top of page
Search

Yasuo: The Unforgiven- Backstory and Gameplay Suggestion

  • Ko Boo
  • Dec 13, 2020
  • 9 min read

အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ League of Legends: Wild Rift ရဲ့ Champion Suggestion အတွက် ဒီတစ်ပတ်မှာ ရွေးချယ်ထားတဲ့ Champion ကတော့ Yasuo The Unforgiven ပဲဖြစ်ပါတယ်။ ဒီ Champion Ability တွေနဲ့ Combo တွေအကြောင်းမဖော်ပြခင် ဦးစွာမှာထားချင်တဲ့တစ်ချက်ကတော့ League of Legends Game မှာ ပါဝင်တဲ့ Champion တွေဟာ ကစားသမားတွေရဲ့ လုံလောက်တဲ့ Training ရှိမှ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်အောင် ရေးဆွဲထားတဲ့ Design ပုံစံရှိပါတယ်။ Fighting Game တွေမှာ Combo တွေ တိတိကျကျထွက်အောင် အထပ်ထပ်အခါခါလေ့ကျင့်ပြီး မိမိရဲ့ Muscle Memory မှာ ဆွဲနေတဲ့အထိ လေ့ကျင့်ဖို့ လိုသလိုမျိူးပါပဲ။ League of Legends/ Wild Rift ရဲ့ Champion တစ်ကောင်ချင်းစီမှာ ပါဝင်တဲ့ Combo တွေ အားလုံး မှန်မှန်အလုပ်လုပ်နိုင်ဖို့ မိမိအနေနဲ့ လိုအပ်တဲ့ ပွဲ အတွေ့အကြုံ အရေအတွက်၊ Training အချိန် စတာတွေ အားလုံး ပေးဆပ်ဖို့လိုအပ်ပါတယ်။ ဒီ Post ဟာ Yasuo ကို စိတ်ဝင်စားတဲ့ ကစားသမားတစ်ယောက်အနေနဲ့ Yasuo ကစားတဲ့အခါ ထိရောက်မှုအရှိဆုံး Rune, Item Build, Ability ရှင်းလင်းချက်များနဲ့ Tips and Tricks, Playstyle အချိူ့ကို အကြံပြုဖော်ပြသွားမှာဖြစ်လို့ ကောင်းမွန်ကျွမ်းကျင်တဲ့ Yasuo player တစ်ယောက်ဖြစ်လာဖို့ဆိုရင်တော့ မိမိရဲ့ အချိန်ပေးမှုနှင့် ကြိုးစားအားထုတ်မှုပေါ်သာ မူတည်မည်ဖြစ်ကြောင်းကို စကားဦးသန်းထားပါရစေ။

Backstory

Yasuo ဟာ ကလေးဘဝကတည်းက သူ့ရွာသူရွာသားတွေ ပြောစကားအရ သူ့ရဲ့တည်ရှိမှုဟာ ပြင်လို့မရတဲ့ အမှားအယွင်း တစ်ခုပဲ ဖြစ်တယ် ဆိုတဲ့ စကားတွေကို ယုံကြည်လက်ခံခဲ့ပါတယ်။ သူ့ရဲ့ မိခင်ဟာ ကလေးတစ်ယောက်ကို ပြုစုနေရတဲ့ မုဆိုးမတစ်ယောက် ဖြစ်ပြီး တစ်နေ့မှာတော့ Yasuo ရဲ့ဖခင်ဖြစ်လာမယ့် လူဟာ သူမရဲ့ဘဝထဲကို ဆောင်းလေအေးလို ဝင်ရောက်လာခဲ့တယ်။ Yasuo ကို ကိုယ်ဝန်ရပြီး မကြာခင် Ionia ရဲ့ဆောင်းရာသီဟာ မိသားစုလေးအပေါ် ကျရောက်လာခဲ့စဉ်မှာပဲ တိုးတိတ်စွာ ပြန်ထွက်ခွာသွားခဲ့တယ်။


Yasuo ရဲ့ အမေတူ အဖေကွဲ အကို ဖြစ်တဲ့ Yone ကတော့ သူနဲ့ မတူဘဲ လူချစ်လူခင်ပေါပြီး အရမ်းလိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ မတူကြပေမယ့် သူတို့နှစ်ယောက်ဟာ အရမ်းချစ်ကြပြီး အမြဲတတွဲတွဲ ပဲ နေခဲ့ကြတယ်။ တခြားကလေးတွေ Yasuo ကို အနိုင်ကျင့်ကြတဲ့အခါ Yone က ကာကွယ်ပေးခဲ့တယ်။ Yasuo ဟာ ခန္ဓီပါရမီ မပြည့်စုံသလောက် စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ ပြင်းထန်ခဲ့တယ်။ Yone ဟာ ရွာရဲ့ နာမည်ကြီး ဓားကျောင်းမှာ ပညာသင်အဖြစ် ကျောင်းစတက်ရတဲ့အခါ Yasuo လေးဟာ မိုးရေတွေထဲမှာ တစ်နေ့ကုန် ထိုင်စောင့်နေခဲ့တဲ့အတွက် ဆရာတွေကတောင် သနားပြီး ဂိတ်ပေါက်ကို ဖွင့်ပေးခဲ့တယ်။


သူ့အကိုနဲ့ မခွဲရအောင် ကျောင်းအတူတူတက်နေပြီ ဖြစ်တဲ့ Yasuo ဟာ အပေါင်းအသင်းတွေရဲ့လှောင်ပြောင်မှုတွေကို ခံရပေမယ့် ပါရမီပါတာကို Legendary wind technique ရဲ့ နောက်ဆုံး ဆရာ ဖြစ်တဲ့ Elder Souma က သတိထားမိခဲ့တယ်။ ဒါ့ကြောင့် ဆရာကြီးဟာ Yasuo ကို Wind technique ကို အမွေပေးဖို့ ကြိုးစားခဲ့ပေမယ့် စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ တပည့်ဖြစ်သူက သင်ယူဖို့ ငြင်းဆန်ခဲ့တယ်။ Yone ဟာ သူ့ညီကို နှိမ့်ချခြင်းခဲ့ သင်္ကေတ ဖြစ်တဲ့maple seed ကိုပေးပြီး မာနကိုဘေးဖယ်ကာ ဆရာကြီးဆီမှာ ပညာသင်ဖို့ အသနားခံခဲ့တဲ့အတွက် နောက်နေ့မနက်မှာတော့ Yasuo ဟာ Souma ရဲ့ ပညာသင်နဲ့ ကိုယ်ပိုင် သက်တော်စောင့် အဖြစ် စတင်ခဲ့ပါတော့တယ်။


Noxian တို့ ကျူးကျော်လာတဲ့ သတင်းတွေ ကျောင်းအထိ ရောက်လာခဲ့တဲ့အခါမှာတော့ Placidium of Navori မှာလုပ်တဲ့ The great stand ဟောပြောပွဲ ကြောင့် အားလုံးက တက်ကြွလာပြီး မကြာခင်မှာပဲ ရွာတစ်ရွာလုံးဟာ တိုက်ခိုက်ဖို့ ပြင်ဆင်ကြတော့တယ်။ Yasuo ကလည်း ဓားကို ကိုင်ဆွဲကာ တိုက်ပွဲလိုက်ချင်ပေမယ့် တစ်ကျောင်းတည်းနေ ရဲဘော်တွေနဲ့ အကို Yone ပါ ပါသွားတဲ့အတွက် လူကြီးတွေကို စောင့်ရှောက်ဖို့ ရွာမှာပဲ နေခဲ့ရတယ်။


ကျူးကျော်မှုဟာ စစ်ပွဲအဖြစ်ပြောင်းလဲသွားခဲ့တယ်။ မိုးသည်းတဲ့ ညတစ်ညမှာတော့ Noxian စစ်တပ်ရဲ့ စစ်ချီသံတွေဟာ တစ်ရွာလုံးညံနေခဲ့တယ်။ Yasuo ကလည်း ကူညီပြီး တိုက်ခိုက်ဖို့ သူ့တာဝန်ကနေ ခိုးထွက်ကာ အသံကြားရတဲ့ နေရာဆီထွက်လာခဲ့တယ်။


ဒါပေမယ့် သူရောက်တဲ့အခါ Noxian နဲ့ Ionian စစ်သားအလောင်းတွေကလွဲရင် ဘာစစ်ပွဲမှ မတွေ့ရပါဘူး။ ဘယ်ဓားနဲ့မှ မတားနိုင်တဲ့ မှားယွင်းမှုတစ်ခုဖြစ်သွားခဲ့ပြီဆိုတာ ချက်ချင်းပဲ သူခံစားလိုက်ရတယ်။


သူ ဓားကျောင်းကို အပြေးပြန်လာခဲ့တဲ့ အချိန်မှာတော့ Elder Souma ကသေဆုံးနေပြီး ကျန်တဲ့ကျောင်းသားတွေက ဓားတွေချကာ အရိုအသေပေးနေကြတာကိုတွေ့ရတယ်။ သူ့ဟာ တာဝန်ပျက်ကွက်မှု အတွက်သာမကဘဲ Souma ရဲ့ သေဆုံးမှုအတွက်ပါ အပြစ်တင် စွပ်စွဲ ခံခဲ့ရတယ်။ မြန်မြန်မရှာရင် တကယ့်လူသတ်သမား လွတ်မြောက်ပြီး သူ က လူသတ်မှုနဲ့ အပြစ်ပေးခံရမှာကို သိနေတဲ့အတွက် ရွာက ထွက်ပြေးပြီး လူသတ်သမားကိုရှာဖို့ ထွက်လာခဲ့တယ်။


စစ်ပွဲဒေသ Ionia မှာ ဝရမ်းပြေးဖြစ်နေတဲ့ Yasuo တစ်ယောက်ဟာ လူသတ်သမားကိုရှာဖို့ သဲလွန်စတိုင်းကို လိုက်ခဲ့တယ်။ သူ့ရွာက ရဲဘော်တွေကလည်း Elder Souma ကို သတ်မှုနဲ့ သူ့ကို ဖမ်းဖို့ လိုက်လာတာကို ပြန်တိုက်ခိုက်ရင်း၊ ထွက်ပြေးရင်း နဲ့ပဲ တစ်နေ့မှာတော့ သူအကြောက်ဆုံး သူတစ်ယောက်လ်ုက်လာတာကို ခံခဲ့ရတယ်။ သူကတော့ သူ့အကို Yone ပါပဲ။


တကယ် တိုက်ခိုက်ကြတဲ့အချိန်မှာတော့ Yasuo ရဲ့ Wind technique က Yone ရဲ့ dual blade ကို ကျော်လွန်ပြီး အလဲထိုးနိုင်ခဲ့တယ်။ တစ်ချက်မှာတော့ Yasuo ရဲ့ ဓားချက်ဟာ Yone အပေါ်ကို ကျရောက်ပြီး သေလုမျောပါးဖြစ်သွားခဲ့တယ်။


Yasuo က ချက်ချင်းပဲ နောင်တရပြီးတောင်းပန်ခဲ့ပေမယ့် သူ့အကိုရဲ့ နောက်ဆုံးစကားတွေကတော့ wind technique ကြောင့် Elder Souma သေရတာ ဖြစ်တယ် ဆိုတာနဲ့ အဲ့နည်းစနစ်ကို သိတဲ့သူဟာ Yasuo ပဲရှိတယ်ဆိုတာပါပဲ။


ဆရာလည်းမရှိ၊ အကိုလည်း မရှိတော့တဲ့ Yasuo ဟာ တောင်တန်းဒေသတွေမှာ အရက်သောက်ရင်း စိတ်ပျက်လက်ပျက် ခြေဦးတည့်ရာ သွားနေခဲ့တယ်။ နေ့တစ်နေ့ရဲ့ နှင်းမှုန်တွေထဲမှာတော့ Noxian Army ကနေ ထွက်လာတဲ့ Shuriman Stone Mage တစ်ဦးဖြစ်တဲ့ Taliyah နဲ့ဆုံတွေ့ခဲ့တယ်။ Yasuo က ကောင်မလေးကို ပြင်းထန်တဲ့ magic တွေ wind shaping stone techniques တွေ နဲ့ Elder souma သင်ကြားပေးခဲ့တဲ့ ပညာတွေအားလုံးကို ပြန်သင်ပေးခဲ့တယ်။


Shuriman က God-emperor အသစ်တက်လာတဲ့ သတင်းကြားတဲ့အချိန်မှာတော့ သူ့အကိုပေးခဲ့တဲ့ Maple seed လေးကို Taliyah ကို ပေးပြီး လမ်းခွဲခဲ့ကြတယ်။ ကောင်မလေးက သူ့ဇာတိမြေကို ပြန်ပြီး Yasuo ကလည်း အမှားတွေကို ပြင်ဆင်ဖို့နဲ့ သူ့ဆရာကိုသတ်တဲ့ လူသတ်သမားကိုရှာဖို့ ရွာကို ပြန်လာခဲ့တယ်။


ရွာရဲ့ခုံရုံးမှာတော့ Elder souma ရဲ့ သေဆုံးမှုဟာ မတော်ဆဆမှုအဖြစ်ပေါ်ပေါက်ခဲ့တယ်။ ဘယ်လိုပဲ ဖြစ်စေ Yasuo ဟာ သူ့ဆရာကို တစ်ယောက်တည်းထားခဲ့မိတဲ့အတွက် သေဆုံးရတာဖြစ်ပြီး အဲ့ဒီ့အမှားကြောင့်ပဲ သူ့အကိုကို သတ်မိသည်အထိ ဖြစ်ခဲ့ရတဲ့အတွက် သူ့ကိုယ်သူခွင့်မလွတ်နိုင်ခဲ့ဘူး။


Yasuo ဟာ ရိုးရာ ကုသနည်းတွေက သူ့ရဲ့ စိတ်ကို သက်သာစေမလားဆိုပြီး Weh'le က blossom festival ကို ခရီးထွက်ခဲ့တယ်။ အဲ့ဒီ့မှာ နာကျင်မှုနဲ့နောင်တတွေကို စားသုံးတဲ့ azakana လို့ခေါ်တဲ့ သတ္တဝါဆိုးတစ်ကောင်နဲ့တွေ့ခဲ့ရတယ်။


သူ့ကို ဝါးမျိုတော့မယ့် ဆဲဆဲမှာပဲ မျက်နှာဖုံးတပ် လူတစ်ယောက်ဝင်လာပြီး သတ္တဝါကြီးကို အလဲထိုးပြီးသူ့ကို ကယ်ဆယ်လိုက်တယ်။ အဲ့ဒီ့လူကတော့ Yone ပါပဲ။


သူ့အကိုက သူ့ကို လက်စားချေမယ်ထင်ခဲ့ပေမယ့်လည်း အမှာစကားနည်းနည်းပြောကာ သူကို လွှတ်ပေးလိုက်တယ်။ First lands မှာ သူတွယ်တာစရာ ဘာမှမကျန်တော့တဲ့ နောက်မှာတော့ Yasuo ဟာ စွန့်စားခန်းတစ်ခုကို စတင်ဖို့အတွက် ခြေဦးတည့်ရာကိုထွက်လာခဲ့ပါတော့တယ်။


Gameplay

Yasuo ဟာ Riot ရဲ့ Favourite Child လို့ ချစ်စနိုးအခေါ်ခံရတဲ့ Champion တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ အရမ်းကျွမ်းကျင်တဲ့ ကစားသမားလက်ထဲကို ထည့်ပေးလိုက်တဲ့အခါ ထိန်းမနိုင်၊ သိမ်းမရ ကြမ်းသလောက် အခုမှ စမ်းပြီး စဆော့ကြည့်မယ်သူတစ်ယောက်အတွက်တော့ Battle မှာ Spell အကုန် ထွက်အောင် သုံးဖို့တောင် ခက်ခဲတဲ့အထိ အစွန်းနှစ်ဖက် ညီမျှမှု မရှိတဲ့ Champion လည်းဖြစ်ပါတယ်။ အဓိက ပြဿနာကတော့ ကျွန်တော်တို့ဟာ Youtube/ Twitch တို့မှာ Yasuo Highlight တွေ ဝေဝေဆာဆာ ကြည့်ဖူးတဲ့အတွက် ကိုယ်တိုင်ကစားကြည့်တဲ့အခါမှာလည်း ဒီ Highlight တွေထဲကလို လွယ်လွယ်ကူကူ လုပ်နိုင်မယ်ထင်တဲ့အချက်ပါပဲ။ Yasuo ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတက်တဲ့ ကစားသမားတွေဟာ ပွဲတွေ ရာနဲ့၊ ထောင်နဲ့ချီပြီး အတွေ့အကြုံရှိလို့ မိမိရဲ့ Laning Phase မှာ ရင်ဆိုင်ရမယ့် မတူညီသော Enemy Champion တွေအလိုက် ပြောင်းလဲကစားဖို့ အတွေ့အကြုံ အမြောက်အများရှိပြီးသားဖြစ်လို့ Laning Phase ကတည်းက Kill တွေ ဖောဖောသီသီ ရနေတာပါ။ ဒါကြောင့် မိမိဟာ Yasuo ကစားတဲ့ အတွေ့အကြုံအလုံအလောက်မရှိသေးဘူးဆိုရင် Laning Phase မှာ Safe ဖြစ်အောင် ကစားဖို့ကလိုအပ်ပြီး အရမ်း လောဘမကြီးမိအောင် သတိထားဖို့ကလည်း အဓိကအချက်ဖြစ်ကြောင်းကို အရင်ဆုံး လက်ခံထားဖို့ လိုအပ်ပါတယ်။


Basic of Yasuo

Yasuo ဟာ Mid, Top (Baron) လို Experience ကောင်းကောင်းရမယ့် Lane တွေမှာ နေဖို့လိုအပ်ပြီး Teammate တွေ ကောင်းရင် ကောင်းသလို ADC (Duo) အနေနဲ့လည်း ကစားလေ့ ရှိပါတယ်။ ဒါပေမယ့် Yasuo အတွက် အကောင်းဆုံး Lane ကတော့ Mid Lane ဖြစ်ပြီး အခြေအနေအရ Baron Lane ကို ပြောင်းလဲပြီး ကစားနိုင်ပါတယ်။ အကောင်းဆုံးကတော့ Mid Lane ဖြစ်ပါတယ်။ ဒီတစ်ခေါက် Post မှာတော့ Rune တွေနဲ့ Item Build တွေအစား Skill ရှင်းလင်းချက်တွေကို အရင်ဖော်ပြသွားပါမယ်။


Passive : Way of Wanderer

Yasuo ရဲ့ Passive ဟာ Effect နှစ်ခု ပါဝင်ပါတယ်။ ပထမတစ်ခုကတော့ Yasuo လမ်းလျှောက်ရင် လျှောက်သလောက် HP bar ရဲ့အောက်က အဖြူရောင် Bar လေး တက်လာမှာဖြစ်ပါတယ်။ အဖြူရောင်အတန်းလေး ပြည့်နေတဲ့အချိန်မှာ Enemy Champion က လာတိုက်ခိုက်ရင် Shield တစ်ခုအဖြစ်နဲ့ အကာအကွယ်ရရှိမှာပါ။ Shield နောက်တစ်ခါပြန်ပြည့်ဖို့ လမ်းပြန်လျှောက်ရပါမယ်။ ဒါကြောင့် သင့်အနေနဲ့ Yasuo ကိုင်တဲ့အခါမှာ Enemy ကို တက်ပြီး Trade ရမယ့်အချိန်ဟာ သူ့ရဲ့ Flow 100 ပြည့်နေတဲ့အချိန် နဲ့ Enemy Minion တွေ အားလုံးရှိနေတဲ့အချိန်ဖြစ်ပါတယ်။ Enemy Minion တွေ များများရှိမှ Skill 3 နဲ့ ဝင်ပြီး Skill 3 နဲ့ ပြန်ထွက်လာလို့ရမှာဖြစ်သလို Flow 100 ကနေရရှိမယ့် Shield ကလည်း သင့်အတွက်လုံလောက်တဲ့ အကာအကွယ်ဖြစ်စေမှာပါ။


ဒုတိယ Buff ကတော့ Yasuo ဟာသူများနဲ့ မတူတဲ့ Double Critical chance ကိုရရှိမှာပါ။ 25% Crit chance ရတဲ့ Item တစ်ခုကို ထည့်လိုက်တိုင်း Yasuo ဟာ 50% Crit chance ကို ရရှိမှာပါ။ 50% Crit chance ရအောင် Crit Item ၂ ခု ထည့်မယ်ဆိုရင် 100% Crit chance ရရှိမှာဖြစ်လို့ Auto Attack တိုင်းမှာ Critical တက်မယ့် Champion တစ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်အဖြစ် Critical ဟာ 90% သာ Damge Output ရှိပါမယ်။ ဆိုလိုတာက တခြား Champion တွေက Critical တက်တဲ့အခါ မိမိ AD ရဲ့ နှစ်ဆ (200%) ထွက်ပေမယ့် Yasuo ကတော့ (180%) သာ ထွက်ပါတယ်။ ဒါကို Fix ပြန်လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်။ Item Build နဲ့ ပတ်သက်တဲ့အပိုင်းမှာ ပြန်လည်ဖော်ပြပါမယ်။


Skill 1 : Steel Tempest

Yasuo ရဲ့ Skill 1 က သူ့ရဲ့ အဓိက Damage Output ဖြစ်ပါတယ်။ ဒါ့အပြင် သိထားဖို့ လိုတဲ့ ထူးခြားချက်များစွာလည်းရှိပါတယ်။ ပထမအချက်ကတော့ Steel Tempest ရဲ့ Cooldown ကို Ability Haste နဲ့ လျှော့ချလို့ မရပါဘူး။ Attack Speed ထည့်မှာ Skill 1 ရဲ့ Cooldown က လျော့လာမှာပါ။ ဒါ့အပြင် Cast Time ဟာ Attack Speed များသလောက် မြန်မြန် ထွက်ပါလိမ့်မယ်။ ဒုတိယအချက်က Skill 1 ဟာ Critical တက်ပါတယ်။ ဒါကြောင့် 100% Crit Rate ရတဲ့အခါမှာ Skill 1 သုံးတိုင်း ရိုးရိုး Skill 1 ဖြစ်ဖြစ်၊ Gathering Storm ကြောင့် ထိသွားမယ့် Enemy အားလုံးဟာ Critical Damage ကို သက်ရောက်မှာဖြစ်ပါတယ်။ တတိယအချက်ကတော့ Skill 1 ဟာ Unit တစ်ခုကို ထိအောင် ထိုးလိုက်တိုင်း Gathering Storm ဆိုတဲ့ Stack တစ်ခုကို ရရှိပါတယ်။ နှစ်ခါ အသုံးပြုပြီးတဲ့အခါမှာ Gathering Storm Full Stack ဖြစ်သွားပြီး နောက်ထပ်အသုံးပြုမယ့် Steel Tempest နေရာမှာ Upgrade Version အဖြစ် ပြောင်းလဲသွားမှာပါ။ (Gathering Storm Full stack ဖြစ်နေတဲ့အချိန်မှာ Yasuo ရဲ့ ခြေထောက်အောက်မှာ လေအဟုန်တွေ ထ နေပါလိမ့်မယ်။) ဒါကြောင့် ရိုးရိုး အသုံးပြုချိန်မှာ Steel Tempest ကို ပုံစံ နှစ်မျိူးနဲ့အသုံးပြုနိုင်ပြီး Gathering Storm Full Stack ဖြစ်နေချိန်မှာ နောက်ထပ် ပုံစံ (၂) မျိူးနဲ့ အသုံးပြုနိုင်မှာပါ။ ဒါကြောင့် Steel Tempest ဟာ Form (4) မျိူး သုံးလို့ရတဲ့သဘောဖြစ်ပါတယ်။


Form (1)

Skill 1 ကို Unit တစ်ခုကို ထိအောင် သုံးနိုင်ရင် Damage သက်ရောက်ပြီး Gathering Storm 1 stack ရရှိပါမယ်။


Form (2)

Skill 1 ကို ဒီတိုင်း မသုံးဘဲ Sweeping Blade ခုန်ပြီးမှ သုံးရင် Yasuo ရဲ့ ရောက်သွားမယ့် နေရာရဲ့ ပတ်လည်ကို တစ်ချက် ဝိုက်ပြီး ခုတ်မှာဖြစ်ပါတယ်။ အဆိုပါ ဝိုက်ခုတ်တဲ့ AoE အတွင်းက Unit တွေ အားလုံးကို Damage သက်ရောက်စေပါမယ်။


Form (3) (with gathering storm full stack)

Gathering Storm Full Stack ကို ဒီတိုင်းသုံးရင် အသုံးပြုမယ့် Direction အတိုင်း လေပွေတစ်ခု ထွက်သွားမှာဖြစ်ပြီး ထိသမျှ Unit တိုင်းကို Airborne (လေထဲမြောက်) စေပါတယ်။


Form (4) (with gathering storm full stack)

Gathering Storm ကို Skill 3 ဖြစ်တဲ့ Sweeping Blade နဲ့ တွဲသုံးရင်တော့ Gathering Storm ဟာ Yasuo ရဲ့ ပတ်လည်က Unit တွေ အားလုံးကို သက်ရောက်စေပြီး သူတို့ကို Airborne (လေထဲမြောက်) စေပါတယ်။


Steel Tempest ဟာ Bonus Damage + AD Ratio နဲ့ သက်ရောက်တဲ့ Ability ဖြစ်ပါတယ်။


Skill 2 : Wind Wall

ဒီ Ability ကတော့ ရိုးရှင်းပါတယ်။ Yasuo ရဲ့ 300 Range အကွာမှာ Wind Wall တစ်ခုကို ထောင်ထားပေးမှာဖြစ်ပြီး အဆိုပါ Wall က Enemy ရဲ့ Range Auto Attack, အဝေးပစ် Ability တွေ အားလုံးကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ များများယူရင် Wall ရဲ့ အလျားလိုက် အရှည်က ပိုကျယ်လာမှာဖြစ်ပြီး Cooldown လည်း နည်းနည်းစီ လျော့သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Ability ဟာ တစ်ဆင့်လောက်ယူပြီးရင် လုံလောက်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Wind Wall ဟာ အဝေးက လာတဲ့ Ability တွေဖြစ်တဲ့ Ashe, Fizz, Gragas, Graves, Draven တို့ အဝေးကလာတဲ့ Ultimate တွေကအစ အခြားသော Range Ability တွေဖြစ်တဲ့ Lux, Annie တို့ရဲ့ Skill 1 လိုမျိူးတွေကို ကာကွယ်ပေးမှာဖြစ်တဲ့အတွက် အချိန်ကွက်တိ သုံးနိုင်ရင် သုံးနိုင်သလောက် တော်တော်လေး Overpower ဖြစ်တဲ့ Ability တစ်ခုလည်းဖြစ်ပါတယ်။


(ဒီနေရာမှာ Lux Ultimate လို Ability မျိူးကိုတော့ ကာကွယ်နိုင်ခြင်း မရှိပါဘူး။ သဘောက Lux ရဲ့ Ultimate ဟာ Laser တန်းပုံစံဖြစ်ပြီး အလင်းတန်းရှိသမျှ နေရာ အကုန်လုံးကို တစ်ပြိုင်နက်တည်း Damage သက်ရောက်တဲ့ ပုံစံဖြစ်ပါတယ်။ Lux Ultimate နဲ့ သဘောတရားခြင်း နီးစပ်တဲ့ Ability တွေကတော့ Aurelionsol ရဲ့ Ultimate, Annie ရဲ့ Skill 2, Zigg ရဲ့ Ultimate စတာတွေဖြစ်ပါတယ်။ Yasuo ရဲ့ Wind Wall ဟာ Speed တစ်ခုနဲ့ လာနေတဲ့ Projectile Ability တွေကိုသာ ကာကွယ်နိုင်တာဖြစ်ပါတယ်။)


Skill 3: Sweeping Blade

Sweeping Blade ကတော့ Yasuo ရဲ့ အဓိက Position ယူရတဲ့ Ability ဖြစ်ပါတယ်။ Enemy Champion, Enemy Minion နဲ့ Monster Unit တွေကို အသုံးပြုလို့ရပြီး ပုံသေ 475 Range ကို ရောက်သွားမှာဖြစ်ပါတယ်။ Sweeping Blade သုံးပြီးသား Unit ကို နောက်တစ်ခါသုံးဖို့အတွက် 8 seconds ပြန်စောင့်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ 475 Range အကွာက Unit ကို လှမ်းသုံးနိုင်သလို မိမိနဲ့ ကပ်လျက်က Unit ကို အသုံးပြုရင်လည်း အဲ့ဒီ့ လမ်းကြောင်းအတိုင်း 475 Range အထိ ရောက်သွားမယ့် သဘောဖြစ်ပါတယ်။ Enemy ကို တက်ပြီး Trade ပြီးတဲ့အခါ မိမိနဲ့ အနီးဆုံးက Sweeping Blade မသုံးရသေးတဲ့ Minion ကို သုံးပြီး ခပ်ဝေးဝေးကို ပြန်ရှောင်ထွက်လာနိုင်သလို Range တွက်တာ မှားရင်လည်း Enemy ရဲ့ Tower Range ထဲ ဝင်သွားတာမျိူးလည်း ဖြစ်ပါတယ်။ Sweeping Blade ဟာ Max ဖြစ်သွားတဲ့အခါမှာ 0.1 second Cooldown သာ ရှိတဲ့အတွက် ဒုတိယ Max ဖို့ ဦးစားပေးရမယ့် Ability လည်းဖြစ်ပါတယ်။


Skill 1 မှာ ဖော်ပြခဲ့သလို Sweeping Blade နဲ့ တွဲသုံးတဲ့ Steel Tempest ဟာ AoE Damage သက်ရောက်မှာဖြစ်ပါတယ်။ Gethering Storm Stack Full နေတဲ့အချိန်မှာလည်း Steel Tempest ဟာ AoE Airborne Ability တစ်ခုဖြစ်စေမှာပါ။


Sweeping Blade ခုန်လိုက်တဲ့ Unit တိုင်းကို 70~100 + (20%AD + 60%AP) Damage သက်ရောက်မှာဖြစ်ပါတယ်။ Yasuo ရဲ့ တစ်ခုတည်းသော AP Damage သက်ရောက်တဲ့ Ability ဖြစ်ပြီး မပြောလောက်တဲ့ ပမာဏလေး ဖြစ်လို့ ဘယ် Yasuo Player မှာ AP Build ကို ထည့်လေ့မရှိပါဘူး။


Ultimate : Last Breath

Yasuo ရဲ့ Range 1400 အတွင်းမှာ Airborne (လေထဲမြောက်) နေတဲ့ Champion တစ်ကောင်ကောင် ရှိပြီဆိုတာနဲ့ ဒီ Ultimate ကို သုံးလို့ရပြီဖြစ်ပါတယ်။ Yasuo ကိုယ်တိုင် Steel Tempest Full Stack Version နဲ့ Airborne ထားတဲ့ Enemy Champion တွေကို သုံးလို့ရသလို Allied Champion တွေ Airborne ပေးထားတဲ့ Champion တွေအပေါ်ကိုလည်း သုံးလို့ရမှာဖြစ်ပါတယ်။ Last Breath သုံးလိုက်တဲ့ AoE အတွင်းမှာ ရှိတဲ့ Enemy Champion တွေ အားလုံးကို နောက်ထပ် 1.5 second Knock Up (လေထဲပင့်တင်) ထားမှာဖြစ်ပြီး Yasuo ရဲ့ 200/350/500 (+150%AD) Damage ကို သက်ရောက်စေပါတယ်။


ဒါ့အပြင် Last Breath သုံးပြီးပြီးချင်း လာမယ့် ၁၅ စက္ကန့်အတွင်းမှာ Yasuo ရဲ့ Critical Strike တိုင်းက 30% Armor Peneration ကို ရရှိစေပါလိမ့်မယ်။ ဒါကြောင့် Yasuo ဟာ Passive ကနေ ရရှိမယ့် Double Crit Rate ကို အသုံးချပြီး 100% Crit Rate ရနေမယ် ဆိုရင် Ultimate သုံးပြီးပြီးချင်း တိုက်ခိုက်ချက်တိုင်းမှာ Critical + Armor Peneration ကြောင့် Damage output အရမ်း ထွက်စေမှာဖြစ်ပါတယ်။


Ultimate သုံးပြီးပြီးချင်းမှာ Passive Shield ဖြစ်တဲ့ Flow 100 အပြည့်ရရှိသွားမှာဖြစ်သလို Gethering Storm Stack တွေ အားလုံးကလည်း reset ဖြစ်သွားပါမယ်။ ဆိုလိုတာကတော့ သင်ကိုယ်တိုင် Airborne လုပ်လိုက်တာဆို ကိစ္စ မရှိပေမယ့် Allied Champion တွေလုပ်ပေးတဲ့ Airborne ကို Ultimate သုံးပြီး နောက်ထပ် Steel Tempest နဲ့ Airborne ထက်လုပ်လို့ မရအောင် Balance လုပ်ထားတာဖြစ်ပါတယ်။


Rune and Item Build

အထက်မှာ Ability တွေရဲ့ အားသာချက် အားနည်းချက်တွေကို ဖော်ပြပြီးသွားပြီဖြစ်လို့ Item Build နဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေဆက်လက်ပြီး အကြံပြုပါမယ်။


Yasuo ဟာ Skill 1 Steel Tempest နဲ့ အဓိက တိုက်ခိုက်ရတဲ့ Champion ဖြစ်သလို Steel Tempest ဟာ Attack Speed ကို လိုက်ပြီး Cooldown ကျသလို Passive ကလည်း Critical Double Rate ဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။


ဒါကြောင့် 100% Crit Rate ရဖို့ 25% Crit Rate ရတဲ့ Item (၂) ခုဘဲ ရွေးချယ်ဖို့လိုပြီး ဘယ် (၂) ခု ကို ရွေးတာ အတန်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားဖို့လိုလာပါတယ်။ ကျွန်တော့်အနေနဲ့ Phantom Dancer နဲ့ Infinity Edge ကို ရွေးချယ်ထားပါတယ်။ Phatom Dancer ဟာ Attack Speed ပါတဲ့အပြင် သွေးနည်းသွားတဲ့အခါ ပြန်တက်လာမယ့် Shield တစ်ခုလည်း ရတဲ့အတွက် Yasuo လို ခပ်ပျော့ပျော့ Champion အတွက် Early Game မှာ ရွေးချယ်သင့်တဲ့ Crit item ဖြစ်ပါတယ်။ နောက်ပြီး Infinity Edge ကို ရွေးချယ်ထားပါတယ်။ Infinity Edge ဟာ Attack Speed မပါပါဘူး။ ဒါပေမယ့် သူ့ရဲ့ Critical Damage ဟာ 220% ရပါတယ်။ ဒါကြောင့် Passive Ability မှာဖော်ပြခဲ့သလို ဒီတိုင်း 100% ရအောင် ဆက်လိုက်မယ်ဆိုရင် Yasuo ဟာ 180% Damage သာ Critical တက်မှာဖြစ်ပါတယ်။ Infinity Edge ဆက်လိုက်မယ်ဆိုရင် 100% Critical Chance မှာ 207% Critical Damage သက်ရောက်မှာဖြစ်ပြီး AD Damge လည်း ပေါင်းဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Phantom Dancer + Infinity Edge ဟာ အခြားသော Crit Item တွေ ဖြစ်တဲ့ Shiv, Rapidfire Canon တို့ထက် ပိုပြီး ကောင်းပါတယ်။


ဒီအပိုင်းမှာ Critical Item (၄) ကွက်ထည့်ရင် ပိုမကောင်းဘူးလားလို့ မေးစရာမေးခွန်းရှိနိုင်ပါတယ်။ Critical Item တွေဟာ Critical တက်ဖို့ Chance ကိုပဲ တက်လာစေတာ ဖြစ်ပါတယ်။ (၂) ကွက်ထည့်ရင် 100% Chance ပြည့်သွားပြီဖြစ်လို့ (၄) ကွက်ထည့်ချင်းဟာ Mobile အတွက် ဘာမှ အကျိူးမရှိပါဘူး။ (PC Version မှာတော့ ပိုများသွားတဲ့ Critical Rate တွေကို AD အဖြစ်နဲ့ ပြန်ပေါင်းပေးလို့ Critical item တွေ ထက်ဆက်နိုင်ပေမယ့် Mobile Version မှာတော့ AD အဖြစ်ပြောင်းပြီး တက်ကြောင်း ဖော်ပြထားခြင်းမရှိပါဘူး။ ဒါကြောင့် Crit Item (၂) ကွက်ပဲ ဆက်သင့်ပါတယ်)


တတိယမြောက် Item အဖြစ် Tenecity ဖိနပ်ကို ရွေးချယ်ထားပြီး အဲ့ဒီ့ နောက်မှာ Blade of the ruined King ကို ရွေးချယ်ထားပါတယ်။ အကြောင်းကတော့ Yasuo ဟာ အထိုက်အလျောက် Lifesteal လိုအပ်သလို ဒီ Item ကနေ Attack Speed လည်း ရရှိမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။


အဲ့ဒါကတော့ Phantom Dancer နဲ့ Ruined King ကနေ ရရှိတဲ့ Attack Speed 65% ဟာ Steel Tempest ရဲ့ Cooldown ကို အနည်းဆုံးအခြေနေဖြစ်တဲ့ 1.3 seconds အထိ လျော့ချပေးမှာဖြစ်ပါတယ်။ နောက်ထပ် Attack Speed ဘယ်လောက်ထည့်ထည့် 1.3 second ထက် ပိုပြီး မလျော့စေတော့ပါဘူး။ ဒါကြောင့် Yasuo အတွက် Mobile Version မှာ မဖြစ်မနေ အရွေးချယ်သင့်ဆုံး Item ၃ ခုကတော့

1. Phantom Dancer

2. Infinity Edge

3. Blade of the Ruined King တို့ပဲဖြစ်ပါတယ်။


ဒီ Item (၃) ကွက်ရပြီဆိုတာနဲ့ Yasuo ရဲ့ Passive အားသာချက်ကို MAX စေရုံမက အဓိက Damage Output Ability ဖြစ်တဲ့ Steel Tempest ကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံး အခြေအနေထိ ရောက်အောင် လုပ်ပြီးသွားပြီလို့ ပြောလို့ရပါတယ်။ Mobile Yasuo ရဲ့ အမြင့်ဆုံး Power Spike ဟာ ဒီအခြေအနေကနေ စတင်ပြီလို့ ပြောလို့ရပါတယ်။


ဒါကြောင့် နောက်ထပ် ကျန်တဲ့ (၂) ကွက်ကို မိမိဘာသာ စိတ်တိုင်းကျ ရွေးချယ်လို့ရပါပြီ။


ကျွန်တော့်ရဲ့

- Personal Favorite Item တစ်ခုဖြစ်တဲ့ Death Dance,


- အသက် (၂) ချောင်းအတွက် Guardian Angel,


- Lifesteal အပြင် AD သီးသန့် ထက်ပေါင်းဖို့ Bloodthirster,


- Hp အပြင် Melee Champion တွေအတွက် အထူးကောင်းတဲ့ Frozen Mallet,


- AP Champion တွေကို Counter လုပ်ဖို့ Maw of Malmortius စသည့် ဘယ် Item ကိုမဆို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါပြီ။


Boots ကနေ တင်မယ့် item ကို Item (၅) ကွက်ပြည့်မှာ ထည့်ရင် လုံလောက်ပါတယ်။ Teleportation, Quicksilver စတာတွေကတော့ Yasuo နဲ့ အလိုက်ဖက်ဆုံး Boots Upgrade တွေဖြစ်ပါတယ်။


Rune

Rune ကတော့ Keystone Rune အဖြစ်

Conqueror သို့မဟုတ် Fleet Footwork တို့ကို ရွေးချယ်နိုင်ပါတယ်။ Fleet Footwork ကို ယူထားမယ်ဆိုရင် Early Item သိပ်မထွက်ခင်မှာ အသုံးဝင်ပေးမယ့် Late Game ရောက်လာတဲ့အခါ Yasuo လိုမျိူး Aggressive Damage Dealer အတွက် သိပ်အကျိူးမဖြစ်တော့ပါဘူး။ Late Game အထိ အကျိူးပေးတာကတော့ Conqueror ဖြစ်တဲ့အတွက် Conqueror Build ကို ပိုပြီး နှစ်သက်ပါတယ်။


ကျန်တဲ့ Rune တွေကတော့ ရှေ့အပတ်တွေမှာ ဖော်ပြခဲ့တဲ့အတိုင်း ပါပဲ။

Team Fight တွေမှာ ကြာကြာ အသက်ရှည်စေဖို့ Triumph သို့မဟုတ် Hunter - Vampirism

Mobile Version မှာ Tenecity ကို လွယ်လွယ်ရစေတဲ့ Hunter - Titan ကို ရွေးချယ်ထားပြီး

Laning မှာ သိသိသာသာကို အကျိူးရှိစေတဲ့ Sweet Tooth ကို ရွေးချယ်ထားပါတယ်။


Tips and Tricks

Yasuo ရဲ့ ပထမဆုံး Tips ကတော့ မပိုင်ရင် မရင်းသင့်တဲ့အချက်ဖြစ်ပါတယ်။ အကြောင်းက ဒုတိယ စာမျက်နှာမှာ ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ မသေချာပဲ Enemy ကို တက် Kill ဖို့ ကြိုးစားရင်း သေသွားမယ်ဆိုရင် Farming နောက်ကျပြီး Damage ထွက်ဖို့ အရမ်း အားနည်းသွားပါလိမ့်မယ်။ Yasuo ဟာ တခြား Champion တွေလို အသင်းကို အကျိူးရှိစေမယ့်၊ လွယ်လွယ်ကူကူ သုံးနိုင်မယ့် Crowd Control Ability တွေ မပါဘဲ ကိုယ်တိုင် Hero Kill ရတဲ့ Champion တစ်ကောင်ဖြစ်တဲ့အတွက် Item ရော Level ပါ Farm နိုင်ဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ Fail သွားတဲ့ Yasuo ဟာ အသင်းကို အကျိူးမပြုတဲ့အပြင် Enemy Team ကို Gold Feed တဲ့ Champion တစ်ကောင်အထိ ဆိုးဆိုးရွားရွားဖြစ်သွားနိုင်စေတဲ့အတွက် မသေချာပဲ ရင်းသမျှ အားလုံးဟာ Yasuo အတွက် မကောင်းတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။


Yasuo ဟာ Steel Tempest MAX တဲ့ Level 7 နဲ့ အဓိက အကျဆုံး Critical Item (၂) ကွက်ပြီးတဲ့အချိန်မှာ ထိန်းမနိုင်အောင် စပြီး Power Spike တဲ့ Champion ဖြစ်ပါတယ်။ ဒါပေမယ့် Critical Item (၂) ကွက်ပြီးတဲ့အချိန်ဟာ မိနစ် (၂ဝ) လောက်ဖြစ်နေမယ်ဆိုရင် ဘာမှ သုံးစားမရတာကိုတော့ သတိပြုစေလိုပါတယ်။ (၈) မိနစ် (၁ဝ) မိနစ်လောက်မှာ item (၂) ကွက် စောစောထွက်ပြီး စောစောလိုက်လုပ်နိုင်မှ Damage တကယ်ထွက်တဲ့ Champion တစ်ကောင်ဖြစ်လို့ အစောပိုင်းမှာ တက်နိုင်သလောက် မသေအောင် နေပြီး သေချာတဲ့ Kill တွေ ရအောင် လုပ်သင့်ပါတယ်။


Tricks အနေနဲ့တော့

Laning Phase မှာ Enemy နဲ့ Trade တဲ့အခါ Minion ကို Skill 3 နဲ့ Dash (Skill 3) ပြီး Enemy အနားကပ်ဖို့ ကြိုးစားတိုင်း Wind Wall ကို တွဲပြီး သုံးသင့်ပါတယ်။ များသောအားဖြင့် Enemy Mage Champion တွေဟာ အနားကပ်လာတဲ့ Yasuo ကို ပြန်တိုက်ခိုက်ဖို့ Ability တွေ သုံးလေ့ရှိတဲ့အတွက် Dash နေတုန်းမှာ Wind Wall သုံးရင် Enemy ရဲ့ Ability တော်တော်များကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။


နောက်ပြီး Dash ကို Minion အကုန် ဘယ်တော့မှ မသုံးသင့်ပါဘူး။ အခြေအနေမကောင်းလို့ ပြန် Fall back လုပ်တဲ့အခါမျိူးနဲ့ သိသာတဲ့ Enemy Spell တွေကို ရှောင်ရှားဖို့အတွက် Dash ဖို့ အနည်းဆုံး Minion (၁) ကောင်၊ သို့မဟုတ် (၂) ကောင်လောက်ချန်ထားတာဟာ Outplay လုပ်ပြချင်တဲ့ Yasuo player တွေအတွက် အရမ်းအသုံးဝင်တဲ့ ကစားကွက်တွေဖြစ်ပါတယ်။


Dash (Skill 3) + Flash + Gathering Storm Tempest

Gathering Storm ပြည့်နေတဲ့အချိန်မှာ Minion ကို တစ်ဆင့်ချင်း Dash ပြီး AoE Steel Tempest နဲ့ သုံးမယ်ဆိုရင် Enemy ဟာ မိမိရဲ့ Movement ကို ခန့်မှန်းပြီး Crowd Control Ability တွေနဲ့ ဖမ်းပြီး ထားခဲ့နိုင်ပါတယ်။ ဒါကြောင့် Enemy Minion ကို Dash နေတုန်းမှာ Flash ပြီး Gathering Storm ကို သုံးမယ်ဆိုရင် Enemy မခန့်မှန်းခင် အချိန်မှာ အနားကို ရောက်ပြီး Airborne လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကလည်း လက်အရမ်းမြန်မှ အသုံးပြုနိုင်မှာဖြစ်သလို Mobile Version မှာလည်း Flash ခုန်ရတာ နည်းနည်းခက်တဲ့အတွက် သေချာမလေ့ကျင့်ထားရင် Flash အလကားဖြစ်သွားနိုင်ပါတယ်။


နောက်ပြီး Yasuo ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတက်ဖို့ အဓိက အလိုအပ်ဆုံးကတော့ သူ့ရဲ့ Skill 3 ကို နိုင်နင်းစွာ အသုံးချတက်ဖို့ဖြစ်ပါတယ်။ Yasuo ရဲ့ Ability တွေဟာ အနားကပ်ပြီး တိုက်ခိုက်ရတာတွေများတဲ့အတွက် Enemy Champion အလိုက် အဝင်အထွက် နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကပဲ Yasuo ကို League of Legends ရဲ့ အခက်ဆုံး Champion တွေထဲက တစ်ကောင်ဖြစ်စေတာပါ။


ဒါကတော့ Yasuo အတွက် Airborne လုပ်ပေးနိုင်တဲ့ Allied Champion တွေဖြစ်ပါတယ်။


Yasuo ကို အဓိက Counter လုပ်နိုင်တာကတော့ အခြေအနေ နှစ်ရပ်ရှိပါတယ်။ အဲ့ဒါကတော့ Early Game မှာကတည်းက Counter ထားခြင်းနဲ့ Late Game မှာ Full item အချင်းချင်း Counter တာဖြစ်ပါတယ်။ ဒီအပိုင်းမှာ PC Version ဆိုရင် Yasuo ကို Laning Phase ကတည်းက Counter လုပ်နိုင်တဲ့ Galio, Azir, Malzahar တို့လို့ Champion တွေ ရှိပြီး Late Game Full item မှာ Counter နိုင်တဲ့ Kayle, Renekton တို့လို့ Champion တွေရှိပါတယ်။ Mobile Version မှာ ဒီ Champion တွေ မပါသေးတဲ့အတွက် Lane မှာ Yasuo ကို ကောင်းကောင်း ထိန်းထားနိုင်တဲ့ Annie, Akali တို့ကို ရွေးချယ်နိုင်သလို ပွဲကြာလာရင် Yasuo ကို Target ထားပြီး Lock down ပြန်ချနိုင်တဲ့ Malphite ကို ရွေးချယ်ထားဖို့ အကြံပေးချင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ Yasuo အနေနဲ့တော့ Passive, Skill 1 အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ပြီး Item Build မှန်ရင် မှန်သလောက် Power Spike မြန်မြန်ရောက်စေမယ့် Champion တစ်ကောင်ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ Yasuo player တစ်ယောက်ဖြစ်ဖို့ကတော့ လုံလောက်တဲ့ Training time နဲ့ အတွေ့အကြုံများများ လိုအပ်တဲ့ အချက်ကိုတော့ မေ့မထားသင့်ပါဘူး။ ၁ဝ ပွဲလောက် ကစားပြီး Yasuo ကို ကျွမ်းကျင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။


Yasuo ရဲ့ ဒီ Ability တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာကို သိဖို့အတွက် Practice မှာ အရင် စမ်းသပ်ကြည့်ဖို့ အထူးတိုက်တွန်းလိုပါတယ်။


Play > Training > Practice ကနေ ဝင်ပြီး သင့်အနေနဲ့ Dummy Unit ကို Create လုပ်ကာ Yauso ရဲ့ Ability တွေ အလုပ်လုပ်ပုံတွေကို အရင်လေ့လာကြည့်သင့်ပါတယ်။ အဲ့ဒီလို လေ့လာပြီး အထိုက်အလျောက် Playstyle နဲ့ Item Rune ရွေးချယ်ပုံကို နားလည်ပြီဆိုမှ သင့်ရဲ့ Rank game မှာ အသုံးချဖို့ တိုက်တွန်းလိုပါတယ်။


အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

လာမယ့် အပတ်မှာလည်း Wild Rift Mobile Version မှာတော်တော်လေး ဆော့ရလွယ်ကူပြီး Rank တင်ဖို့ ရွေးချယ်သင့်သော ADC Champion တစ်ကောင်ဖြစ်တဲ့ Jhin ရဲ့ Game Play guide ကို Aura Esports Page ကနေ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ Follow ထားပြီး Support လုပ်နိုင်ပါတယ်။


 
 
 

Comments


bottom of page