဲ့ Playstyle ကိုရွေးချယ်လိုက်မယ်ဆိုရင် Crowd Control ကောင်းကောင်း မပါဝင်တဲ့ Graves ဟာ Mid Game အလွန်မှာ အသုံးမဝင်တဲ့ Champion တစ်ကောင်ဖြစ်သွားနိုင်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။



Passive : New Destiny

Graves ရဲ့ အရေးအကြီးဆုံးအပိုင်းက သူ့ရဲ့ Passive ပါ။ Passive ဟာ တခြား Champion တွေနဲ့ မတူတဲ့ Attack Pattern ကိုပေးပါတယ်။ သူ့ဟာ Range Attack နဲ့တိုက်ခိုက်တဲ့ Markman တစ်ကောင်ဖြစ်ပေမယ့် ဒီ Attack Pattern ကြောင့်ပဲ Jungle ဆော့ဖို့ မွေးဖွားလာတဲ့ Champion ဖြစ်နေရတာပါ။ သူ့ရဲ့ Weapon ဟာ Double Barrel type ဖြစ်တဲ့ အတွက် နှစ်ချက်ပစ်ပြီးရင် တစ်ခါ ကျည်ပြန်ဖြည့်ပေးရပါတယ်။ ပြီးတော့ ပစ်ချက်တွေဟာလည်း အသေးစား ကျည်ဆံ (၄) ခု ခွဲထွက်သွားတာဖြစ်တဲ့အတွက် Laning မှာ Minion Kill တဲ့အခါ တိကျတဲ့ ရလာဒ်ကို ပေးဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ Minion တွေရဲ့ အနှောက်အယှက်မှ မရှိတဲ့ Jungle က Graves အတွက် အလိုက်ဖက်ဆုံး Lane ဖြစ်ပါတယ်။


ဒီ Attack Pattern မှာ သိထားသင့်တဲ့အချက်တွေ ရှိပါတယ်။ ပထမအချက်က Attack တစ်ချက်လုပ်တိုင်းမှာ ကျည်ဆံခွဲ (၄) ခု ထွက်တဲ့အချက်ဖြစ်ပါတယ်။ ပထမဆုံးထိတဲ့ ကျည်ဆံဟာ Lvl 1 မှာ Graves AD ရဲ့ 72% Damage ထိပြီး နောက်ထပ် ထိတဲ့ ကျည်ဆံတွေကတော့ Graves AD ရဲ့ 30% စီပဲ Damage သက်ရောက်ပါတယ်။ သဘောက Lvl 1 မှာ သင်ပစ်လိုက်တဲ့ ဘီးကုတ်ပုံစံ Attack Range ထဲမှာ Enemy Champion ကို ကျည် (၂) တောင့် ထိတယ်ဆိုပါစို့။ ပထမဆုံး ကျည်ဆံအတွက် Damage 70% + ဒုတိယထိတဲ့ ကျည်ဆံအတွက် Damage 30% သက်ရောက်ပါတယ်။ ဒီတော့ ကျည်ဆံ ၂ တောင့်ထိရင် Graves ရဲ့ Damage 100% သက်ရောက်မှာပါ။ အဲ့လို မဟုတ်ဘဲ ပစ်လိုက်တဲ့ ကျည်ဆံ (၄) ခုစလုံး ထိတယ်ဆိုပါစို့။ ပထမ ကျည်ဆံ (70%) + ဒုတိယ + တတိယ + စတုတ္ထ ကျည်ဆံတွေအတွက် (30%) စီ သတ်ရောက်ပါတယ်။


(70%+30%+30%+30%) = 160% AD Damage သတ်ရောက်တာပါ။


ဒါကို မြင်သာအောင် တွက်ချက်ပြရရင်

Graves မှာ 100 Attack Damage ရှိတဲ့အခြေအနေမှာ

Bullet (၂) တောင့် ထိတဲ့အခါ = 70 + 30 = 100 Damage (ပုံမှန် AD အတိုင်းသတ်ရောက်)

Bullet (၄) တောင့်စလုံး ထိတဲ့အခါ = 70 + 30 + 30 + 30 = 160 Damage သတ်ရောက်ပါတယ်။


ဒါကြောင့် ဥပမာအနေနဲ့ Lvl 1 မှာ Reb Buff Monster ကို ကျည် (၄) တောင့်စလုံးထိအောင် ကပ်ပြီး ပစ်လိုက်ရင် Damage က (၁) ဆ ခွဲလောက် ထွက်နေပါလိမ့်မယ်။ ဒါ့အပြင် Monster နဲ့ Minion Unit များဟာ ကျည် (၂) တောင့်နဲ့ အထက်ထိရင် Knockback ဖြစ်စေတဲ့အတွက် Graves ရဲ့ Jungle ဟာ တခြား Jungler များထက် ပိုပြီး safe farm လို့ ကောင်းပါတယ်။


Passive + Critical = 300% damage


Critical ထွက်တဲ့နေရာမှာလည်း အခြား Champion များနဲ့ ထပ်ကွဲပါသေးတယ်။ Graves Critical ထွက်တဲ့အခါ Bullet (၆) လုံးထွက်မှာဖြစ်ပြီး Bullet တစ်လုံးချင်းစီရဲ့ Damage ဟာ အပေါ်မှာ ဖော်ပြထားတာထက် 40% ဆီ ပိုများမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် 1st bullet က 70% သတ်ရောက်တယ်ဆိုရင် Critical ထွက်တဲ့အချိန်မှာ အဆိုပါ 70% ရဲ့ 40% ဖြစ်တဲ့ နောက်ထပ် 28% Damage အပိုသက်ရောက်မယ့် သဘောဖြစ်ပါတယ်။ နောက်ဆက်တွဲ Bullet တွေကလည်း 30% အစား 42% စီ သက်ရောက်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ခြုံပြီးတွက်ချက်ရရင် Critical ထွက်သွားတဲ့အချိန်မှာ

1st bullet = 98%

2nd, 3rd, 4th, 5th နဲ့ 6th bullet = 42% Damage သတ်ရောက်မှာဖြစ်ပါတယ်။


98 + 42 + 42 + 42 + 42 + 42 = 308 Damage


နောက်ထပ် မြင်သာအောင် ပြောရရင် ပုံမှန် Champion တွေ Critical ထတဲ့အချိန်ဟာ ပုံမှန် Damage ရဲ့ ၂ ဆ ထိတဲ့အချိန်မှာ

Graves အနေနဲ့ Critical ထတဲ့အချိန် Bullet (၆) လုံးစလုံးထိအောင် ပစ်နိုင်ခဲ့ရင် ပုံမှန် Damage ရဲ့ ၃ ဆ အထိ သက်ရောက်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


ဒီ Damage တွက်ချက်ပုံဟာ Level မြင့်လာတာနဲ့ အမျှ ပိုပြီး တိုးလာပါမယ်။

Lvl 1 Graves ဟာ 1st bullet ကို 70% AD ထွက်ပြီး

Lvl 8 Graves ဟာ 1st bullet ကို 85% AD ထွက်ကာ

Lvl 15 Graves အနေနဲ့ 1st bullet မှာတင် 100% AD ထွက်မှာဖြစ်ပါတယ်။ ဒါကြောင့် Graves ဟာ Level တက်လေ Auto Attack မှာတင် Damage ထွက်လေဖြစ်မယ့် Hero ဖြစ်ပါတယ်။


Skill 1 : End of the Line

ဒီ Ability ကတော့ အရင်ဆုံး Max တင် ပေးရမယ့် အဓိက Damage Ability ဖြစ်ပါတယ်။ အသွားတစ်ခေါက်၊ အပြန်တစ်ခေါက် သက်ရောက်မယ့် AoE Damage Ability က Terrain တွေကို ကျော်ပြီးသုံးလို့မရပါဘူး။ ဒါပေမယ့် ပေါက်ကွဲသွားမယ့် ထိပ်နားက လေးထောင့်ပုံစံ AoE က Damage အများဆုံး သက်ရောက်ပါမယ်။ ပစ်လိုက်မယ့် လေးထောင့် AoE ရဲ့ အလည် Point ဟာ Terrain ကို ထိသွားရင် 0.25 အတွင်းမှာ ချက်ချင်းပေါက်ကွဲသွားမှာပါ။ ဒါကြောင့် နံရံ၊ Tower, Builid တွေနဲ့ တိုက်ပြီး ပစ်တက်အောင် လေ့ကျင့်သင့်ပါတယ်။ အဓိကက သူ့ရဲ့ ပေါက်ကွဲသွားမယ့် Damage တွက်ချက်ပုံဟာ များများယူလေ AD Damage Ratio များလာလေလေဖြစ်ပါတယ်။ ဒါကြောင့် Late Game အထိ Damage အမြောက်အများကို ထုတ်ပေးနိုင်တာပါတယ်။


Skill 2 : Smoke Screen

Graves မှာ ရှားရှားပါးပါး AP နဲ့ တွက်ပြီး Damage ထိမယ့် Ability ကတော့ Smoke Screen ဖြစ်ပါတယ်။ ဒါကြောင့် AD only ကစားရမယ့် Graves အနေနဲ့ ဒီ Ability ကို တစ်ဆင့်လောက် ယူထားရင် လုံလောက်ပြီး နောက်ဆုံးမှ Max တင်ပေးသင့်ပါတယ်။ AoE အတွင်းက Enemy တွေက Vision အားလုံး ကွယ်သွားမှာဖြစ်ပြီး Smoke အပြင်က ဘာဖြစ်နေလဲဆိုတာတွေကို တွေ့ရမှာ မဟုတ်ဘဲ 50% MS slow ကို 0.5 second သက်ရောက်မှာပါ။ Enemy အနေနဲ့ Smoke ထဲက မထွက်နိုင်လေလေ 4 second လောက် အသင်းနဲ့ အဆက်အသွယ်ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ ကစားပွဲရဲ့ အစောပိုင်းမှာ Enemy တစ်ကောင်ကောင်က Flash သုံးပြီး သွားပြီလို့ သတင်းပို့လာရင် အဲ့ဒီ့ လမ်းကို ချက်ချင်း Gank ပြီး Kill ယူသင့်ပါတယ်။ Graves ရဲ့ Smoke ထဲက အမြန်ဆုံး ထွက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက Flash ဖြစ်တဲ့အတွက် ဒီဟာကို အကျိူးရှိရှိ အသုံးချသင့်ပါတယ်။


Skill 3 : Quickdraw

Graves ရဲ့ Mobility အတွက် အရေးအကြီးဆုံး Ability ဖြစ်ပြီး ဒုတိယ ဦးစားပေး တင်ရမယ့် Ability ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Dash တစ်ခါ သုံးလိုက်တိုင်း Graves ရဲ့ Double Barrel အတွက် ကျည်ဆံတစ်လုံး ပြန်ဖြည့်ပေးရုံမက သူ့ရဲ့ Attack Animation ကို reset ချပေးပါတယ်။ ဆိုလိုတာက Dash ပြီးပြီးချင်းမှာ ချက်ချင်း တစ်ချက်ပစ်နိုင်တဲ့ အားသာချက်ကို ရရှိမှာပါ။ ဒါ့အပြင် Dash တစ်ခါသုံးလိုက်တိုင်း stack တစ်ခုရရှိပြီး 1 stack ဟာ (၄) ဆင့်ယူထားပြီးချိန်မှာ +16 Armor နဲ့ ညီမျှပါတယ်။ အများဆုံး 8 stack အထိ ရရှိနိုင်တာဖြစ်လို့ +128 Armor အထိ ဒီ Ability ကနေ ရရှိနိုင်ပါတယ်။ သင် Dash လိုက်တဲ့ Direction မှာ Enemy Champion ရှိရင် stack ၂ ခု ရမှာပါ။ ဒါကြောင့် Enemy ဆီကို ၄ ခါ Dash ရင် Full stack ရမှာဖြစ်ပါတယ်။ ဒီ Ability ရဲ့ ရည်ရွယ်ချက်က Bullet (၄) လုံးစလုံး ထိအောင် ပစ်နိုင်ခွင့်ရဖို့ အနီးကပ်ဖို့အတွက် အသုံးပြုနိုင်သည့်အပြင် Graves ရဲ့ Target ဟာ Mage တွေ အစား၊ AD damage ပေးမယ့် Champion တွေကို Dash မယ်ဆိုရင် ပြန်ရတဲ့ Armor နဲ့ AD champion တွေရဲ့ တိုက်ခိုက်မှုကို အကာအကွယ်ဖြစ်စေမှာပါ။


နောက်ပြီး Graves က Auto Attack လုပ်တဲ့အခါ Target ကို ထိသွားတဲ့ Bullet တစ်လုံးချင်းစီတိုင်းအတွက် Quickdraw ရဲ့ Cooldown ကို 0.5 second လျော့စေပါတယ်။ ဒါကြောင့် Bullet (၄) ခု စလုံးထိရင် 2 seconds လျော့စေပြီး Bullet (၆) လုံး ထိမယ်ဆိုရင် 3 second လျော့စေပါမယ်။ Terrain အသေးတွေကို ကျော်ပြီး သွားနိုင်မယ့် Escape Ability ဖြစ်သလို Enemy ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မယ့် Surprise Ability အဖြစ်လည်း သုံးနိုင်ပါတယ်။


Ultimate : Collateral Damage

Ultimate ဟာ Long Range Nuke Ability တစ်ခုဖြစ်ပါတယ်။ ပထမဆုံး ထိသွားတဲ့ Unit ဟာ Collateral Damage ရဲ့ Full Damage ကို သက်ရောက်မှာဖြစ်ပြီး နောက်ဘက်က ပေါက်ကွဲသွားမယ့် AoE ကတော့ Collateral Damage ရဲ့ 80% Damage ကို သက်ရောက်ပါလိမ့်မယ်။ Ultimate ကို သုံးပြီးရင် Grave ဟာ အနောက်ဘက်ကို 300 Range ခန့် နောက်ပြန် လွင့်ထွက်သွားမှာဖြစ်လို့ Finishing Blow အဖြစ်အသုံးပြုနိုင်သလို အနားကပ်နေတဲ့ Enemy အနားက ထွက်ပြေးဖို့လည်း မမေ့မလျော့သုံးနိုင်ပါတယ်။ ဒီ Ability ဟာ Damage ပေးဖို့ သီးသန့်နဲ့ Backflip ခုန်ဖို့ နှစ်ခုပဲ ပါဝင်တဲ့အတွက် အရမ်းထွေထွေထူးထူး ရှင်းစရာတော့ မရှိပါဘူး။


Tips and Tricks

Graves ဟာ AD only သက်ရောက်တဲ့ Champion ဖြစ်ပါတယ်။ Smoke Screen တစ်ခုတည်းကသာ AP Ration နဲ့ တွက်တာဖြစ်လို့ AP ကို လုံးဝ မေ့ထားလို့ ရတဲ့ Champion လည်းဖြစ်ပါတယ်။


Graves ရဲ့ Double Barrel Gun ဟာ ကျည် နှစ်တောင့်ပဲ ရှိတဲ့အတွက် Reload လုပ်ရတာ ကြာလို့ အခုမှ စဆော့တဲ့သူတွေကတော့ ဒီတစ်ချက်နဲ့တင် ဆက်ကစားဖို့ စိတ်ကုန်သွားလေ့ရှိပြီး Graves ရဲ့ Strong Form ကို သေချာ မမြင်ဖူးကြတာဖြစ်ပါတယ်။ တကယ်က Graves ရဲ့ Trick ဟာ တခြား Hero တွေလို Attack Speed များများထည့်ပြီး မြန်မြန်ပစ်တာ မဟုတ်ဘဲ Level များများ ရလေ မြန်မြန်ပစ်လေ ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီနေတဲ့အချက်ပါ။ ဒါကြောင့် တခြား Jungler တွေလို ကိုယ့်ရဲ့ Mid/ ADC/ Top တို့ Kill ရဖို့အတွက် မိမိကိုယ်ကို စတေးပြီး Enemy Kill ရအောင် ဝင် Dive နိုင်တဲ့ ကစားကွက်နဲ့ Graves ဟာ လိုက်ဖက်မှု လုံးဝမရှိသလို တက်နိုင်သလောက် ရှောင်ရမယ့် Play Style လို့ ပြောလို့ရပါတယ်။ ဥပမာ ပြောရရင် Master Yi လိုပါပဲ။ Master Yi ဟာ Item မရှိသေးသ၍ Early Game မှာ Gank လို့ မကောင်းလို့ Item အရင် Farm ရပါတယ်။ Graves ဟာလည်း Level Farm ရပါတယ်။ ဒါပေမယ့် Master Yi လိုမျိူး Gold ချည်းပဲ ထိုင် Farm ရတာ မဟုတ်ဘဲ လမ်းအလိုက်မှာ Kill ရအောင် Gank ပေးရင်း မိမိဘာသာ မသေအောင် တက်နိုင်သလောက် ပြတ်ပြတ်သားသားနဲ့ ပြန် Fall back လုပ်နိုင်တဲ့ ဆုံးဖြတ်ချက်မျိူးချနိုင်ဖို့ လိုအပ်ပါတယ်။ Graves ဟာ အထိုက်အလျောက် Escape Ability တစ်ခုပါတယ်ဆိုပေမယ့် Crowd Control Disable Ability မျိူးမပါတဲ့ Champion ဖြစ်ပါတယ်။ သူ့ရဲ့ Smoke ချတာ လွဲသွားရင် ကျန်တာ သာမန် ADC Champion တစ်ကောင်လို ဝင်ပြီး ပစ်ရုံကလွဲရင် ထွေထွေထူးထူး Trick မရှိတော့ပါဘူး။ ဒါကြောင့် Team Fight တစ်ခုကို ဝင်တဲ့အခါမှာ မိမိအသင်းသားတွေရဲ့ Ability တွေကို ကြည့်ပြီးမှ Smoke ကို ပိုင်ပိုင်နိုင်နိုင်ချသင့်ပါတယ်။ ဥပမာ Lux ရဲ့ Skill 1 မိနေတဲ့ Champion ကို၊ Malphite ရဲ့ Ultimate နဲ့ Knockup ဖြစ်နေတဲ့ Champion ကို၊ Jhin ရဲ့ Trap နင်းမိနေတဲ့ Champion စသည်ဖြင့် အထိုက်အလျောက် Crowd Control မိနေတဲ့ Champion ကို Smoke တွဲသုံးပေးပြီး Kill ရအောင် ယူတာက Graves အတွက် Secure အဖြစ်ဆုံး ကစားပုံလို့ ပြောလို့ရပါတယ်။


နောက်ထပ် အရေးကြီးတဲ့တစ်ချက်က သူ့ရဲ့ Quickdraw အသုံးပြုရမယ့် Timing ဖြစ်ပါတယ်။ ကျည် (၂) တောင့်ပြည့်နေတဲ့အချိန်မှာ Quickdraw ကို သုံးရင် Stack တစ်ခု ရတာက လွဲရင် ကျန်တာ မထူးခြားပါဘူး။ ဒါကြောင့် Quickdraw ကို ကျည် (၂) တောင့် လုံး ကုန်နေတဲ့အချိန်မှာ သုံးမလား၊ ကျည် (၁) တောင့် ပစ်ပြီးတဲ့အချိန်မှာ သုံးမလားလို့ စဉ်းစားစရာရှိပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တဲ့တစ်ချက်ကတော့ ကျည်တစ်တောင့် ပစ်ပြီးတဲ့အချိန်မှာ Quickdraw ကို တစ်ခါ ညှက်သုံးပေးတာ အတန်ဆုံးဖြစ်ပါတယ်။ အကြောင်းက Auto Attack ကနေ ထိတဲ့ ထိတဲ့ ကျည်ဆံအလိုက် Quickdraw က Cooldown ပြန်လျော့တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ Cooldown 12 seconds ရှိပါတယ်။ ကျည် (၂) တောင့် ကုန်သွားတဲ့အချိန်မှာ Quickdraw သုံးပြီး ပြန်ရတဲ့ Bullet တစ်လုံးနဲ့ ပစ်မယ်ဆိုရင် အများဆုံး (3) seconds အထိ လျော့ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ ကျည် (၁) တောင့် ပစ်ပြီးတဲ့အချိန်မှာ Quickdraw သုံးမယ်ဆိုရင် သင့်မှာ Bullet (၂) လုံးပြန်ရှိနေပြီဖြစ်တဲ့အတွက် နှစ်ခါပစ်နိုင်ပြီး နှစ်ခါစလုံးမှာ ကျည် (၆) လုံးစလုံး ထိအောင်ပစ်နိုင်မယ်ဆိုရင် အများဆုံး (6) seconds အထိ Cooldown ပြန်လျော့နိုင်စေမှာပါ။


Counters

Graves ဟာ AD only Champion ဖြစ်ပါတယ်။ ဒါကြောင့် Armor များတဲ့ Champion ဒါမှမဟုတ် Armor item တွေ ထည့်ပြီးဆော့တဲ့ Champion တိုင်းနဲ့ Graves ကို Counter လုပ်နိုင်ပါတယ်။ နောက်ပြီး Graves ကိုယ်တိုင်က Damage ထွက်ဖို့ အတွက် AD item တွေပဲ ထည့်ရသလို သူ့အနေနဲ့ Magic Resistance item လည်း ထည့်လေ့မရှိလို့ AP Tank Jungle Champion တွေနဲ့လည်း Graves ကို Counter လုပ်နိုင်ပါတယ်။ ဒီထဲမှာမှ Wild Rift မှာ ရွေးချယ်ကစားလို့ရတဲ့ Champion တွေထဲကမှ Tanky အထိုက်အလျောက်ဖြစ်ပြီး Graves ကို ပြေးမလွတ်အောင်လိုက်ပြီးတိုက်ခိုက်နိုင်တဲ့ ဖြစ်တဲ့ Amumu, Olaf တို့ကို ရွေးချယ်နိုင်သလို AP Jungler တွေဖြစ်တဲ့ Shyvana နဲ့ Gragas တို့ကိုလည်း Graves Counter အဖြစ် အသုံးပြုနိုင်ပါတယ်။


မည်သို့ပင်ဆိုစေကာမူ Graves အနေနဲ့တော့ သူ့ရဲ့ Passive နဲ့ Quickdraw ကို မှန်မှန်သုံးနိုင်ဖို့နဲ့ Level Farm ဖို့အတွက် အဓိက အရေးကြီးတာဖြစ်လို့ ဒီနှစ်ချက်ကို ပါးနပ်တဲ့ ကစားသမားတစ်ယောက်အတွက်တော့ Graves ဟာ Mid Game နဲ့ Late Game လောက်မှာ Damage သိသိသာသာ ထွက်စေမှာပါ။


ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။


Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ ဒီ Combo တွေနဲ့ Graves ရဲ့ Passive အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်ပါ။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံကို နားလည်ပြီဆိုမှ သင့်ရဲ့ Rank game မှာ အသုံးချဖို့ တိုက်တွန်းလိုပါတယ်။


အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

လာမယ့် အပတ်မှာလည်း Wild Rift ရဲ့ အချစ်တော် Champion တစ်ကောင်ဖြစ်တဲ့ Yasuo ရဲ့ Game Play guide ကို Aura Esports Page ကနေ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ Follow ထားပြီး Support လုပ်နိုင်ပါတယ်။


 
 
 

Comentários


bottom of page