top of page
Search

Wild Rift ပေါ်က Support Role အကြောင်း သိကောင်းစရာများ (Tips and Trick)

  • Ko Boo
  • Nov 16, 2020
  • 5 min read


League of Legends ဟာ MOBA game တစ်ခုဖြစ်ပြီး ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှု ကြီးမားစွာရရှိခဲ့တဲ့၊ ရရှိနေဆဲ Esports Video Game တစ်ခုဖြစ်ပါတယ်။ အရင်တုန်းက League of Legends ကို မကစားခဲ့ဖူးရင်တောင် အခုအခါမှာတော့ Mobile Version ဖြစ်တဲ့ Wild Rift လည်း ရောက်ရှိလာပြီဖြစ်လို့ လူတိုင်းက League of Legends နဲ့ ပတ်သတ်တဲ့ Game Concept တွေကို စိတ်ဝင်စားနေကြတာ အသေအချာပါပဲ။

ဒါကြောင့် Wild Rift မှာ Support Role တစ်ခုပဲ ဆော့ပြီး Rank တင်ဖို့ ဆန္ဒရှိသူတွေအတွက် ရွေးချယ်ဖို့အသင့်တော်ဆုံး Champion တွေအကြောင်းကို မဖော်ပြခင် Wild Rift ကစားမယ့် ရဲ့ Support Player တိုင်းအတွက် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ၊ အားနည်းချက်၊ အားသာချက် များနဲ့ မိမိရဲ့ Game တိုင်းမှာ အသုံးဝင်စေမယ့် Tips & Trick လေးတွေကို ဦးစွာဖော်ပြပေးချင်ပါတယ်။

=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=: MOBA game တွေ အများစုမှာ Support Role ဟာ အနစ်နာ ခံရတဲ့ Role တစ်ခုအဖြစ် လူအများလက်ခံထားပါတယ်။ Support Role ဟာ Hp နည်းပြီး Teamfight တစ်ခုမှာ မြန်မြန်သေနိုင်တာကြောင့်၊ ကိုယ့်ရဲ့ Carry ကို Farming Space လုံလုံလောက်လောက်ရအောင် ဖန်တီးပေးရတာကြောင့်၊ သေချာတဲ့ Kill တစ်ခုရအောင် စီစဉ်ပေးရတာကြောင့်၊ လိုအပ်လာရင် တခြား Role (၄) ခုအတွက် မိမိရဲ့ အသက်ကိုပါ ရင်းပြီး ကယ်ပေးရတာမျိူး စတာတွေကြောင့် Support Role တိုင်းဟာ ဇာတ်နာစရာကောင်းလေ့ရှိပါတယ်။ ဒါပေမယ့် League of Legends ရဲ့ Game ဖွဲ့စည်းပုံကတော့ အထက်မှာ ဖော်ပြခဲ့သလို သိပ်ပြီး ဇာတ်မနာလှပါဘူး။ Support Champion များဟာ တခြား Role များနဲ့ တန်းတူ Networth အပိုင်းမှာလည်း မကွာတဲ့ အချက်တစ်ခုနဲ့တင် Item နောက်ကျတာမျိူး ဖြစ်လေ့မရှိတဲ့အတွက် Game ရဲ့ Team Fight တွေ အခရာ ကျတဲ့ Mid Game လောက်ကနေ စပြီး Late Game အထိ တစ်ဖက်အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

Supports in League LoL / Wild Rift တို့မှာ Support Role Champion ဟာ Mage, Tank Mage, Tank, Initiator, Protector နဲ့ Bruiser ဆိုပြီး အမျိူးအစား များစွာ ရှိပါတယ်။ ရှင်းလင်းအောင် ခြူံငုံပြောရရင် Mage - Damaging AP ability အများအပြားပါဝင်တဲ့ Champion များ (Lux, Brand, Morgana) Tank Mage - အထိုက်အလျောက် Tank ပြီး AP Ability များနှင့် ဖွဲ့စည်းထားတဲ့ Champion များ (Malphite, Swaim) Tank - Damage အများအပြားလက်ခံနိုင်တဲ့ Tank Ability များပါဝင်တဲ့ Champion များ (Braum, Alistar) Inititor - Long range crowd control, Aoe Crowd Control Ability အများအပြားပါဝင်တဲ့ Champion များ (Annie, Xerath, Leona) Protector/ Enchanter - Healing နဲ့ Shielding Ability ပါဝင်တဲ့ Champion များ (Nami, Soraka, Taric) Tank Bruiser - Tank + Fighter ဆန်ဆန် Champion များ (Blitzcrank, Nautalic, Sett) စသည်ဖြင့် ကွဲပြားပါတယ်။ ဒါပေမယ့် အမျိူးအစားခွဲရင် ခွဲခြားသလောက် Aide, Grunt, Warlock, Magus, Invoker, Enchanter, Strider, Scrapper, Keeper, Conjurer ဆိုပြီး စသည်ဖြင့် ထပ်ပြီး အမျိူးအစားတွေ အသေးစိတ်ခွဲနိုင်သေးတာကြောင့် ဒီမှာဖော်ပြထားတဲ့ (၆) ခုဟာ ယေဘုယျ ရွေးချယ်မှုအများဆုံး Support Type များကို စုစည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဆော့တတ်တဲ့ Play style ပေါ်မူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရွေးချယ်နိုင်သလို အသင်းရဲ့လိုအပ်ချက်ကိုလိုက်ပြီး AP လိုအပ်ရင် Mage, Tank လိုအပ်ရင် Tank, Bruiser စသည်ဖြင့်ရွေးချယ်နိုင်ပါတယ်။

Laning Phase Support Champion ဟာ LoL မှာဆို Bot Lane, Wild Rift မှာဆိုရင် Dragon Lane ကို သွားရတဲ့ Champion ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံ Mission ကတော့ ကိုယ်နဲ့ duo ထွက်လာတဲ့ ADC Champion ကို Farming Space ကောင်းကောင်း ရအောင် ဖန်တီးပေးဖို့နဲ့ တစ်ဖက်အသင်းရဲ့ Duo ကို ရသလောက် Kill နိုင်အောင် ကြိုးစားကြည့်ဖို့ဖြစ်ပါတယ်။ League of Legends မှာ Laning Phase မှာ Champion အားလုံးဟာ ညီမျှတဲ့ Farming ကို Lane Minion တွေကို Kill ပြီးရရှိပါတယ်။ ဒါကြောင့် တစ်ဖက်အသင်းထက် သာအောင် လုပ်နိုင်ဖို့အတွက် Support Player တစ်ယောက်အနေနဲ့ Warding, Zoning, Roaming, Wave Freezing, Item ရွေးချယ်မှု နဲ့ Decision Making စတာတွေ အဓိက နားလည်ထားဖို့ လိုအပ်ပါတယ်။

Warding Vision ဟာ Moba game တွေအတွက် လွန်စွာ အရေးပါပါတယ်။ League of Legends မှာလည်း Champion တိုင်း Ward အသုံးပြုနိုင်ပေမယ့် Support Champion ရဲ့ Ward Control ဟာ ADC အပေါ်ကို များစွာသက်ရောက်တဲ့အတွက် Ward နေရာရွေးချယ်မှုနဲ့ Ward ဖျက်စီးမှုတို့မှန်ကန်ဖို့ အရေးကြီးပါတယ်။ Player တွေအနေနဲ့ Duo Lane ရဲ့ River ထဲက ချူံပုတ်ထဲနဲ့ Dragon Pit ရဲ့ ကပ်လျက်က ချူံပုတ်ထဲမှာ Vision ရဖို့အတွက် အဓိက Ward ထောင်လေ့ရှိပါတယ်။ အကြောင်းပြချက်ကလည်း တစ်ဖက်အသင်းရဲ့ Jungler က ကိုယ့်လမ်းကို လာ Gank တဲ့အခါမှာ ကြိုသိနိုင်ပြီး တက်နိုင်သလောက် အနောက်ပြန်ဆုတ်ထားဖို့ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်ဖက်အသင်းကလည်း ဒီလိုနေရာတွေကို Control ward, Oracle lens ချပြီး Vision ကို ပြန်ဖျက်လေ့ရှိပါတယ်။ ဒါကြောင့် သင်က Support Champion ဖြစ်မယ်ဆိုရင် ပုံမှန် ထောင်နေကြ နေရာတွေထက် တစ်ဖက်အသင်းရဲ့ Movement ကို ကြိုတင်မြင်နိုင်ဖို့ Enemy ရဲ့ Jungle အတွင်းဘက်အထိ လိုအပ်ရင်လည်း ward သွားထားထားသင့်ပါတယ်။ ဥပမာ - သင်က Blue Team ဆိုရင် Red Team ရဲ့ Blue Buff Jungle Camp နားက လမ်းဆုံနေရာမှာ Ward ချထားခြင်းအားဖြင့် တစ်ဖက်အသင်းရဲ့ Jungler ရဲ့ တည်နေရာကို ခန့်မှန်းနိုင်မှာပါ။ အဲ့လိုနေရာမှာ Ward ထောင်ထားတဲ့အတွက် တကယ်လို့များ Enemy Jungler က အဆိုပါ Blue Buff နားမှာ ရှိနေတာကို တွေ့လိုက်မယ်ဆိုရင် သင်နဲ့ ADC ရှိရာကို Enemy Jungler ရဲ့ Ganking ကို ရှောင်ဖို့ ပိုပြီး အချိန်ရစေပါလိမ့်မယ်။ အဲ့ဒီ့ထက် ပိုပြီး ထိရောက်တဲ့ တစ်ချက်ကတော့ သင့်အသင်းရဲ့ Mid နဲ့ Top ဟာလည်း သူတို့နဲ့ ဝေးတဲ့နေရာမှာ Enemy Jungler ကို တွေ့လိုက်တဲ့အတွက် စိတ်ချလက်ချ Hp Trade လည်း လုပ်နိုင်ပါလိမ့်မယ်။ ယေဘုယျအကျဆုံး warding ကတော့ တစ်ဖက်အသင်းရဲ့ Support ဟာ Long Range Ability Mage တွေဖြစ်နေခဲ့မယ်ဆိုရင်လည်း သင့်ရဲ့ Ward ဟာ Duo Lane ရဲ့ ချူံပုတ်ထဲကနေ Ability တွေ Cast နေမယ့် Enemy ရဲ့ Movement ကိုမြင်နိုင်ဖို့ ထားတဲ့ Ward ပဲဖြစ်ပါတယ်။

Zoning Zoning ဆိုတာက တစ်ဖက်အသင်းရဲ့ Champion ကို Farming လုပ်မရအောင်၊ Lane Minion အနားကပ်လို့မရအောင် Position အသာစီး ရယူခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသင်းဘက်က Canon Minion ရဲ့ Hp နည်းနေချိန်မှာ တစ်ဖက်အသင်းက Champion တွေက Last Hit ယူဖို့ အဓိက ကြိုးစားတဲ့အချိန်ဖြစ်လို့ ကိုယ့် Champion ရဲ့ Skill shot ability များကို ထိအောင် သုံးနိုင်ဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် Support တစ်ယောက်အနေနဲ့ Laning Phase မှာ တစ်ဖက်အသင်းကို Zoning လုပ်ဖို့အတွက် မိမိဘက်က Minion တွေရဲ့ Hp အနည်းဆုံးအချိန်မှာ Enemy ကို Spell ထိအောင်သုံးခြင်း၊ မိမိက Tank Support ဖြစ်လို့ Enemy ကို Minion တွေနား မကပ်ရဲအောင် နေရာအသာစီး ရယူထားခြင်းဖြင့် Minion တွေဟာ Last Hit အလုပ်မခံရပဲ သေသွားခြင်း စသည်တို့ကို ဖန်တီးပြီး Support တစ်ယောက်အနေနဲ့ အကောင်းမွန်ဆုံး Zoning ကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။

Roaming Support Champion အများစုဟာ Crowd Control တွေ ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် ပွဲရဲ့ အခြေအနေပေါ်မူတည်ပြီး ကိုယ့်အသင်းရဲ့ Mid Lane ကို Roam ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ADC ကို တစ်ယောက်တည်း ထားခဲ့ပြီး Roaming လုပ်မယ်ဆိုရင် ADC အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် Roaming လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ မိမိရဲ့ Minion Wave ဟာ Enemy Tower နားအထိရောက်နေချိန်ဖြစ်ပြီး ဒီအချိန်မှာ ADC က Base ပြန်ပြီး Item ဝယ်ဖို့ အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်။ ဒီအချိန်ဟာ Support Champion အနေနဲ့ Lane မှာ ကျန်ခဲ့ပြီး Creep စားနေတာမျိူး၊ ယောင်နေတာမျိူးထက်စာရင် Roaming လုပ်ဖို့ အကောင်းဆုံးအချိန်လို့ ပြောလို့ရပါတယ်။ သင့်ရဲ့ Roaming က Successful kill ရခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ Lane ကို ပြန်ရောက်တဲ့အချိန်မှာ Base ကနေ ပြန်လာတဲ့ ADC ဟာလည်း Lane ပေါ်ပြန်ရောက်တဲ့အချိန်ဖြစ်နေလောက်ပါပြီ။

Wave Freezing သင်နဲ့ သင့်ရဲ့ ADC ဟာ တစ်ဖက်အသင်းရဲ့ Tower နားကို ရောက်လေလေ၊ Enemy Jungler ရဲ့ Gank တာကို ခံရရင် ၂ ယောက်လုံးသေဖို့ Chance များလေလေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Minion Wave ဟာ River ကို မကျော်သွားအောင် ထိန်းထားနိုင်ဖို့လိုပါတယ်။ ဒီလို ထိန်းထားဖို့အတွက် Wave Freezing လုပ်တဲ့နေရာမှာ သင့်ရဲ့ Minion တွေက မြောင်းကို ကျော်တဲ့နေရာရောက်နေရင် သင်က Minion တွေကို Attacking လုံးဝမလုပ်ဘဲ သင့် ADC ကိုပဲ Last Hit လုပ်ခိုင်းတာမျိူး၊ တကယ်လို့ Enemy Minion တွေက သင့်ဘက်အရမ်းရောက်နေရင်လည်း Enemy Minion တွေကို သွေးကူလျှော့ပေးခြင်းဖြင့် Tower နားအထိ ရောက်မလာအောင် ထိန်းထားခြင်းမျိူးကို Wave Freezing လုပ်ခြင်းလို့ခေါ်ဆိုပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ADC က Base ကနေပြန်လာတဲ့အချိန် Enemy Minion တွေက Tower နားရောက်လာတာမျိူးမဖြစ်ရအောင် လမ်းမှာ ဖြတ်တားပြီး Minion wave ရဲ့ Attack ကို Tank ပြီး ထိန်းထားတာမျိူးလည်း လိုအပ်ရင်လိုအပ်သလို လုပ်နိုင်ပါတယ်။

Item ရွေးချယ်မှု MOBA Game တစ်ခုကိုဆော့တဲ့အခါမှာ တခြား Experience ရှိပြီးသားသူတစ်ယောက်ရဲ့ guideline နဲ့ item ဆက်တာမျိူးဟာ ယေဘုယျကျတဲ့ playstyle တစ်ခုလို့ပြောလို့ရပါတယ်။ ဒါပေမယ့် Game ထဲက လိုအပ်ချက်ကို လိုက်ပြီး Item build ဟာ ပြောင်းသင့်ရင်ပြောင်းရပါတယ်။ ဥပမာ - သင်က Tank Bruiser Support ကိုင်ထားပြီး တစ်ဖက်အသင်းရဲ့ Champion တွေဟာ AD (၄) ကောင်၊ AP (၁) ကောင်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့ Item ရွေးချယ်မှုဟာ Armor ပါတဲ့ Item တွေကို ဦးစားပေးအနေနဲ့ ဆက်ပေးသွားရင် Early Game လောက်ကတည်းက သင့်အနေနဲ့ Battle ကို ကောင်းကောင်း Initiate လုပ်နိုင်တဲ့ Support အဖြစ် အသုံးဝင်လာပါလိမ့်မယ်။

Decision ဒါကတော့ သိလျက်သားနဲ့ မကြာခဏမှားလေ့ရှိတဲ့ အမှားမျိူးဖြစ်ပါတယ်။ ကိုယ်က Support Champion ဖြစ်တဲ့အတွက် မိမိရဲ့ Teammate ကို တက်နိုင်သလောက် ကယ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ ကယ်ယူဖို့ ကြိုးစားမှုဟာ မအောင်မြင်ရုံမက တစ်ဖက်အသင်းကို အခြား 300 Gold လက်ဆောင်ထပ်ပေးတာမျိူးဖြစ်သွားတက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Teammate က Enemy Champion (၃) ကောင်လောက် Gank တာ ခံရပြီး ကိုယ့်ရဲ့ Spell တွေက ကယ်ဖို့ မလောက်တာမျိူး၊ ADC ရဲ့ Summoner Spell တွေ ကုန်နေတဲ့အခါမျိူးမှာ တက်နိုင်သလောက် ကိုယ်လွတ်ရုန်းပြီး ပြေးလိုက်တာက အသင်းအတွက် အထောက်အကူပြုခြင်းတစ်မျိူးပဲဖြစ်ပါတယ်။ ဒါကို ဖြစ်မြောက်စေဖို့ မိမိရဲ့ decision making က အလွန်အရေးကြီးပါတယ်။ =:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:=:

Tips and Trick ဒီအပိုင်းကတော့ Wild Rift အတွက် အထူးအကြံပေးချက်ဖြစ်ပါတယ်။ တစ်ချိူ့သော Player တွေဟာ Support Role တစ်ခုတည်းဆော့ပြီး Rank တင်ဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ လက်ရှိ Wild Rift မှာ ရွေးချယ်ကစားနိုင်တဲ့ Champion တွေထဲမှာ ရွေးချယ်ဖို့ အသင့်တော်ဆုံး Support Champion (၃) ကောင်ကတော့ Blikzcrank, Braum နဲ့ Seraphine တို့ပဲဖြစ်ပါတယ်။

Blikzcrank Blikzcrank ဟာ လူတိုင်းမှာ ရှိပြီးသား Basic Champion တစ်ကောင်ဖြစ်ပါတယ်။ Blikzcrank ရဲ့ အဓိက အသက်ဟာ Enemy Champion ကို မိမိဆီရောက်အောင် Hook ဆွဲတာပါ။ ဒီလို Hook ဆွဲတဲ့အခါမှာ Wild Rift မှာပါဝင်တဲ့ Game Mechanics တစ်ခုက Skill 1 ကို လွယ်ကူအောင် လုပ်ပေးထားသလိုဖြစ်နေပါတယ်။ Target Lock Option ကို on ထားပြီးရင် Game ထဲမှာ မိမိ Hook ဆွဲချင်တဲ့ Champion ရဲ့ Icon ကို တစ်ချက် Lock ချထားပြီး Skill 1 သုံးတိုင်း ကြားထဲမှာ တခြား Unit မရှိခဲ့ရင် Hook ထိဖို့ 95% လောက် သေချာတဲ့အတွက်ဖြစ်ပါတယ်။ Skill Shot ပုံစံမျိူး Enemy ရဲ့ Movement ကို ခန့်မှန်းနေစရာလုံးဝ မလိုပဲ အလုပ်ဖြစ်တဲ့အတွက် ဒီ Feature ကို သုံးတက်အောင် အနည်းငယ်လေ့ကျင့်လိုက်တာနဲ့ Tank Bruiser Support Champion ဖြစ်တဲ့ Blikzcrank ဟာ Wild Rift ရဲ့ Broken Support Champion တစ်ကောင်လို့ သတ်မှတ်လို့ရပါတယ်။

Braum Braum ဟာလည်း Tank Crowd Control Champion တစ်ကောင်ဖြစ်တဲ့အတွက် Early, Mid, Late Game အားလုံးအတွက် အသုံးဝင်တဲ့ Champion ဖြစ်ပါတယ်။ Enemy Hero တစ်ကောင်ကို Braum နဲ့ ADC နှစ်ယောက်ပေါင်း Attacking (၄) ချက်ပေးနိုင်ရင် Stun သွားစေတဲ့ Passive ကြောင့် Aggressive ADC teammate နဲ့ တွဲဆော့လို့ ကောင်းသလို ကိုယ့်ရဲ့ ADC ကိုကာကွယ်ပေးနိုင်မယ့် Skill 2+3 Combo ဟာ Lane အတွက်အထောက်အကူပြုတဲ့အပြင် Late Game Team fight တွေမှာလည်း တစ်ဖက်အသင်းရဲ့ Ability, Attack Damage Projectile ပေါင်းများစွာကို အလဟဿ ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ်။ အတူတွဲဆော့မယ့် Teammate ကောင်းတစ်ယောက်ရှိတဲ့အခါမှာ Braum ဟာ အရွေးချယ်အသင့်ဆုံး Support တွေထဲက တစ်ယောက်ဖြစ်ပါတယ်။

Seraphine Champion အသစ်လည်းဖြစ်သလို လုံလုံလောက်လောက် Nerf ခြင်းမခံရသေးတဲ့အတွက် Seraphine ကိုလည်း ဒီ List ကနေ မေ့ထားလို့မရပါဘူး။ Damage, AP, Slow, Charm, Root, Heal နဲ့ Shield စတဲ့ Ability ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက် Mobile Version လို သေးငယ်တဲ့ Map ပေါ်မှာ ကစားတဲ့အခါ သူ့ရဲ့ Ability အားလုံးဟာ Team Fight တွေမှာ အလွယ်တကူ ထိလောက်အောင် ကြီးမားနေပါသေးတယ်။ ဒါ့အပြင် Support Champion ဖြစ်နေပေမယ့် Damage output များတဲ့ Ability တွေနဲ့ ဖွဲ့စည်းထားလို့ Full Mage Item တွေ အပြည့်အဝထည့်ပြီး Early Game မှာ Support, Late Game မှာ Carry Mage အဖြစ် ပြောင်းလဲပြီး ကစားနိုင်တဲ့အတွက် Seraphine ဟာ Support Player တွေအတွက် ရွေးချယ်သင့်တဲ့ Champion တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ အခုလက်ရှိ K/DA Event ရဲ့ Mission 3 Free Champion Choice မှာ စိတ်တိုင်းကျ K/DA Champion တစ်ကောင်ကို ရွေးချယ်ခွင့်ရှိတဲ့အတွက် Kai'sa, Akali, Evelynn တို့နဲ့ ယှဉ်ရင် Seraphine ဟာ များများစားစားလေ့ကျင့်ဖို့ မလိုဘဲ Strong ဖြစ်တဲ့ Champion ဖြစ်လို့ Rank တင်ဖို့ ရည်ရွယ်ချက်ရှိရင် ရွေးချယ်သင့်တဲ့ Champion တစ်ကောင်ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အခုဆောင်းပါးတစ်ပုဒ်တည်းမှာ League of Legends PC ရော Wild Rift Mobile ရောအပေါ်မှာ အသုံးဝင်မယ့် Support player များလိုအပ်တဲ့ အခြေခံအချက်များကို စုပေါင်းပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီဆောင်းပါးကတော့ Support ကစားခြင်း အနုပညာကို ပြီးပြည့်စုံအောင် ဖော်ပြခြင်း မပြုနိုင်သေးပေမယ့် အခြေခံအကျဆုံး စည်းမျဉ်းများကိုတော့ ရရှိလိုက်မယ်လို့ ယုံကြည်ပါတယ်။ Wild Rift နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာဆောင်းပါးများကို Aura Esports ကနေ ဆက်လက်တင်ဆက်ပေးသွားပါမယ်။


 
 
 

Comments


bottom of page